cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ငရုတ်လှေးပိုးကာကွယ်နည်းနှင့် အသုံးပြုနိုင်သည့်ဆေးများ

. Pests Management
အရွက်ငယ်လေးတွေရဲ့ အောက်မျက်နှာပြင်မှာ နေပြီး ပင်ရည်စုပ်စားပါသည်။ အရွက်တွေ အပေါ်ဘက်ကို ကွေးကာ ဇွန်းပုံစံနှင့် ဆင်စေပါသည်။

  • လှေးစုပ်ခံရတဲ့အရွက်တွေဟာ အညိုရောင်ကနေ ငွေရောင်အပြောက်တွေဖြစ်လာပါတယ်။ အပွင့်တွေမှာလှေးကျရင် ပွင့်ဖက်တွေမှာ အဆင်းတွေဖြစ်ကာ အပွင့်တွေခြောက်ကာ ကြွေကျစေပါသည်။အသီးမှာကျလျှင် အသီးတွေပုံပျက်ပြီး အပြောက်တွေဖြစ်ကာ ဈေးကွက်မှာ ရောင်းတန်းမဝင်တော့သလိုဖြစ်စေပါသည်။ လှေးကျရောက်မှုဟာ တစ်နှစ်ပါတ်လုံးရှိနေနိုင်ပါသည်။ ပူပြင်းတဲ့ရာသီနဲ့ ပုလဲမြေဩဇာအသုံးများတဲ့အခင်းတွေမှာ တော့ လှေးပိုးဆိုးဆိုးဝါးဝါးအကျများပါသည်။ လှေးပိုးကြောင့် ငရုတ်ခင်းဟာ တောင်သူအခေါ် ထွတ်သွား၊နူသွားတတ်ပါသည်။ အသစ်ထွက်လာသည့် ရွက်နုလေးများထွတ်ခြင်း၊ အရွက်သည် ပြန့်ကားမလာပဲ ခွက်သွားခြင်းတို့သည် လှေးပိုးကျရောက်မှုကြောင့် ဖြစ်ပါသည်။ 


    လှေးပိုးမျိုးစိတ်နှစ်မျိုးတွေ့ရပါသည်။ ကောက်ရိုးခြောက်ရောင် ရှိကြပါသည်။လှေးပိုးမတွေဟာ ငရုတ်ရွက်ငယ်တွေထဲမှာ၊အဖူးတွေထဲမှာ ဥတွေဥကြပါသည်။ အကောင်ပေါက်ပြီး အကောင်ရေများလာချိန်မှာ အရွက်ရင့်တွေပေါ် ပြောင်းနေကြပါသည်။လှေးလောက်ကောင်လေးများသည် ရုပ်ဖုံးပြောင်းရန်အတွက် ငရုတ်ပင်ခြေရဲ့မြေကြီးထဲမှာနှင့် ၊ အရွက်ကြွေတွေဆီကိုပြောင်းရွေ့ခိုအောင်းကြပါသည်။ ၂-၅ ရက်ကြာရွက်ဖုံးပြောင်းကာလပြည့်ပြီးနောက်မှာတော့ အတောင်ပေါက်ကာ အကောင်ကြီးဖြစ်လာပါသည်။ 


    ကာကွယ်နည်းများ 


    -ရနိုင်ရင် လှေးပိုးဒဏ်ခံနိုင်ရည်မျိုးစိုက်ပါ။ 


    -လှေးပိုးကျရောက်မှုကို စောင့်ကြည့်နိုင်ရန် စေးကပ်ထောင်ခြောက်များအသုံးပြုပါ။ 


    -လှေးကျတဲ့အရွက်ကို အပင်မှညင်ညင်သာသာ ဖယ်လွင့်ပစ်ပါ။ 


    -လှေးပိုးဆိုးဆိုးရွားရွားစကျနေတဲ့အပင်ကို စိုက်ခင်းတွင်းမှ ဖယ်ရှားပါ။ 


    -စိုက်ခင်းကို ရေသွင်းရေထုတ်ကောင်းအောင်ပြုလုပ်ပါ၊ပုလဲမြေဩဇာ အလွန်အကျွံသုံးခြင်းရှောင်ပါ။ 


    -မိတ်ဆွေပိုးအရေအတွက် ထိန်းထားနိုင်ရန် ပိုးသတ်ဆေးစနစ်တကျအသုံးပြုပါ။ 


    -လှေးပိုးကျနိုင်သည့်အပင်မျိုး ငရုတ်ခင်းဘေးစိုက်ပျိုးခြင်း ရှောင်ကြဉ်ပါ။ 


    -ငရုတ်စိုက်ခင်း အတွင်းအပြင် ပေါင်းနှိမ်နင်းပါ။ 


    -အဝေးတစ်နေရာမှ လှေးပိုးများ မိမိစိုက်ခင်းဆီကူးစက်မှု ကာကွယ်ရန် စိုက်ခင်းပတ်လည် လေကာများပြုလုပ်ပါ။ 


    -မြေကြီးထဲအောင်းနေတဲ့ လှေးရုပ်ဖုံးများကို ထွန်ယက်ပြီး နေလှန်းပစ်ပါ။ 


     

    ငရုတ်လှေးပိုးတွင် အသုံးပြုနိုင်သော ဆေးအဆိပ်များကို စုစည်းဖော်ပြလိုက်ရပါသည်။ 


    ၁။ စပိုင်နီတိုရမ်( Spinetoram) 


    ၂။ အဘာမက်တင်(Abamectin) 


    ၃။ အဆီတာမီပရစ်(Acetamiprid) 


    ၄။ သိုင်ရာမီသိုဇမ်(Thiamethoxam) 


    ၅။ ဖစ်ပရိုနေး(Fipronil) 


    ၆။ ကလိုဖီနာ့ပျာ(Chlorfynapya) 


    ၇။ တိုဖန်ပရတ်(Tolfenpyrad) 


    ၈။ ဖလိုနီကာမစ်(တ)(Flonicamid) 


    ၉။ ဖော်မီတနိတ် ဟိုက်ဒရိုကလိုရိုဒ်(Formetanate hydrochloride) 



    ကိုးကား-plantix.net 


  • article
likes42comments0
views4280