cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ပေါင်းသတ်ဆေးအကြောင်းသိကောင်းစရာ

. Weeds Management
ပေါင်းသတ်ဆေးအမျိုးအစားအလိုက် ဓာတုဂုဏ်သတ္တိ အထူးသဖြင့် (ရေတွင်ပျော်ဝင်နိုင်စွမ်း၊ အငွေ့ပျံနိုင်စွမ်း) မတူညီခြင်းကြောင့် နေရောင်ခြည်၊အနုဇီဝသက်ရှိအကူအညီဖြင့် ပြိုကွဲနိုင်စွမ်း (အနှေး/အမြန်)လည်း မတူညီပါ။
  • စိုက်ခင်းမြေပေါ်ကို တိုက်ရိုက်ထိတွေ့ကျရောက်တဲ့ ပေါင်းသတ်ဆေး ပြိုကွဲခြင်း၊ အာနိသင်ပြုခြင်းအတွက် အဓိကအားဖြင့် မြေသားမှာရှိနေတဲ့ အနုဇီဝသက်ရှိတွေရဲ့ အကူအညီကို ရယူရပါတယ်။ ဒီအတွက် အနုဇီဝသက်ရှိဦးရေ နှင့် ပွါးများမှုသည် သင့်လျော်သော မြေအစိုဓာတ်၊ မြေကြီးအပူချိန် ရှိဖို့လိုအပ်သလို အချိန်ကာလလည်း လိုအပ်ပါတယ်။ ပေါင်းသတ်ဆေးအမျိုးအစားအလိုက် မတူညီတဲ့ ဓာတုဂုဏ်သတ္တိအရ အချို့ဆေးတွေသည် မြေထဲမှာ လျှင်မြန်စွာပြိုကွဲ ဓာတ်လျော့ပြီး အချို့ဆေးတွေကတော့ သီးနှံတရာသီ သို့မဟုတ် နှစ်တစ်နှစ်မှသည် အချိန်ကာလကြာမြင့်သည်အထိ မြေကြီးထဲမှာ အာနိသင်တည်မြဲနေနိုင်ပါတယ်။ ကာလကြာရှည်စွာ တည်မြဲနေနိုင်တဲ့ဆေးအမျိုးအစားတွေကြောင့် ဆက်တိုက်စိုက်ပျိုးသော သီးနှံအတွက် အပင်ပေါက်မှု၊ ဖြစ်ထွန်းမှု စတာတွေကို ထိခိုက်စေတတ်သလို မြေကြီးထဲမှာ အနုဇီဝသက်ရှိ ပွါးများရှင်သန်မှုကိုလည်း အနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။

    ဉပမာ - ပထမသီးနှံမှာ Imidazolinone အုပ်စုပေါင်းသတ်ဆေး (imazethapyr) သုံးခဲ့ပြီး ဒုတိယသီးနှံအဖြစ် နေကြာ စိုက်ပျိုးပါက နေကြာ၏ ဆီပါဝင်မှုရာခိုင်နှုန်သည် ပေါင်းသတ်ဆေးဓာတ်ကြွင်းကြောင့် လျော့နည်းစေနိုင်ပါတယ်။

    ပေါင်းသတ်ဆေးအမျိုးအစားအလိုက် ဓာတုဂုဏ်သတ္တိ အထူးသဖြင့် (ရေတွင်ပျော်ဝင်နိုင်စွမ်း၊ အငွေ့ပျံနိုင်စွမ်း) မတူညီခြင်းကြောင့် နေရောင်ခြည်၊အနုဇီဝသက်ရှိအကူအညီဖြင့် ပြိုကွဲနိုင်စွမ်း (အနှေး/အမြန်)လည်း မတူညီပါ။

