cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

အိန္ဒိယနိုင်ငံတွင် ပဲလိုအပ်ချက်များသည့် အတွက် ပြည်တွင်းပဲစျေးမြင့်တက်နေ

. Market Price
ပြည်တွင်းပဲများကိုအိန္ဒိယ စျေးကွက် တခုကိုသာ အဓိက ထားတင်ပို့နေခြင်းဖြစ်ပြီး ပြည်တွင် ပဲစျေးနှုန်း ကျဆင်းခြင်း နှင့် မြင့်တက်ခြင်းသည် အိန္ဒိယနိုင်ငံနှင့် တိုက်ရိုက်သက်ဆိုင်လျက်ရှိသည်။
  • အိန္ဒိယနိုင်ငံတွင် ပဲလိုအပ်ချက် ရှိနေသည့် အတွက် ပဲစျေးများ မြင့် တက်နေ ကြောင်း စျေးကွက် မှ သိရပါသည်။


    ပြည်တွင်းပဲများကိုအိန္ဒိယ စျေးကွက် တခုကိုသာ အဓိက ထားတင်ပို့နေခြင်းဖြစ်ပြီး ပြည်တွင် ပဲစျေးနှုန်း ကျဆင်းခြင်း နှင့် မြင့်တက်ခြင်းသည် အိန္ဒိယနိုင်ငံနှင့် တိုက်ရိုက်သက်ဆိုင်လျက်ရှိသည်။


    ယခုနှစ်တွင် အိန္ဒိယနိုင်ငံ ၌ ပဲအထွက်နှုန်း နည်း ခဲ့၍ ပဲလိုအပ်ချက်ရှိကာ မြန်မာနိုင်ငံ မှ ပဲများ အားဝယ်ယူလျက်ရှိ၍ ပဲစျေးများမြင့်တက်နေခြင်း ဖြစ်ကြောင်းသိရသည်။


    ထို့အပြင် ပြည်တွင်း တွင်လည်းပဲ အထွက်နှုန်း နည်းနေသည် အတွက်

    အရောင်းအဝယ် ဖြစ်ကာ စျေးနှုန်း မြင့်လာ ခြင်းဖြစ်ကြောင်း လည်း သုံးသပ်ကြသည်။


    “ ပဲစျေးတွေ တက်နေတယ်။ပဲစျေးတက်က အဓိက အိန္ဒိယလိုအပ်ချက် ရှိလို့ ပါ။ပဲအထွက်နှုန်းနည်းခဲ့တယ်။ပြည်တွင်း အထွက်နှုန်းမှာလဲ ပဲစင်းငုံက လုံးဝလျော့တယ်။တန်ချိန် တစ်သိန်းခွဲ နှစ်သိန်းလောက်ပဲထွက်တယ် ၊မတ်ပဲလည်းလျော့တယ်။ မနှစ်ကအခံနဲ့မှ တန်ချိန်၄သိန်းလောက်ပဲရှိမယ်။” ဟု အောင်လံ မြို့ ကုန်စည်ဒိုင်မှ ပဲကုန်သည် ဦးအောင်မိုး ကပြောသည်။


    ယခင်က မတ်ပဲ တစ်တန်လျှင် ၁၈သိန်း သာရှိခဲ့ ပြီးလက်ရှိ တွင် သိန်း၂၁ နှင့် ၇သောင်း အထိ ပြန် တက်လာခြင်း ဖြစ်ကြောင်းသိရသည်။


    ယင်းအပြင်လက်ရှိ ပဲစိမ်းငုံ တစ်တန်လျှင် ၂၄သိန်း ၇သောင်း၅ထောင် အထိ ပေါက်စျေးရှိ ကြောင်းသိရသည်။


    လက်ရှိ အိန္ဒိယ က ပဲတင်သွင်းကို အခွန်ကင်းလွတ်ခွင့်ပေးထားခြင်း ဖြစ်ကြောင်းကုန်သည်များ ကပြောသည်။


    “တင်ပို့မူအခြေအနေက အိန္ဒိယက တောက်‌ေလျှာက်၀ယ် နေတာပဲ၊ဒီခြားထဲ ဒီဘက်က မရောင်းနိုင်ဘူးဖြစ်နေတာတွေရှိတယ်ဒါကြောင့်ပဲမျိုးစုံက အကုန်တက်မှာ ” ဟုပဲကုန်သည်တစ်ဦးကပြောသည်။


    ပြည်ပ ပေါက်စျေး FOB အနေဖြင့် မတ် ပဲ တစ်တန်လျှင် ဒေါ်လာ ၉၁၀မှ ၉၁၅ ထိ ရှိပြီး ပဲစိမ်းငုံ တစ်တန်လျှင် ဒေါ်လာ ၁၀၁၀မှ ၁၀၂၀ ကျော် ထိရှိကြောင်း သိရသည်။


    အိန္ဒိယ အနေဖြင့် ပြည်တွင်းမတ်ပဲ ထက် ပဲစင်းငုံ ကို ပိုမိုဝယ်ယူ လျက်ရှိ

    ကြောင်း သိရသည်။


    အကြောင်းအမျိုးမျိုးကြောင့်ပြည်ပသို့ ပဲ တင်ပို့မူ ယခင်နှစ်များ နှင့်ယှဉ်ပါက ထက်ဝက်ကျဆင်းလျက်ရှိကြောင်း ပဲကုန်သည်များထံ မှ သိရသည်။


    ယခုနှစ် တွင် ပဲစင်းငုံ တန်ချိန် တစ်သိန်းခွဲနှင့် မတ်ပဲ တန်ချိန်တစ်သိန်းကျော်အထိ တင်ပို့ပြီးသွားပြီ ဖြစ်ကြောင်းသိရသည်။


    ဖိုးချဲ (AMIA)

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes
5
comments
0
views
4070