cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

‼တိုင်း နှင့် ပြည်နယ် အများစုမှာ မုန်တိုင်းမိုးရွာသွန်းနိုင်‼

. Weather News
မေလ ၁၀ရက်နေ့မှ ၁၂ရက်နေ့အတွင်း မိုချာမုန်တိုင်းညာဖက်လေပင့်တင်အား အထက်လေစီးကြောင်းများမှနေပြီး တနင်္သာရီတိုင်း ကရင်ပြည်နယ် မွန်ပြည်နယ် ရန်ကုန်တိုင်းဧရာဝတီတိုင်းရခိုင်ပြည်နယ်တောင်ပိုင်း ပဲခူးတိုင်းမကွေးတိုင်း မန္တလေးတိုင်း နေပြည်တော်ပြည်ထောင်စုနယ်မြေ ကယားပြည်နယ် ရှမ်းပြည်နယ်မန္တလေးတိုင်းဒေသတွေရဲ့အထက်လေစီးကြောင်းများမှ မိုးတိမ်များရောက်ရှိလာကာ မုန်တိုင်းမိုးတွေရွာသွန်းပါလိမ့်မယ်
  • မုန်တိုင်းမိုးတွေရွာမယ်လေ

    🌧🌧🌧🌧🌧🌧🌧🌧🌧

    ဘင်္ဂလားပင်လယ်အော် andaman Island ကျွန်းစုများအနီးတွင် ၂၀၂၃ မေလ ၉ရက်နေ့ ၁၀ရက်နေ့ ၁၁ရက်နေ့တွေမှာ SCS အဆင့်ရှိ MOCHA CYCLONE မုန်တိုင်းကြီးတစ်လုံးဖြစ်လာနိုင်ပြီး မေလ ၁၀ရက်နေ့မှ ၁၂ရက်နေ့အတွင်း မိုချာမုန်တိုင်းညာဖက်လေပင့်တင်အား အထက်လေစီးကြောင်းများမှနေပြီး တနင်္သာရီတိုင်း ကရင်ပြည်နယ် မွန်ပြည်နယ် ရန်ကုန်တိုင်းဧရာဝတီတိုင်းရခိုင်ပြည်နယ်တောင်ပိုင်း ပဲခူးတိုင်းမကွေးတိုင်း မန္တလေးတိုင်း နေပြည်တော်ပြည်ထောင်စုနယ်မြေ ကယားပြည်နယ် ရှမ်းပြည်နယ်မန္တလေးတိုင်းဒေသတွေရဲ့အထက်လေစီးကြောင်းများမှ မိုးတိမ်များရောက်ရှိလာကာ မုန်တိုင်းမိုးတွေရွာသွန်းပါလိမ့်မယ် မေလ ၁၃ရက်နေ့မှာတော့ အဆိုပါဒေသတွေအပြင် ရခိုင်ပြည်နယ်တစ်ခုလုံးနှင့် စစ်ကိုင်းတိုင်းအောက်ပိုင်းဒေသတွေကိုပါ မုန်တိုင်းမိုးတွေရွာနိုင်ပါတယ်

    မိုချာမုန်တိုင်းဘယ်နေရာမှကုန်းတွင်းဝင်ရောက်နိုင်တယ်ဆိုတာကို အဆင့်မြင့်မိုးလေဝသဂြိုလ်တုတွေကနေ စောင့်ကြည့်ထောက်လှမ်းပြီး weather data အချက်အလက်များဝယ်ယူကာသေချာစိစစ်တွက်ချက်နေပါတယ်မကြာမှိအချိန်အတွင်းမှာ ခန့်မှန်းပေးသွားပါမယ်

    issued time

    04/05/2023 9:35am(MMT)