    ပေါင်းသတ်ဆေးအုပ်စုအလိုက် ကွာခြားမှုများအပေါ် လေ့လာမှုများအရ-

    Imidazolinone - (imazethapyr, imazamox) - အဓိကအားဖြင့် အနုဇီဝသက်ရှိအကူအညီဖြင့် ပြိုကွဲ - မြေချဉ်ငန်ကိန်း pH 7 အောက် အစိုဓာတ် ၃၀% အောက်၊ ခြောက်သွေ့သောအခြေအနေတွင် ပြိုကွဲမှုနှေး။

    Sulfonylureas- (metsulfuron, ethametsulfuron - အဓိကအားဖြင့် ရေဖြင့် ဓာတ်ပြိုကွဲဖလှယ်မှု)၊မြေချဉ်ငန်ကိန်း pH 7 အောက် အစိုဓာတ် ၃၀% အောက်၊ ခြောက်သွေ့သောအခြေအနေတွင် ပြိုကွဲမှုနှေး။

    (sulfosulfuron -အဓိကအားဖြင့် အစိုဓာတ် ၈၀-၉၀% ရှိသောမြေတွင် အနုဇီဝသက်ရှိ အင်ဇိုင်း အကူအညီ ဖြင့်ဓာတ်ပြိုကွဲ)။ မြေဆွေးပါဝင်မှု ၄% အောက်၊ မြေချဉ်ငန်ကိန်း pH 7 အထက်၊ ခြောက်သွေ့သောအခြေအနေတွင် ပြိုကွဲမှုနှေး။

    Triazolopyrimidine sulfonanalide - florasulam (အဓိက အနုဇီဝသက်ရှိအင်ဇိုင်းအကူအညီဖြင့်ပြိုကွဲ)၊ မြေကြီးအပူချိန် နိမ့်ချိန်တွင် ပြိုကွဲမှုနှေး။

    Pyridinecarboxylic acid - Clopyralid (အဓိက အနုဇီဝသက်ရှိအင်ဇိုင်းအကူအညီဖြင့် ပြိုကွဲ)၊ အပူချိန်များ ခြောက်သွေ့၊ မြေဆွေးပါဝင်မှုနည်းသောအခြေအနေတွင် ပြိုကွဲမှုနှေး။

    စိုက်ခင်းမြေတွင် ပေါင်းသတ်ဆေးဓာတ်ကြွင်း ကျန်ရှိမှုသည် စိုက်ပျိုးသော သီးနှံအမျိုးအစားပေါ်တွင်လည်း မူတည်သည်။ ဥပမာ - နှံစားသီးနှံအုပ်စု၊ မြေပဲ၊ နေကြာ၊ မုန်လာ စသည့်သီးနှံအမျိုးအစားများသည် အမြစ်မှ ပေါင်းသတ်ဆေးကို စုပ်ယူခြေဖျက်နိုင်စွမ်းနည်းပြီး ထိုသီးနှံစိုက်ပျိုးသည့် မြေတွင် ပေါင်းသတ်ဆေးတည်မြဲ ဓာတ်ကြွင်းကျန်ရှိနိုင်မှုအခြေအနေ များသည်။ ပဲမျိုးစုံ (ပဲပုပ်မှအပ)၊ ဂေါ်ဖီ၊ နှမ်း၊ ငရုပ်၊ ခရမ်း၊ ခရမ်းချဉ် စသောသီးနှံများသည် အမြစ်မှ ပေါင်းသတ်ဆေးကို စုပ်ယူခြေဖျက်နိုင်စွမ်းရှိပြီး ထိုသီးနှံများစိုက်ပျိုးသောမြေတွင် ပေါင်းသတ်ဆေးဓာတ်ကြွင်း ပမာဏကျန်ရှိနိုင်မှုအခြေအနေ နည်းသည်။

