cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

၂၄.၄.၂၀၂၃ မှ ၂၈.၄.၂၀၂၃ နေ့ထိဈေးကွက်သုံးသပ်ချက်

. Market Price
-ဆန်စပါးစျေး ပိတ်ရက်အပြီး စျေးမြင့်တက်လာ
-မတ်ပဲစျေး မမျှော်မှန်းထားတဲ့ ဈေးတန်းတခုထိမြင့်လာ
-ပဲစင်းငုံနီ ဈေးကွက်ထဲမရှိပေမယ့် အမြင့်ဈေးနဲ့ဖွင့်
-ကြက်သွန်နီ တစ်ပတ်အတွင်းဈေးအတက်အကျအပြောင်းအလဲတွေ ရှိ
-တရုတ်ကြက်သွန်ဖြူတွေ ဈေးကွက်ထဲ အဝင်နည်း၊ဈေးသက်သာတဲ့ ရှမ်းကြက်သွန်ဖြူတွေ အဝယ်သွက်ပြီး ဈေးမြင့်လာတာ
  • ဆန်စပါး

    ဆန်ဈေးကတော့ ပိတ်ရက်အပြီး ဈေးတွေ ဆက်တိုက်မြင့်နေခဲ့ပါတယ်။ဈေးကွက်ထဲကို ဆန်အဝင် နည်းနေပြီး ပြည်တွင်း ဝယ်ယူမှုများနေတယ်လို့လည်း ဆန်ကုန်သည်တွေထံနေတဆင့် သိရပါတယ်။ လက်ရှိပေါက်ဈေးနှုန်းထက်မြင့်လာမည်ကို စိုးရိမ်ပြီး ဝယ်ယူမှုပိုများလာတာလို့ လက်လီ ဆိုင်အချို့က နေလည်း သိရပါတယ်။

    ဆန်အသစ်တွေကတော့ အချို့ဒေသတွေမှာ အနည်းငယ်ဝင်နေပေမယ့် ဝင်သလောက်အရောင်းအဝယ် ကောင်းနေတယ်လို့လည်းသိရပါတယ်။မကြာသေးခင်က တရုတ်နိုင်ငံကို ဆန်နဲ့ဆန်ကွဲတင်ပို့ခွင့် နဲ့ပတ်သတ် ပြီး မြန်မာနိုင်ငံဆန်စပါး အသင်းက အဆိုပြုလွှာခေါ်ယူခဲ့ပါတယ်။ဆန်တင်ပို့မှုနဲ့ပတ်သတ်ပြီး လိုင်စင်များ ချထားပေးလိုက်ပါက ယခုထက်ပိုပြီး ဈေးတွေ မြင့်တက်နိုင်ကြောင်း ဆန်စက်လုပ်ငန်းရှင် အချို့က သုံးသပ်ပြောဆိုပါတယ်။

    ရန်ကုန်ဝါးတန်းဈေးကွက်မှာ ရွှေဘိုပေါ်ဆန်းက တစ်အိတ်ကို ၉၃၀၀၀ ကနေ ၁၀၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၈၀၀၀ ကျပ်၊မြောင်းမြပုသိမ်ပေါ်ဆန်းက တစ်အိတ်ကို ၈၂၀၀၀ကနေ ၈၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်၊ဒေးဒရဲပေါ်ဆန်ကတော့ တစ်အိတ်ကို ၈၀၀၀၀ ကနေ ၈၂၀၀၀ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၉၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်းကလည်း တစ်အိတ်ကို ၈၀၀၀ကနေ ၈၂၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၇၀၀၀ ကျပ်၊ဈေးတက်လာပါတယ်။

    ဆန်ကြမ်းဖြစ်တဲ့ ဧည့်မထဆန် ကတော့ တစ်အိတ်ကို ၅၄၀၀၀ ကနေ ၅၆၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်၊ ရက် ၉၀ ကတော့ တစ်အိတ်ကို ၆၀၀၀၀ ကနေ ၆၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၄၀၀၀ ကျပ်၊ဆန်သီးထပ် ကတော့ တစ်အိတ်ကို ၅၅၀၀၀ ကနေ ၅၆၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျပ် အသီးသီး ဈေး တက်လာပါတယ်။

