cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မိုးဦးအမီ မြေပဲစိုက်ကြမယ်

. Cultivation Methods
မြေပဲသီးနှံ တစ်ဧကလျှင်ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် အထောက်အကူပြု ပေးနိုင်သည့် အောက်ဖော်ပြပါ မြေပဲသီးနှံစိုက်ပျိုးနည်းစနစ်များအတိုင်း ဆောင်ရွက်သွားရမည် ဖြစ်ပါသည်။
  • စိုက်ပျိုးနည်းစနစ် 


    -   မျိုးစေ့နှုန်းမှာတစ်ဧကလျှင်မြေပဲတောင့် (၆-၈တင်း)လိုအပ်ပြီး ပင်ထောင်မြေပဲကို တန်းကြား၊ ပင်ကြား (၁၅" x ၄") နှင့် တစ်ဧက အပင်ဦးရေ တစ်သိန်းခန့်၊ ပင်ပြန့်မြေပဲ တန်းကြား၊  ပင်ကြား  


    -   (၁၈" x ၄") နှင့် အပင်ဦးရေ တစ်ဧက (၈၅၀၀၀) ခန့်ရှိရမည်။ 


    -  တစ်ဧကလျှင် နွားချေး/မြေ ဆွေးလှည်း(၅-၁၀) စီး နှုန်း၊ ယူရီးယား (၂၈-၅၆) ပေါင်၊ တီစူပါ(၈၄ - ၁၁၂) ပေါင်နှင့် ပိုတက်ရှ် (၂၈) ပေါင်နှုန်းကို စိုက်ထယ်ရေး ပြင်ချိန်ထည့်ပေးပါ။ လချေးမှုန့်မြေဩဇာ (၂၀၀-၂၅၀)ပေါင်နှုန်းကို မြေခံ(သို့) နောက်ဆုံးကြားလိုက်ချိန်(မြေတွင်းအစိုဓါတ်ရှိချိန်)၌ အပင်ခြေ တွင်ထည့်ပေးပါ။ ပဲမြစ်ဖုဇီဝမြေဩဇာကို တစ်ဧကလျှင်(၁) ထုပ်နှုန်းဖြင့် မျိုးစေ့နှင့်လူးနယ်စိုက်ပျိုး သင့်သည်။ 


    -  အပင်ငယ်စဉ် စုပ်စားပိုး၊ ရွက်လိပ်ရွက်ကပ်ပိုးများ ကျပါကပင်လုံးပြန့်ထိတွေ့ပိုးသတ်ဆေးတစ်မျိုးမျိုး ပက်ဖျန်းနှိမ်နင်းပါ။ ဖိုးလမင်းကျိုင်းနှင့် ခြများကျ ရောက်ပါကပင်လုံးပြန့် ထိတွေ့ပိုးသတ်ဆေးခဲကို စိုက်ချိန်တွင် စိုက်ကြောင်းအတွင်းထည့်ပေးပါ။ 


    -   မြစ်ပုပ်၊ ခါးရိ၊ အစေ့ပုပ်ရောဂါများမှ ကာကွယ်ရန် မျိုးစေ့ကိုမှိုသတ်ဆေးတစ်မျိုးမျိုးဖြင့် လူးနယ်စိုက် ပျိုးပါ။ ရွက်ပြောက်ရောဂါကျရောက်သောဒေသများတွင် သင့်တော်သည့်မှိုသတ်ဆေးဖြင့်ကာကွယ် နှိမ်နင်းပါ။ 

     

    မြေအမျိုးအစား 


    -   နုံးမြေနှင့်သဲမြေတို့သည် မြေပဲစိုက်ပျိုးရန်အသင့်တော်ဆုံးမြေအမျိုးအစားများဖြစ်ပါသည်။ 


    - မြေပဲသီးနှံဖြစ်ထွန်းရန် မြေအချဉ်ငံဓာတ် (၅.၅) ထက် နိမ့်သောမြေနှင့် ဆားပေါက်မြေများတွင် မစိုက် သင့်ပါ။ ရေသွင်း/ရေထုတ်လွယ်ကူသည့်မြေဖြစ်ရမည်။  


