cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ဖရဲသီးစားသုံးခြင်းက ကျန်းမာရေးကို အထောက်အကူပြုပုံ (အပိုင်း-၁)

. Health Articles
၁။ နှလုံးကျန်းမာရေးအတွက် ကောင်းခြင်း

ဖရဲသီးစိပ်ကလေးတွေကို နေ့တိုင်းစားပေးခြင်းက မကောင်းတဲ့ အဆီတွေ စုခြင်းကို ရပ်တန့်စေပါတယ်။ ဒါကြောင့်မို့ နှလုံးရောဂါဖြစ်စေနိုင်ခြင်းကို ကာကွယ်တားဆီးပေးပါတယ်။ဖရဲသီးကို ပုံမှန်စားပေးခြင်းက သွေးကြောထဲမှာ အဆီတွေစုခြင်းကိုလည်း လျော့နည်းစေပါတယ်။

  • ၂။ ရေဓာတ်ကြွယ်ဝစေခြင်း

    ဖရဲသီးမှာ ရေဓာတ် ၉ဝ % ပါဝင်ပါတယ်။ ဒါကြောင့်မို့ ဖရဲသီးစားခြင်းဖြင့် ရေဓာတ်ကို အပြည့်အဝ ရရှိစေမှာ ဖြစ်ပါတယ်။

    ၃။ ကင်ဆာရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ခြင်း

    Lycopene လို့ခေါ်တဲ့ အနီရောင်ခြယ်ဆဲလ်တွေဟာ ကင်ဆာရောဂါဖြစ်ပွားနိုင်ခြေကို လျော့ကျစေပါတယ။် ဖရဲ နှစ်ခွက်မှာဆိုရင် Lycopene ဓာတ်ပါဝင်မှုက ၂ဝ မီလီဂရမ်လောက်ပါဝင်ပါတယ်။ Lycopene ဓာတ်က ကင်ဆာရောဂါ အမျိုးမျိုးကို

    ကာကွယ်နိုင်ပြီးတော့ အထူးသဖြင့် သုတ်ပိုးဂလင်းမှာ ဖြစ်တဲ့ ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။

    ၄။ ကြွက်သားနာကျင်ခြင်းကို လျော့ကျစေခြင်း

    လေ့ကျင့်ခန်းတွေ အပြင်းအထန်လုပ်ပြီးတဲ့နောက်မှာ ကြွက်သားနာကျင်မှုတွေဖြစ်ခဲ့မယ်ဆိုရင် ဖရဲသီး ဖျော်ရည်ကို သောက်ခြင်းဖြင့် နာကျင်မှုတွေကို လျော့ကျစေနိုင်တယ်လို့ ဆိုထားပါတယ်။

    ၅ ။ အစာကြေစေခြင်း

    ဖရဲမှာ ရေဓာတ်အများကြီး ပါဝင်ခြင်းကြောင့် အစာချေဖျက်ရာမှာ အကူအညီပေးနိုင်ပါတယ်။ အမျှင်ဓာတ်လည်းပါဝင်တဲ့အတွက် အစာချေဖျက်အားကိုလည်း ကောင်းစေပါတယ်။

    ၆ ။ ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် သင့်တော်ခြင်း

    ဖရဲသီးစားသုံးခြင်းဖြင့် ကိုယ်ဝန်ဆောင်ကာလမှာ ရင်ပူရင်ဆာဖြစ်တာကိုလည်း သက်သာစေပါတယ။် ပျို့အန်ခြင်း ဝေဒနာကိုလည်း သက်သာစေပါတယ်။

    ၇ ။ ပန်းနာရင်ကြပ်ကို သက်သာစေခြင်း

    Lycopene ဓာတ်ဟာ အအေးမိ တုပ်ကွေးတို့ဖြစ်ရာမှာ ခန္ဓာကိုယ်က အအေးမိတုပ်ကွေးတို့ကို တိုက်ထုတ်တဲ့အခါမှာ ကူညီပေးပါတယ်။ ကလေးတွေမှာ ဖြစ်တဲ့ ပန်းနာရင်ကြပ်ကိုလည်း လျော့ကျစေပါတယ်။ ဖရဲသီးက ပန်းနာရင်ကြပ်ရှိနေတဲ့ သူတွေ အသက်ရှုရာမှာ ကောင်းမွန်အောင်လို့ ကူညီပေးပါတယ်။

    ၈ ။ သွေးပေါင်ကိုလည်း ထိန်းညှိပေးခြင်း

    ဖရဲမှာ amino acids တွေပါဝင်တဲ့ အတွက်ကြောင့် ပုံမှန်သွေးပေါင်ချိန်ရှိအောင် ထိန်းပေးနိုင်ပါတယ်။

    -------


  • article
likes
16
comments
0
views
2335