cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

နှမ်းအထွက်နှုန်းကောင်းဖို့ မြေခံထည့်ကြစို့

. Soil Management
ဒီညမှာတော့ နှမ်းစိုက်တောင်သူဦးကြီးများအတွက်နှမ်းအထွက်ကောင်းစေမယ့် နည်းလမ်းလေးကို ထွက်တိုးမှဝေမျှပေးလိုက်ပါတယ်။


  • ➢ မြေပြင်ချိန်နှင့် နှမ်းပန်းပွင့်ချိန်တွင် မြေသြဇာ သုံးဖို့ အကြံပြု တိုက်တွန်းထားတဲ့ နှုန်း 

    မြေပြင်နေစဉ် တစ်ဧကလျှင် မြေဆွေး မြေသြဇာ တင်း (၁၀၀) ခန့် အသုံးပြုပေးပါက မြေသားအတွက် လိုအပ်သော မြေဆီမြေနှစ်များကို ရရှိစေမှာ ဖြစ်ပါတယ်။  

     

    ➢ ဘယ်အဆင့်တွေမှာ မြေသြဇာသုံးပေးရင် နှမ်းအတွက် ပိုအကျိုးသက်ရောက်စေသလဲ။  

    မြေပြင်နေစဉ် တစ်ဧကလျှင် မြေဆွေး မြေသြဇာ တင်း (၁၀၀) ခန့် အသုံးပြုပေးပါက မြေသားအတွက် လိုအပ်သော မြေဆီမြေနှစ်များကို ရရှိစေမှာ ဖြစ်ပါတယ်။  


    နှမ်းအတွက် အကြံပြု တိုက်တွန်းထားတဲ့ မြေသြဇာ ပမာဏနှုန်းထားမှာ (၅၀)ကီလိုဂရမ်ပါ ပုလဲဓာတ်မြေသြဇာ တစ်အိတ်၊ (၅၀)ကီလိုဂရမ်ပါ တီစူပါတစ်အိတ်၏ လေးပုံတစ်ပုံ နှင့် (၅၀)ကီလိုဂရမ်ပါ ပိုတက်တစ်အိတ်၏ လေးပုံတစ်ပုံ တို့ဖြစ်ပါတယ်။ မြေပြင်နေစဉ် အကြံပြုတိုက်တွန်းထားသော နှုန်းထားပမာဏ၏ တစ်ဝက်ကို အသုံးပြုပေးရမှာဖြစ်ပြီး ကျန်တစ်ဝက်ကိုမူ နှမ်းပန်းစပွင့်ချိန်တွင် အသုံးပြုပေးပါ။  


    မြေစတင် မပြင်မီ မိတ်ဆွေတို့ရဲ့ စိုက်ပျိုးခင်းအတွင်းရှိ မြေတွင် ဖော့စဖိတ်နှင့် ပိုတက်ပမာဏ ဘယ်လောက်လိုနေတယ်ဆိုတာ သိရအောင် ဆန်းစစ်ဖို့ နီးစပ်ရာ တောင်သူ ပညာပေး အဖွဲ့ နှင့် မြို့နယ် လယ်ယာစိုက်ပျိုးရေး ဌာနသို့ ဆက်သွယ်ပါ။  


  • article
likes16comments0
views3260