cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ကွမ်းပင်ရောဂါမကျရောက်ရန်ကာကွယ်ခြင်း

. Cultivation Methods
ကွမ်းပင်များကျန်းမာရေးကောင်းပြီး ရောဂါပိုးများအလွယ်တကူမကျရောက်စေရန် အောက်ဖော်ပြပါ ဆောင်ရွက်ချက်များကို ပြုလုပ်ရမည်ဖြစ်သည်။


  • (၁) နိုက်ထရိုဂျင်ဓါတ်ကို လိုသည်ထက်ပိုမကျွေးပါနှင့်။ 


        နိုက်ထရိုဂျင်ဓါတ်ကို အဆမတန်၊အချိုးမမှန်၊စဉ်ဆက်မပြတ်ကျွေးခြင်းသည် ကွမ်းရောဂါကျရောက်ခြင်း၏ အဓိကအကြောင်းတစ်ရပ်ဖြစ်သည်။နိုင်ထရိုဂျင်လွန်ကဲခြင်း၊ အခြားအာဟာရဓါတ်စင်များ ချို့တဲ့ခြင်းသည် အပင်အတွင်း ရောဂါဝင်ရောက်နိုင်ရန် လမ်းခင်းပေးခြင်းဖြစ်သည်။ 


    (၂) ပိုတက်စီယမ်ခေါ် ပြာဓါတ်ကို အလုံအလောက်ကျွေးပါ။ 


         ပိုတက်စီယမ်ဓါတ်သည် အပင်ကိုကျန်းမာသန်စွမ်းစေသည်။ တောင့်တင်းခိုင်မာစေသည်။ မူလကတောင့်တင်းခိုင်မာသော အပင်ကိုရောဂါမကျရောက်နိုင်ပေ။ 


    (၃) ဖော့ဖရပ်(စ်) ခေါ် မီးစုန်းဓါတ်နှင့် ဆာဖာလ်ခေါ် ကန့်ဓါတ်ကို အလေးထားကျွေးပါ။ 


         ပင်ပိုင်းကြီးထွားခြင်း ၊ အရွက်ရရှိရေးအတွက် နိုက်ထရိုဂျင်တစ်မျိုးတည်းကို အလေးထားခြင်းထက် အာဟာရစုံလင်စွာ ရရှိရေးကို အလေးထားရန်လိုအပ်ပေသည်။ 


    (၄) အလင်းရောင်ကို အပင်ခံနိုင်သလောက်ပေးပါ။ 


          အလင်းရောင်နည်းခြင်းသည် အပင်ကိုအားနည်းစေပြီး ရောဂါဝင်လွယ်စေသည်။ 


    (၅) ခြံအတွင်း လေဝင် လေထွက်ကောင်းမွန်အောင်ထားပါ။ 


          လေဝင် လေထွက်မကောင်းခြင်းသည် အပင်များဆီသို့ ရောဂါပိုးများဝင်ရောက်နိုင်ရန် အားပေးသည်။ 


    (၆) ရေကိုလိုအပ်သည်ထက် ပိုမလောင်းပါနှင့်။ 


           ရေသည် လိုအပ်သည်ထက် ပိုပါက ဆိုးကျိုးကိုဖြစ်စေနိုင်သည်။ ကပ်ပါးရောဂါအမျိုးမျိုးသည် ရေမှတဆင့် အပင်းများဆီသို့ ရောဂါပြန့်ပွားရောက်ရှိစေနိုင်သည်။ ထို့ကြောင့် ညအချိန်တွင် အပင်၏အရင်းနှင့်အရွက်များပေါ်တွင် ရေများမကျန်ရှိသင့်ပေ။ 


    (၇) မှိုသတ်ဆေးများဖြစ်သော ဘော်ဒို၊အော်သိုဆိုက်၊မင်ကိုဇက် စသည်တို့ကို လိုအပ်သလိုအသုံးပြုပါ။ 


