cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

၁.၅.၂၀၂၃ မှ ၅.၅.၂၀၂၃ ရက်နေ့ထိ ဈေးကွက်သုံးသပ်ချက်

. Market Price
-မတ်ပဲစျေး ဆက်တိုက်ဈေးမြင့်တက်ခဲ့ရာမှ ပြန်ကျဆင်း
-ပဲစင်းငုံနီဈေးမာနေတဲ့အခြေအနေဖြစ်
-ပဲတီစိမ်းအဝယ်သွက်နေပြီး ဈေးမြင့်တက်နေ
-ကြက်သွန်နီဆက်တိုက်ဈေးမြင့်တက်နေ
-နှမ်းစျေး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် အနည်းငယ်တက်
-နှမ်းညို၊ပန်းနှမ်း ဈေး မြင့်တက်လာ
  • မတ်ပဲ

    မတ်ပဲကတော့ ပိတ်ရက်အပြီးကတည်းက ဆက်တိုက်ဈေးမြင့်တက်ခဲ့ရာမှ ဒီတစ်ပတ်မှာတော့ ဈေးကပြန်ကျဆင်းသွားပါတယ်။ပြည်တွင်း ပဲဈေးကွက်အခြေအနေက လက်တလော မှာ ခန့်မှန်းရ ခက်နေတယ်လို့ပဲကုန်သည်အချို့က ဆိုပါတယ်။

    အိန္နိယနိုင်ငံရဲ့ ပဲလိုအပ်ချက်ကြောင့်အပြင် ပြည်တွင်းငွေတန်ဖိုးကျဆင်းလာတာတွေ၊ သယ်ယူပို့ဆောင် စရိတ်မြင့်တက်လာ တာတွေ၊မူဝါဒအပြောင်းအလဲ တွေ ကြောင့် ပဲဈေးက မြင့်တက်လာခဲ့တာဖြစ်ပြီး မလိုအပ်ပဲ ဈေးဆွဲတင်တာတွေကြောင့်လည်း အတက်အကျက ခန့်မှန်းရခက်နေတာလို့ ပဲခူးတိုင်း ဒေသကြီး အတွင်း မှာ ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။

    အိန္ဒိယနိုင်ငံကတော့ မတ်ပဲလိုအပ်ချက်က မြင့်မားနေတာဖြစ်လို့ မတ်ပဲဈေးကတော့ အတက်ဈေးနဲ့ပဲ လတ်တလော မာနေဦးမယ်လို့သုံးသပ်ပါတယ်။

    ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ(FAQ/RC) တစ်တန်ကို ၂၁၅၆၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၂၇၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

    မန္တလေးဈေးကွက်မှာလည်း တစ်အိတ်ကို ၂၀၈၀၀၀ ကနေ ၂၁၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၅၀၀ လောက်ဈေးမြင့်တက်ပါတယ်။

    မုံရွာဈေးကွက်၊အောင်လံဈေးကွက်၊မော်လမြိုင်ဈေးကွက်၊ပြည်ဈေးကွက် တို့မှာ မတ်ပဲ က တစ်တင်း ကို ၆၆၀၀၀ ကနေ ၆၉၅၀၀ ကြားပေါက်ဈေးရှိပြီး တစ်တင်းကို ၅၀၀ လောက် ဈေးတက် ပါတယ်။

    ပဲစင်းငုံနီ

    ပဲစင်းငုံနီကလည်း ဈေးပြန်ကျဆင်းသွားပါတယ်။ပဲစင်းငုံနီကတော့ လက်ရှိမှာ လက်ကျန်မရှိတော့သလောက် ဖြစ်နေပြီး ပြည်တွင်းဈေးကွက်မှာတော့ အရောင်းအဝယ်မရှိဘူးလို့ ပဲကုန်သည်တွေက ဆိုပါတယ်။ လှောင်လက်အနည်းငယ်သာ ရှိပြီး ဈေးကွက်ထဲ ဈေးမာနေတဲ့အခြေအနေဖြစ်ပါတယ်။

    အိန္ဒိယလိုအပ်ချက် မြင့်နေတာ ဖြစ်လို့ ပဲကုန်သည်တွေ ဈေးကစားရင် ကြားဝင်ထိန်းချုပ်မယ်လို့ အိန္ဒိယအစိုးကရ ထုတ်ပြန်ကြေညာထားပါတယ်။

    ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၂၄၁၅၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၃၅၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

    မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၂၃၀၀၀၀ ကနေ ၂၃၁၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျပ်ဈေးကျဆင်းပါတယ်။

    နယ်ဈေးကွက်တွေဖြစ်တဲ့ ပခုက္ကူ၊မုံရွာ နှင့် အောင်လံဈေးကွက်မှာတော့ ၇၆၂၀၀ ကနေ ၇၆၆၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၅၀၀ ‌ေ လာက်ဈေးကျဆင်းသွားပါတယ်။

    ပဲတီစိမ်း

    ပဲတီစိမ်းကတော့ ဈေးကွက်ထဲ အဝယ်သွက်နေပြီး ဈေးမြင့်တက်နေပါတယ်။တရုတ်ဝယ်လက်တွေ ပုံမှန်ရှိနေပြီး ဈေးကွက်ထဲကိုလည်း ပုံမှန်ဝင်နေတယ်လို့ဆိုပါတယ်။နယ်ဈေးကွက်တွေမှာတော့ ပြီးခဲ့တဲ့အပတ်ကတည်းက ဈေးမြင့်တက်နေခဲ့တာဖြစ်ပေမယ့် ဒီတစ်ပတ်မှာတော့ဈေးကအနည်းငယ် လျော့နည်း သွားပါတယ်။