    မိုချာမုန်တိုင်းမိုးသတိ ⚠🌧🌧🌧🌧🌧⚠⚠⚠

    ၂၀၂၃ မေလ ၁၂ရက်နေ့ညနှင့် ၁၃ရက်နေ့တွေမှာ ဧရာဝတီတိုင်းပဲခူးတိုင်းမန္တလေးတိုင်းစစ်ကိုင်းတိုင်းအောက်ပိုင်းဒေသတွေမှာမိုးများရွာသွန်းနိုင်ပြီး ရခိုင်ပြည်နယ်နှင့်မကွေးတိုင်းမိုးကြီးရေလျှံနိုင်ပါတယ်

    မကွေးတိုင်း ဧရာဝတီမြစ်အနောက်ဖက် ရခိုင်ရိုးမကိုမြစ်ဖျားခံတဲ့ ချောင်းများရေအရှိန်အဟုန်ဖြင့်စီးဆင်းလာနိုင်သဖြင့် ၎င်းဒေသရှိဆည်တမံတူးမြောင်းများကြံခိုင်မှုရှိအောင်ကြိုတင်စိမံခန့်ခွဲလုပ်ဆောင်ထားကြပါလို့အကြံပြုလိုက်ပါတယ်

    04/05/2023 5:30am(MMT)


    MOCHA CYCLONE UPDATE မိုချာမုန်တိုင်း

    ၂၀၂၃မေလ ၁၁ရက်နေ့ ၁၂ရက်နေ့တွေမှာ ဧရာဝတီတိုင်း ဂေါ်ရင်ဂျီကျွန်းအနီးကို CAT-2 အဆင့်ရှိ မိုချာမုန်တိုင်းကြီးချဥ်းကပ်ရောက်ရှိလာနိုင်ပါတယ်ဧရာဝတီတိုင်းမိုးကြီးလေထန်နိုင်ပြီး ရန်ကုန်တိုင်း ပဲခူးတိုင်း နေပြည်တော် မကွေးတိုင်း မန္တလေးတိုင်းရှမ်းပြည်နယ်နှင့်ရခိုင်ပြည်နယ်တောင်ပိုင်းတွေမှာ မုန်တိုင်းမိုးတွေရွာနိုင်ပါတယ်ဧရာဝတီတိုင်းအနောက်ဖက်ပင်လယ်ပြင်မှာ ရေလှိုင်းအမြင့် ၂၄ ပေ အထိမြင့်တက်နိုင်ပြီး လေတိုက်ခတ်နှုန်းမှာတစ်နာရီ၉၆မိုင် မှ

    လေပြင်းတိုက်ချိန်တွင် ၁၁၀မိုင်အထိတိုက်ခတ်နိုင်ပါတယ် အဆိုပါရက်အတွင်း ချောင်းသာငွေဆောင် ငပလီ ခရီးသွားရောက်ခြင်းမပြုလုပ်သင့်ပါဘူး

    Update မိုချာမုန်တိုင်းခန့်မှန်းချက်များကိုအချိန်နှင့်တပြေးညီခန့်မှန်းပေးသွားပါမယ်

    issued time

    04/05/2023 4:19am(MMT)

    Su Su San

    𝘾𝙡𝙞𝙢𝙖𝙩𝙤𝙡𝙤𝙜𝙞𝙨𝙩

    𝘼𝙙𝙫𝙖𝙣𝙘𝙚𝙙 𝙒𝙚𝙖𝙩𝙝𝙚𝙧 𝙁𝙤𝙧𝙚𝙘𝙖𝙨𝙩𝙚𝙧

    &

    𝐌𝐞𝐭𝐞𝐨𝐫𝐨𝐥𝐨𝐠𝐢𝐜𝐚𝐥 𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞 𝐎𝐟𝐟𝐢𝐜𝐞𝐫


    မိုးလေဝသခန့်မှန်းချက်များ၊ မိုးလေဝသသတင်းများ၊ မိုးလေဝသဆိုင်ရာ စိုက်ပျိုးရေးအကြံပြုချက်များနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ -https://bit.ly/htwettoev2


  • article
likes14comments0
views9154