cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

အပိုဝင်ငွေတိုးပွားလာစေဖို့ ရော်ဘာနှင့်တွဲဖက်စိုက်ပျိုးနိုင်သောသီးနှံများ (အပိုင်း-၂)

. Cultivation Methods
ရော်ဘာအပင်ကြီးအဆင့်တွင်တွဲဖက်စိုက်ပျိုးခြင်းရော်ဘာအပင်ကြီး အဆင့်တွင် အလင်းရရှိမှု နည်းပါးခြင်းကြောင့် သီးနှံအနည်းငယ်သာ တွဲဖက်စိုက်ပျိုးနိုင်ပါသည်။
  • တစ်နည်းအားဖြင့် ရော်ဘာစိုက်ခင်းတွင် အရိပ်ရအပင်များကို ရွေးချယ်စိုက်ပျိုးခြင်းဖြင့် ပူပြင်းခြောက်သွေ့သော ရာသီဥတုတွင် မြေဆီလွှာအစိုဓာတ်ကို မြှင့်တင်ပေးပြီး မြေဆီဩဇာကို ထိန်းသိမ်းပေးနိုင်ပါသည်။

    ရော်ဘာပင်အား ကိုကိုးပင်နှင့်ကော်ဖီပင်တို့ဖြင့် တွဲဖက်စိုက်ပျိုးခြင်း

    အရိပ်ဒဏ်ခံနိုင်သော နှစ်ရှည်သီးနှံများဖြစ်တဲ့ ကိုကိုးပင် (cocoa)နှင့် ကော်ဖီပင် (coffee) တို့ကို ရွေးချယ်ပြီး ရော်ဘာနှင့် တွဲဖက်စိုက်ပျိုးခြင်းဖြင့် အပင်ကြီးထွားမှုနှင့် အထွက်နှုန်းကို ဆိုးရွားစွာ မထိခိုက်စေဘဲ စိုက်ပျိုးနိုင်ပါသည်။ ရော်ဘာပင် နှစ်တန်းကြားတွင် ကိုကိုးနှင့် ကော်ဖီတစ်တန်းထားပြီး စိုက်ပျိုးနိုင်ပါသည်။ ရောနှောစိုက်ပျိုးထားသော ကိုကိုးပင်၏ အထွက်နှုန်းမှာ ၅၀-၆၀% ဝန်းကျင် ထွက်ရှိနိုင်ပြီး ကော်ဖီဖြင့် ရောနှော စိုက်ပျိုးထားပါက အထွက်နှုန်းမှာ ၃၀-၃၅% ဝန်းကျင်ဖြစ်ပါသည်။ ကိုကိုးပင်သည် သင့်လျော်သော အထွက်နှုန်းကို ပေးသည့်အပြင် မြေဆီဩဇာနှင့် အစိုဓာတ်ကို လွှမ်းမိုးနိုင်သောကြောင့် ရောနှောစိုက်ပျိုးရန် အလားအလာရှိသော သီးနှံများဖြစ်ပါသည်။

    Source: Commonly cultivated intercrops (rubberboard.org.in)

    -----


  • article
likes8comments0
views2328