    ရန်ကုန်ဈေးကွက်မှာတော့ ပဲတီစိမ်း(ခရမ်းရွှေဝါ)က တစ်ပိဿာကို ၃၈၃၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၀ ကျပ်၊ပဲတီစိမ်း(ပဲခူးရွှေဝါ)က တစ်ပိဿာကို ၃၆၃၀ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀ ကျပ်၊ပဲတီစိမ်း(ဝါးခယ်မ)က တစ်ပိဿာကို ၂၂၅၀ ကနေ ၂၇၅၀ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

    မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်းက တစ်အိတ်ကို ၁၉၀၀၀၀ ကနေ ၂၂၃၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

    ပခုက္ကူဈေးကွက်မှာတော့ တစ်တင်းကို ၆၇၁၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

    မော်လမြိုင်ဈေးကွက်မှာလည်း တစ်တင်းကို ၅၀၀၀၀ ကနေ ၆၈၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။

    ကြက်သွန်နီ

    ကြက်သွန်နီကတော့ဆက်တိုက်ဈေးမြင့်တက်နေပါတယ်။ပြည်ပဝယ်လက်တွေ ဈေးကွက်ထဲ အဝယ် များနေလို့ ဈေးမြင့်တက်နေတာဖြစ်ပြီး ဈေးကွက်ထဲ ကြက်သွန်နီအဝင်ကလည်းပြီးခဲ့ တဲ့အပတ်နဲ့ ယှဉ်ရင် ထက်ဝက်နီးပါးလျော့ကျသွားပါတယ်။ဘုရင့်နောင်ဈေးကွက်ထဲကို ကားအစီးရေ ၁၆ စီးသာ ဝင်ရောက်ပြီး ပိဿာချန် ၁ သိန်းနီးပါးသာ ဈေးကွက်ထဲ အဝင်ရှိနေတာ ဖြစ်ပါတယ်။

    ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ကြက်သွန်နီ (ဆိပ်ဖြူ)က တစ်ပိဿာကို ၁၈၀၀ ကနေ ၂၂၀၀ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀၀ ကျပ်ဈေးတက်လာပါတယ်။

    ပခုက္ကူဈေးကွက်မှာတော့ ကြက်သွန်နီက တစ်ပိဿာကို ၁၆၀၀ ကနေ ၂၀၀၀ ကျပ်ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၅၀ ကျပ်ဈေးကျတက်လာပါတယ်။မြင်းခြံမှာတော့ တစ်ပိဿာကို ၁၀၀၀ ကနေ ၂၀၀၀ ပေါက်ဈေးရှိပြီး ၄၅၀ ကျပ်ဈေးတက်လာပါတယ်။

    တစ်လအတွင်း ကြက်သွန်နီ တစ်ပိဿာကို ၁၀၀၀ နီးပါးဈေးမြင့်တက်လာခဲ့ပါတယ်။ကြက်သွန် အဝင်ပုံမှန်ရှိရင်တော့ ဈေးတွေ အနည်းငယ်ပြန်ကျဆင်းနိုင်တယ်လို့ ကုန်သည်အချို့က ဆိုပါတယ်။

    နှမ်း

    နှမ်းဈေးကွက်ကတော့ ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် အနည်းငယ်ဈေးတက်ပေမယ့် ဈေးကွက်အတွင်း ဈေးအတက်အကျ သိပ်မရှိပဲ ဈေးငြိမ်နေခဲ့ပါတယ်။အချို့နှမ်းတွေလည်း ဈေးကွက်ထဲ လက်ကျန်မရှိတော့ပဲ အရောင်းအဝယ်လည်း အေးနေတာ ဖြစ်ပါတယ်။အချို့ နှမ်းတွေကတော့ဈေးကွက်ထဲ အဝင်နည်းပြီးအရောင်းအဝဘ်သွက်နေပါတယ်။

    နှမ်းနက်(စမုံ)ကတော့ ဈေးကွက်ထဲ ပုံမှန်အဝယ်ရှိပေမယ့် အရည်အသွေးပေါ်မူတည်ပြီး ဈေးကောင်းရရှိနေတာဖြစ်ပါတယ်။မန္တလေးဈေးကွက်မှာ နှမ်းနက်(စမုံ)က ၂၅၅၀၀၀ ကနေ ၂၉၅၀၀၀ ကြားပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင်တော့ တစ်အိတ်ကို ၅၀၀၀လောက်ဈေးမြင့် တက်လာပါတယ်။

    နှမ်းညို

    နှမ်းညိုကလည်း ဈေးကွက်ထဲ အဝင်ကျဲပေမယ့် အရောင်းအဝယ်ရှိနေပြီး ဈေးကလည်း အနည်းငယ်တက်လာပါတယ်။ မန္တလေးဈေးကွက်မှာ တစ်အိတ်ကို ၂၆၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်ဈေးတက်လာပါတဘ်။မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၈၇၀၀၀ပေါက်ဈေးရှိပါတယ်။

    ပန်းနှမ်း

    ပန်းနှမ်းကတော့ဈေးကွက်ထဲ ပစ္စည်းလက်ကျန်လျော့နည်းနေပြီး ဈေးကလည်း မြင့်တက်နေပါတယ်။မန္တလေးဈေးကွက်မှာ တစ်အိတ်ကို ၁၈၅၀၀၀ ကနေ ၁၈၇၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကိ ၂၀၀၀ ကျပ်ဈေးတက်လာပါတယ်။

    AMIA

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးစျေးကွက်သုံးသပ်ချက်သတင်းနှင့် နေ့စဥ်သီးနှံစျေးနှုန်းများကို အချိန်မှီ သိရှိနိုင်ရန် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/




  • article
likes7comments0
views2844