    ဧရာဝတီတိုင်းဈေးကွက်မှာတော့ ပုသိမ်မြောင်းမြစပါးတွေက ဈေးငြိမ်နေပါတယ်။ဒေးဒရဲပေါ်ဆန်းစပါး ကတော့ တင်း ၁၀၀ ကို ၁၅၉၆၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၁၇၀၀၀ ကျပ်၊ဖျာပုံပေါ်ဆန်းစပါး ကတော့ တင်း ၁၀၀ ကို ၁၆၉၅၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၆၈၀၀၀ ကျပ်ဈေးတက်လာပါတယ်။

    ဆန်စပါးဈေးတွေ မြင့်တက်လာတာနဲ့ပတ်သတ်ပြီး ဆန်စပါးအသင်းက ထိန်းကျောင်း ဆောင်ရွက် မယ်လို့ ထုတ်ပြန်ထားပါတယ်။

    မတ်ပဲ

    မတ်ပဲက တော့ပိတ်ရက်အပြီးကတည်းက ဈေးတွေ အနည်းငယ်မြင့်တက်လာခဲ့ပေမယ့် ဒီတစ်ပတ်မှာ တော့ မမျှော်မှန်းထားတဲ့ ဈေးတန်းတစ်ခု ထိ ဈေးက မြင့်တက်လာခဲ့ပါတယ်။အိန္ဒိယနိုင်ငံရဲ့ ပဲလိုအပ်ချက်ကြောင့် အိန္ဒိယနိုင်ငံမှာပါဈေးတွေက မြင့်တက်နေခဲ့တာ ဖြစ်ပြီး ပဲတင်သွင်းတင်ပို့သူတွေရဲ့ ဈေးကစား သိုလှောင်တာတွေကြောင့် ဈေးက ဆက်တိုက်မြင့်တက်နေတာဖြစ်တယ်လို့ အိန္ဒိယအ စိုးရပိုင်း တာဝန်ရှိသူတွေက ပြောဆိုထားကြောင်း အိန္ဒိယသတင်းတစ်ပုဒ်မှာ ဖော်ပြထား ပါတယ်။

    အိန္ဒိယအစိုးရက သိုလှောင်ဈေးကစားတာတွေနဲ့ပတ်သတ်ပြီးစောင့်ကြည့်အရေးယူမယ်လို့ ထုတ်ပြန် ထားပြီး စီစစ်ဆောင်ရွက်နေပေမယ့် အိန္ဒိယဘက်ကို ပဲအဝင်နည်းတာ မုတ်သုံကြောင့် ပဲအထွက်နှုန်း လျော့နည်း တာတွေက ဈေးတွေကို ပိုမိုမြင့်တက်နေခဲ့တာ ဖြစ်ပါတယ်။

    ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ(FAQ/RC) တစ်တန်ကို ၂၁၈၃၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၁၁၃၀၀၀ ကျော်ဈေးမြင့်တက်လာပါတယ်။

    မန္တလေးဈေးကွက်မှာလည်း တစ်အိတ်ကို ၂၀၈၀၀၀ ကနေ ၂၀၈၅၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၅၀၀ လောက်ဈေးမြင့်တက်ပါတယ်။

    မုံရွာဈေးကွက်၊အောင်လံဈေးကွက်၊မော်လမြိုင်ဈေးကွက်၊ပြည်ဈေးကွက် တို့မှာ မတ်ပဲ က တစ်တင်း ကို ၆၆၀၀၀ ကနေ ၆၉၀၀၀ ကြားပေါက်ဈေးရှိပြီး တစ်တင်းကို ၁၀၀၀ကနေ ၃၀၀၀ ကြား ဈေးတက် ပါတယ်။

    ပဲစင်းငုံနီ

    ပဲစင်းငုံနီကတော့ ဈေးကွက်ထဲ ပဲ မရှိပေမယ့် ဈေးတွေကတော့ အမြင့်ဈေးတွေ နဲ့ဖွင့်ထားတယ်လို့ ပဲကုန်သည်တွေ ထံကနေ သိရပါတယ်။ကြိုက်ရောင်းကြိုက်ဝယ်အနေအထားမှာ ရှိနေပြီး အမှန်တကယ် ငွေလိုအပ် နေသူများ မှသာ ထုတ်ရောင်းမှုတွေ လုပ်ကြတယ်လို့ ကုန်သည်အချို့က ဆိုပါတယ်။ပိတ်ရက်အပြီး မှာတော့ ဈေးက အကျဈေးနဲ့ ရှိခဲ့ပေမယ့် ဒီတစ်ပတ် မှာတော့ မတ်ပဲ နည်းတူ ဈေးအနည်းငယ်ပြန်မြင့်တက်လာ ခဲ့တာ ဖြစ်ပါတယ်။

    ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၂၄၅၀၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၈၀၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

    မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၂၃၂၀၀၀ ရှိပြီး ၇၀၀၀ ကျပ်ဈေးတက်လာပါတယ်။

    နယ်ဈေးကွက်တွေဖြစ်တဲ့ ပခုက္ကူ၊မုံရွာ နှင့် အောင်လံဈေးကွက်မှာတော့ ၇၇၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂၀၀၀လောက်ဈေးတက်လာပါတယ်။

    ကြက်သွန်နီ

    ကြက်သွန်နီကတော့ ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် ဝယ်လိုအားကောင်းခဲ့ပြီး ဈေးမြင့်တက်လာခဲ့ပေမယ့် တစ်ပတ်အတွင်းမှာတော့ ဈေးအတက်အကျအပြောင်းအလဲတွေ ရှိခဲ့ပါတယ်။နေ့စဉ် ဈေးကွက်ထဲကို ပိဿာချိန် ၂သိန်းနီးပါးသာ အဝင်ရှိနေတာ ဖြစ်လို့ အဝင်နည်းပြီး ဈေးမြင့်တက်ခဲ့တာ ဖြစ်ပါတယ်။ အရောင်းအဝယ်ကတော့ ပုံမှန်ရှိနေပြီး နေရာအနှံ့မိုးရွာတဲ့အတွက် အသစ်တွေ အရည်အပိုင်းဆိုင်ရာ အားနည်းပြီး ဈေးကောင်းရရှိမှုနည်းနိုင်တယ်လို့ ကြက်သွန်ကုန်သည်အချို့က ဆိုပါတယ်။

    ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ကြက်သွန်နီ (ဆိပ်ဖြူ)က တစ်ပိဿာကို ၁၂၀၀ ကနေ ၁၅၀၀ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀ ကျပ်ဈေးတက်လာပါတယ်။

    ပခုက္ကူဈေးကွက်မှာတော့ ကြက်သွန်နီက တစ်ပိဿာကို ၈၀၀ ကနေ ၁၄၅၀ ကျပ်ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၀၀ ကျပ်ဈေးကျတက်လာပါတယ်။မြင်းခြံမှာတော့ တစ်ပိဿာကို ၈၀၀ ကနေ ၁၆၅၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးတက်လာပါတယ်။

    ကြက်သွန်ဖြူ

    ကြက်သွန်ဖြူ ရှမ်းကတော့ ဆက်တိုက်ဈေးမြင့်တက်နေပါတယ်။တရုတ်ကြက်သွန်တွေ ဈေးကွက်ထဲ အဝင်နည်းပြီး ဈေးများတဲ့အတွက် ဈေးသက်သာတဲ့ ရှမ်းကြက်သွန်တွေ အဝယ်သွက်ပြီး ဈေးမြင့်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

    ရန်ကုန်ဈေးကွက်မှာ တစ်ပိဿာကို ၃၆၀၀ ကနေ ၄၆၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀၀ ကျပ်ဈေးတက်လာပါတယ်။ မော်လမြိုင်ဈေးကွက်မှာတော့ တစ်ပိဿာကို ၄၇၀၀ ကနေ ၅၀၀၀ ကြားပေါက်ဈေးရှိပြီး တစ်ပိဿာကိ ၈၀၀ ကျပ်ဈေးတက်လာပါတယ်။

    တစ်လအတွင်း ကြက်သွန်ဖြူ(ရှမ်း) တစ်ပိဿာကို ၁၀၀၀ ကျပ်ဈေးမြင့်တက်လာခဲ့ပါတယ်။

    ကြက်သွန်ဖြူ(ကြူကုတ်)ကတော့ ဈေးကွက်အတွင်းအမြင့်ဈေးနဲ့ဈေးငြိမ်နေပါတယ်။

    AMIA

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးစျေးကွက်သုံးသပ်ချက်သတင်းနှင့် နေ့စဥ်သီးနှံစျေးနှုန်းများကို အချိန်မှီ သိရှိနိုင်ရန် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes7comments0
views1745