cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ဘက်တီးရီးယားကြောင့် ငါးပုစွန်များ ပုတ်သိုးရခြင်းနှင့် မပုတ်သိုးစေရန် ရေခဲရိုတ်ခြင်းဖြင့် ထိန်းသိမ်းခြင်း

. Fish Technical Guideline
အသက်ရှင်နေသော ငါးပုစွန်များ၏ ကိုယ်တွင်း ကိုယ်ပ တွင် ဘက်တီးရီးယားများတွယ်ကပ်လျှက် ရှိပါသည်။
  • ထိုဘက်တီရီးယားများသည် အဆိုပါ ငါး ပုစွန် ကိုသေအောင်သော်လည်းကောင်း ဒါဏ်ရာ ရရှိ စေရန်လည်းကောင်း မပြုလုပ်နိုင်ပါ။ဘက်တီးရီးယားများသည် အစာပုတ်တွင်လည်းကောင်း၊ အသက်ရှိ အစာ တွင်လည်းကောင်း၊ မြေကြီးထဲတွင်လည်းကောင်း ပါရှိကြပြီး၊ ငါး၏ အစာအိမ်နှင် အူလမ်းကြောင်းတွင် အများ ဆုံးစုဝေးတွေ့ရှိရပါသည်။ ခန္ဓာကိုယ် အရေးပြားနှင့် အကြေးခွံ ပေါ်တွင် ရေထဲမှ ဘက်တီးရီးယားအများစုကို တွယ်ကပ်နေကြသည်ကိုတွေ့ရပါသည်။ 


    ဘက်တီးရီးယားသည်ဆဲလ် တစ်ခုတည်းသောသတ္တဝါဖြစ်ပြီး လိင်မဲ့နည်းဖြင့် တကောင်မှ နှစ်ကောင်၊ နှစ်ကောင်မှ လေးကောင် အထိ ဆတိုးနည်းဖြင့်ပေါက်ဖွားကြပါသည်။ ငါး ပုစွန်များတွင် ရေဓာတ် ၊ အသား ဓါတ် နှင် ကစီဓါတ်များရှိနေလျှင် ဘက်တီရီးယားများပေါက်ဖွားနိုင်ပါသည်။ဘက်တီးရီးယားများသည် သာမန် အခန်းအပူချိန် ၂၅ မှ ၃၀ ဒီဂရီစင်တီဂရိတ်တွင် တစ်နာရီ (၄)ကြိမ်ခန့် (၁၅)မီးနစ် တကြိမ်ခန့် ဆပွါးပါသည်။ ငါးပုစွန်များကိုရေခဲရိုတ်ထားလျှင် (၃၀)မီးနစ်လျှင် တကြိမ်ခန်. ၊ အအေးခန်း(-၁၈၀ ဒီဂရီစင်တီဂရိတ်)တွင် (၁၂)နာရီတကြိမ်ခန့်ပွါးပါသည်။ 


    ထို့ကြောင့် ငါးမွေးတောင်သူများသည် မိမိတို့ဖမ်းမိသောငါးများကို မပုတ်သိုးစေရန်အတွက် အောက် ပါနည်းလမ်းများကိုကျင့်သုံးကြစေလိုကြောင်း တင်ပြအပ်ပါသည်။ 


    ငါးများထည့်သွင်းရာတွင် ခြင်း တောင်း များထက် အပူကာ ပလပ်စတိတ်ရေခဲပုံကို သုံးသင့်ပါသည်။ ပလပ်စတိတ်ရေခဲဘန်းကိုလည်း ရေခဲရိုတ်သယ်ယူရာတွင် သုံးနိုင်ပါသည်။ ရေညစ်ထွက်ပေါက် အောက်တွင် ပါသောဘန်းတွင် ငါးပုစွန်နှင့်ရေခဲကို ၁း၁ အတိုင်းရောနှောမွေပြီးသယ်ယူနိုင်ပါသည်။ ဆိုလိုသည်သည် ငါး (၁)ပိဿာလျှင် ရေခဲ(၁)ပိဿာထည့်ရပါမည်၊ ပုစွန် ဖြစ်ပါက ရေခဲကို တဆခွဲ ထည့်ပေးနိုင်လျှင် ပိုမိုကောင်း မွန်ကြောင်းတင်ပြအပ်ပါသည်။ 


    အပူချိန် နည်းလေ ငါးပုစွန် ပုတ်သိုးမှု့ နည်းလေဖြစ်ပါသည်- 


  • article
  • article
likes12comments0
views2927