            ကွမ်းပင်များ၏ရောဂါများကို ကာကွယ်ရန်အတွက်လည်းကောင်း၊ကုသရန်အတွက်လည်းကောင်း မှိုသတ်ဆေးများမှာ များစွာအထောက်အကူပြုနိုင်သည်။ 


    (၈) ကွမ်းပင်များ၏ရောဂါလက္ခဏာကို အမြဲလေ့လာပြီး လိုအပ်သလိုဆောင်ရွက်ပါ။ 


             မိမိအပင်များကို အမြဲလေ့လာနေပါက ရောဂါလက္ခဏာများကို အချိန်မနှောင်းမီ တွေ့ရှိပြီး အချိန်မီကုသနိုင်မည်ဖြစ်သည်။ 


    (၉) အပင်များကိုသန့်ရှင်းအောင်ထားပါ။ 


             အနာများကို ဖြတ်တောက်ပစ်ခြင်း၊ ပင်သေများကိုနှုတ်ပြီး ဖျက်ဆီးပစ်ခြင်း၊ရောဂါများခိုအောင်းပြီးပေါက်ပွားမည့်အညစ်အကြေးများကို ရှင်းထားရန်အရေးကြီးသည်။ 


    (၁၀) ကွမ်းခြံအတွင်း မလိုအပ်သောဝင်ထွက်မှုများကို ထိန်းချုပ်ခြင်း 


             ကွမ်းခြံအတွင်း လူအဝင်အထွက်များခြင်းသည် ရောဂါအခြေအနေကို ပိုဆိုးစေနိုင်သည်။ ထို့ကြောင့် မလိုအပ်သောဝင်ထွက်မှုမျိုးကို တားဆီးခြင်းသည် အမှန်တကယ်လိုအပ်သောလုပ်ရပ်ဖြစ်သည်။ 


    (၁၁) ကွမ်းပင်များတွင် ရောဂါလက္ခဏာစတွေ့သည်တပြိုင်နက် ရေနှင့်အစာကို ခေတ္တဖြတ်ထားပါ။ 


    (၁၂) ဝန်းကျင်ဖိစီးမှုကို ကာကွယ်ကုသခြင်း 


             မွေးမြူရေးတိရစ္ဆာန်များဖြစ်သော ကြက်၊ဘဲ၊ဝက် စသည်တို့သည် ဆိုးဝါးသောရာသီဥတုတွင် ဝန်းကျင်ဖိစီးမှုဒဏ် (Stress) ကို ခံရမြဲဖြစ်သည်။ ဥ ဥနှုန်းကျဆင်းခြင်း၊အလေးချိန်တိုးနှုန်းကျဆင်းခြင်းတို့မှာ ဝန်းကျင်ဖိစီးမှု၏ ဒဏ်ရာဒဏ်ချက်များဖြစ်သည်။ 


             ကွမ်းပင်များသည်လည်း အထူးသဖြင့် နွေကာလများနှင့် အေးလွန်းသောဆောင်းကာလများ၌ ဝန်းကျင်ဖိစီးမှုဒဏ်ကို ခံကြရသည်။ ကြီးထွားနှုန်းနှေးခြင်း၊ အပင်အားနည်းခြင်း၊အရွက်များခွက်ခြင်း၊ရွက်နားများခြောက်ခြင်းတို့မှာ ဝန်းကျင်ဖိစီးမှု၏လက္ခဏာများဖြစ်သည်။ 


             ဝန်းကျင်ဖိစီးမှုဒဏ်ကို နိုးဆွပစ္စည်းများဖြစ်သော အက်တော်နစ်နှင့် လစ်တိုစင်တို့ ကြိုက်ရာတစ်မျိုးမျိုးကို အသုံးပြုခြင်းဖြင့် ကုစားနိုင်သည်။ 



    ဦးဖရက်သိန်းဖေ 


    ကွမ်း-၁ စာအုပ်မှ ကူးယူဖော်ပြအပ်ပါသည်။ 


  • article
likes12comments0
views2388