     

     


      


    စိုက်ပျိုးချိန် 


    -   မြေပဲသီးနှံကို မိုးဦး၌ မေနှင့်ဇွန်၊ မိုးလယ်၌သြဂုတ် ၊ မိုးနှောင်းတွင်အောက်တိုဘာ၊ နိုဝင်ဘာလ များတွင်စိုက်ပျိုးသင့်သည်။ 


     

     


      


    မျိုးရွေးချယ်ခြင်း 


    -   ရေမြေဒေသနှင့်ကိုက်ညီသောမျိုး၊အပင်ပေါက်(၈၀)% အထက်ရှိသောမျိုးစေ့ကိုတစ်ဧကလျှင် မျိုးစေ့ (၁.၅ -၂)တင်းနှုန်းအသုံးပြုစိုက်ပျိုးပါ။ 


    -   မျိုးစေ့ဆောင်ရောဂါများကင်းစင်ပြီးရာသီဥတုဒါဏ်၊ ပိုးမွှား/ရောဂါဒါဏ်ခံနိုင်သောမျိုးများကို ရွေးချယ် စိုက်ပျိုးသင့်သည်။ မိုးခေါင်ဒေသများအတွက် (ဥပမာ ဆင်းပဒေသာ-၆၊ ၁၂၊ မကွေး-၁၁) မြေပဲမျိုး များကိုရွေးချယ်စိုက်ပျိုးသင့်သည်။ 


     

     


    သက်တမ်းအလိုက်အပင်ပြုစုစောင့်ရှောက်ခြင်း 


      


    -   စိုက်ပြီး(၃၀-၃၅)ရက်အတွင်း ပေါင်းမြက်များအပြီးရှင်းပါ။ အထက်စွယ်များကို အတောင့်ဖြစ်စေရန် ပန်းဖြိုင်ချိန်မှစ၍ နောက်ပိုင်းတွင် ဘောင်တင်ခြင်း မပြုလုပ်ရပါ။ စွယ်ချချိန်နှင့် အဆံဖြည့်တင်းချိန် များဖြစ်သော အပင်သက်တမ်း (၄၅-၇၅) ရက်သား အတွင်းအစိုဓါတ်လိုအပ်ပါကရေသွင်းပေးပါ။ 


     

     


      


    ရိတ်သိမ်းချိန်လွန်လုပ်ငန်းများ 


      


    -   မြေပဲတောင့် ၇၀%ရင့်မည့်ချိန် ရိတ်သိမ်းသင့်သည်။  


    -   မျိုးအဖြစ်အသုံးပြုမည့် စိုက်ခင်းကိုရေသွင်း၍ နှုတ် သိမ်းခြင်းမပြုလုပ်ရ။ 


    -   မြေပဲတောင့်များ အခြောက်ခံရာတွင် မြေကြီးနှင့် တိုက်ရိုက်မထိစေရန်မိုးကာ၊ဖျာ၊ ကွန်ကရစ်တလင်း များပေါ်တွင် လှမ်းသင့်သည်။  


    -  မြေပဲပင်များကိုနှုတ်ပြီး ချက်ချင်းဆွတ်ကာနေပြင်း ပြင်းတွင်ပါးပါး(၃-၄)ရက် အခြောက်ခံရန်နှင့် အစိုဓါတ်(၆-၇%) ထိရှိရန်လိုအပ်သည်။ လုံးပိန်၊ လုံးညှက်၊ ဖုံ၊ သဲ၊ ခဲများကို လူ/စက်ကိရိယာများ အသုံးပြု၍ဖယ်ရှားသန့်စင်သင့်သည်။ 


     

     


    တန်ဖိုးမြှင့်ထုတ်ကုန်များ 


    -   မြေပဲသီးနှံမှ ထုတ်လုပ်နိုင်သော တန်ဘိုးမြှင့်ထုတ်ကုန်များမှာ မြေပဲဆီ၊ မြေပဲယို၊ မြေပဲလှော်၊ ပဲဖတ် စသည်တို့ဖြစ်ပါသည်။ 


    Source:MOALI 

     


     


  • article
likes
21
comments
4
views
5166