    ယေဘုယျအားဖြင့် မြေချဉ်ငန်ကိန်း နိမ့်လေလေ ထိုမြေမျိုးတွင် ပေါင်းသတ်ဆေးပြိုကွဲမှုနှေးသည်။ မြေဆွေးဓာတ်ပါဝင်မှုများလျှင် ပေါင်းသတ်ဆေးစုပ်ယူနိုင်မှုများပြီး အနုဇီဝသက်ရှိဦးရေကြောင့် ပြိုကွဲမှုလည်း မြန်နိုင်သည်။ မြေဆွေးဓာတ်နည်းလျှင် ပေါင်းသတ်ဆေးစုပ်ယူနိုင်မှုနည်းသော်လည်း အနုဇီဝသက်ရှိဦးရေ နည်းခြင်းကြောင့် ဆေးတည်မြဲမှု၊ ဓာတ်ကြွင်းကျန်ရှိမှုများနိုင်သည်။

    ပေါင်းသတ်ဆေးအသုံးပြုရာတွင်

    - နှုန်းထားမှန်ခြင်း

    - အသုံးပြုချိန်၊ နည်းစနစ်မှန်ခြင်း

    - ပေါင်းပင်ပေါ် သို့မဟုတ် မြေကြီးပေါ်သို့ ဆေးပမာဏ ညီညီမျှမျှ ကျရောက်အောင် အသုံးပြုခြင်း စသည့်အချက်များကို တိတိကျကျ လိုက်နာရန်လိုအပ်သည်။

    စိုက်ခင်းမြေတွင် ပေါင်းသတ်ဆေးဓာတ်ကြွင်း စုပုံကျန်ရှိမှု နည်းပါးစေရန်

    - ဘက်စုံ ပေါင်း ကာကွယ်နှိမ်နင်းနည်းစနစ် (IWM) ကို အသုံးပြု၍ ပေါင်းနှိမ်နင်းပါ။

    - ပေါင်းသတ်ဆေးအမျိုးအစားတစ်မျိုးထဲဆက်တိုက် မသုံးပဲ mode of action တူသည့်အမျိုးအစားကို ပြောင်းလဲသုံးပါ။

    - သီးနှံ အလှည့်ကျစိုက်ပါ။

    - နှုန်းထား အနိမ့်ဆုံး၊ အနည်းဆုံးအကြိမ်ရေ၊ အသုံးပြုချိန် မှန်ကန်စွာ အသုံးပြုပါ။

    - ပေါင်းပင်ငယ်စဉ် သီးနှံ အစောပိုင်းကာလတွင် အသုံးပြုပါ။

    - ပေါင်းသတ်ဆေး မြေပေါ်သို့ တိုက်ရိုက်အသုံးပြုခဲ့ပါက သီးနှံသိမ်းချိန်တွင် သစ်စိမ်းမြေဩဇာ ထည့်သွင်းပါ။ (စိုက်ပျိုးပါ)

    - ကာဗွန်အခြေခံ (မီးသွေးမှုန့်၊ ပြာ) စသည်တို့ စိုက်ခင်းမြေတွင် ထည့်၍ အစိုဓာတ်လုံလောက်စွာဖြင့် ထယ်မှောက်ပေးပါ။

    - စိုက်ခင်းမြေနမူနာယူ၍ ဓာတ်ကြွင်းစစ်ဆေးခြင်း၊ ပင်ကြွင်းပင်ကျန် နမူနာယူ၍ ဓာတ်ကြွင်းစစ်ဆေးခြင်းကို ဓာတ်ခွဲခန်းတွင်ဆောင်ရွက်နိုင်သည်။ မိမိတို့နိုင်ငံ၌ စစ်ဆေးရန် နည်းပညာ အားနည်းလျှက်ရှိသည်။

    Dr. DaDa

    Ph.D Entomology

    ဤဆောင်းပါးအားထွက်တိုးPage တွင် ဖော်ပြခွင့်ပေးပါသော Dr. DaDa အား အထူးပင်ကျေးဇူးတင်ရှိပါသည်ခင်ဗျ။

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes
23
comments
2
views
2268