cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ဖရဲသီးစားသုံးခြင်းက ကျန်းမာရေးကို အထောက်အကူပြုပုံ (အပိုင်း-၂)

. Health Tips
၉ ။အရေပြားနဲ့ ဆံပင်ကျန်းမာရေးကို တိုးတက်စေခြင်း

ဖရဲမှာ Vitamin C ကြွယ်ဝပါတယ်။ အဲဒီဓာတ်ဟာ Collagen လို့ခေါ်တဲ့ ပရိုတင်းဓာတ်တစ်မျိုးတည်ဆောက်ရာမှာ မရှိမဖြစ်လိုအပ်ပါတယ်။ အဲဒီ Collagen က အရေပြားကို ချောမွတ်စေပြီးတော့ ဆံပင်ကိုလည်း ကျန်းမာသန်စွမ်းစေပါတယ်။ ဖရဲသီးထဲမှာ ပါဝင်တဲ့ Vitamin A ကလည်း အရေပြားကျန်းမားရေးအတွက် အရေးပါပါတယ်။ အဲဒီ Vitamin A ဟာ အရေပြား ဆဲလ်အသစ်တွေကို ပြန်လည်ဖြစ်ပေါ်စေပါတယ်။

  • ၁ဝ ။ အရိုးကျန်းမာရေးအတွက် ကူညီပေးခြင်း

    Vitamin C က အရိုးတွေသန်မာဖို့ရန်နဲ့ အနာဖေးပြန်တက်ဖို့ရန်အတွက် ကူညီပေးပါတယ။် Vitamin C က အရိုးကြီးထွားမှုအတွက်လည်း အကူအညီပေးပါတယ်။

    ၁၁ ။ဝိတ်ကျစေခြင်း

    ဖရဲသီးရဲ့ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အချက်တွေများစွာထဲက တစ်ချက်ကတော့ ခန္ဓာကိုယ်အလေးချိန်ကို ကျစေတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဖရဲသီးမှာ ရေဓာတ်ပါဝင်မှု များပြီး ကယ်လိုရီနည်းနည်းဘဲ ပါဝင်ပါတယ်။ ဒါကြောင့် ရေဓာတ်က ခန္ဓာကိုယ်တွင်း ဇီဝကမ္မ ဖြစ်စဉ်ကို မြန်ဆန်စေတဲ့ အပြင် အဆိပ်အတောက်တွေနဲ့ အဆီပိုတွေကို ဖယ်ရှားပေးပါတယ်။ ဒါကြောင့်မလို့ ခန္ဓာကိုယ်အလေးချိန်ကို ကျစေပါတယ်။

    ၁၂ ။ ကျောက်ကပ်ကိုလည်း အထောက်အကူပြုစေခြင်း

    ဖရဲသီးမှာ Potassium ဓာတ်ပါဝင်ပေမဲ့ အခြားသော အစားအစာတွေနဲ့ ယှဉ်ကြည့်လိုက်မယ်ဆိုရင် ပါဝင်တဲ့ပမာဏက နည်းပါတယ်။ ဒါကြောင့်မို့ ကျောက်ကပ်ရောဂါကို ရေရှည်ခံစားနေရပြီး Potassium နည်းတဲ့ အသီးတွေကို ရွေးချယ်စားသောက်ဖို့ိလိုတဲ့သူတွေအတွက် ဖရဲသီးက သင့်တော်ပါတယ်။ ဒါပေမဲ့ အချို့သော ကျောက်ကပ်ရောဂါကို ရေရှည်ခံစားနေရတဲ့သူတွေအတွက်ကတော့ သူတို့ကျောက်ကပ်တွေက သွေးထဲမှာပိုလျှံနေတဲ့ Potassium ကိုဖယ်ရှားနိုင်စွမ်းမရှိတော့ပါဘူး။ အဲတော့ ဖရဲသီးစားမယ်ဆိုရင် သွေးထဲမှာ Potassium ပမာဏကို မြင့်တက်စေမှာ ဖြစ်တဲ့အတွက် မစားသင့်ပါဘူး။

    Source: https://www.stylecraze.com/.../benefits-of-watermelon.../

    -------


  • article
likes
11
comments
0
views
3448