cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ကမ္ဘာသကြား စျေး မြင့်တက်နေသည့် အတွက် ပြည်တွင်းသကြား စျေးလိုက်လံမြင့်တက်

. Market Price
ကမ္ဘာ သကြားစျေး မှာ မြင့်တက်နေသည့် အတွက် လက်ကျန်နည်းနေသည့်ပြည်တွင်း သကြား စျေး မှာ လိုက်လံ မြင့်တက်လာခြင်း ဖြစ်ကြောင်းသိရသည်။
  • ကမ္ဘာသကြား စျေး မှာ တစ်တန်လျှင် ယခင်က ဒေါ်လာ ၆၇၀ ၊၆၈၀ သာ ရှိခဲ့ပြီး လက်ရှိ တစ်တန်လျှင် ၇၁၁ ဒေါ်လာအထိမြင့်တက်လာခြင်းဖြစ်ကြောင်းသိရပါသည်။

    “ လက်တလော ကမ္ဘာ့ သကြားစျေး က တော်တော် မြင့် တက်နေတယ်။ ဒါကြောင့် ပြည်တွင်းစျေးက လိုက်လံမြင့်တက်လာတဲ့ သဘောပါ။ နောက်ပြီးexport ထွက်ထားတော့ သကြားလက်ကျန်တော်တော်နည်းနေတယ်၊ကမ္ဘ့ာစျေးကလဲတက်နေတော့ ပြည်တွင်းမှာလဲ နောက်ဆုံး ပိတ်အရောင်းဝယ်ဖြစ်သွားတဲ့စျေး က ၃၁၇၅ ပါ၊ စက်ရုံစျေး ပေါ့။ “ ဟု

    မြန်မာနိုင်ငံ သကြား နှင့် ကြံထွက် ပစ္စည်းလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးစိန်း ထွန်း ကပြောထားသည်။

    ယခင်က သကြား တပိဿလျှင် ၂၉၃၀ ကျပ်သာပေါက်စျေးရှိပြီး လက်ရှိ တစ်ပိဿလျှင် ၃၁၇၅ ကျပ် အထိ အမြင့်စျေး တွင် ရှိကြောင်း သိရသည်။

    လက်ရှိ export အနေဖြင့် ဗီယက်နမ် သို့ အား အများဆုံး တင်ပို့နေပြီး မကြိတ်ခင် တည်း က ကြိုတင် စာချုပ် ချုပ်ဆိုထား သည့် သကြားတန်ချိန်များ ကို တင်ပို့နေခြင်း ဖြစ်ကြောင်း သိရသည်။

    လက်ရှိအချိန်အထိ ဗီယက်နမ်နိုင်ငံ သို့ ပျှမ်းမျှ တန်ချိန်၉သောင်း ခန့် တင်ပို့ ထားကြောင်း သိရသည်။


    “ သကြားထွက်ပြီး ဒီချိန်က သကြားစျေး အရမ်းတက်တဲ့ အချိန်မဟုတ်ဘူး၊မိုး အကုန်ဆောင်း အစ မှာ စတက်တာပေါ့ ၊ပြည်ပ export ပုံမှန် သွားနေရတာကြောင့် စျေးကတော့ အတက်စျေးမှာပဲရှိမှာပါ။” ဟု သကြားကုန်သည်တစ်ဦး ကပြောသည်။


    ယခုနှစ်သကြားဈေးကွက် ကောင်းမွန်နေသည့်အတွက် ပြည်တွင်း သကြားစက်ရုံအသီးသီးမှ ကြံဈေးနှုန်းများကို တိုးမြှင့်ပေးခဲ့ကြောင်း ကြံစိုက်တောင်သူများ မှ သိရ သည်။

    ပြည်တွင်းသကြားစက်ရုံများ အနေဖြင့် ကြံကြိတ်ရာသီ အတွက် ကြံစျေး ၉သောင်း သတ်မှတ်ထားရာမှ လက်ရှိ သကြားစျေးကောင်းနေ၍ စက်ရုံအလိုက် ကြံစျေးများကို ၉၅၀၀၀မှ ၁၀၀၀၀၀အထိ တိုးပေးဝယ်နေခဲ့ကြောင်း သိရသည်။

    ကိုဗစ်ကြောင့် ပြီးခဲ့ သည့် နှစ်များက သကြားစျေးကွက်မှာ အရှုံးပေါ်ခဲ့ ပြီး ကြံစိုက်ဧကများ ကို လျော့ချ စိုက်ပျိုးခဲ့ ခြင်း များလည်း ရှိခဲ့ကာ ယခုနှစ် တွင် စျေးကောင်းရနေသည့် အတွက် သကြားတိုးချဲ့စိုက်ပျိုးလျက်ရှိ ကြောင်း ကြံစိုက် တောင်သူများထံမှ သိရသည်။

    တစ်နှစ်လျှင် ပျမ်းမျှ သကြားတန်ချိန် ၄းသိန်း ခန့် ထွက်ရှိကြောင်း ကြောင်း ကြံစိုက် တောင်သူများထံမှ သိရသည်။

    မြန်မာနိုင်ငံ၏ ကြံကြိတ်ခွဲရာသီသည် နှစ်စဉ် ဒီဇင်ဘာလတွင် စတင်ကာ ဧပြီလဆန်းပိုင်းတွင် ကုန်ဆုံး လေ့ရှိပြီး ကြံကိုအဓိကအားဖြင့် စစ်ကိုင်းတိုင်း၊ ပဲခူး တိုင်း (အရှေ့ခြမ်းနှင့် အနောက်ခြမ်း)၊ ရှမ်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် စိုက်ပျိုးနေခြင်းဖြစ် ကြောင်း သိရသည်။

    ဖိုးချဲ(AMIA)

    ------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes5comments0
views2228