cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

အခုနှစ် မိုးရာသီအတွက် ဓာတ်မြေဩဇာ တန်ချိန် ၁ ဒသမ ၂ သန်းခန့်နှင့် ပိုးသတ်ဆေးတန်ချိန် ၃၈,၀၀၀ ကျော် ခွင့်ပြုထောက်ခံပေးဖို့ လုပ်ငန်းရှင်တို့ တင်ပြထား

. All News
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် မိုးရာသီမှာ စိုက်ပျိုးမယ့် စပါးအပါအဝင် အခြားသီးနှံ ရှစ်မျိုးအတွက် စိုက်ပျိုးရန် လျာထားဧက ၂၂ ဒသမ ၄၈ သန်းရှိရာ ယူရီးယား၊ ကွန်ပေါင်း ၊ တီစူပါ နှင့် ပိုတက် စုစုပေါင်း ဓာတ်မြေဩဇာ တန်ချိန် ၂ ဒသမ ၈၇ သန်းခန့် နှင့် ပိုးသတ်ဆေး မတ်ထရစ်တန် ၃၄,၄၈၉ တန်လိုအပ်နိုင်ချေရှိနေတာပါ။
  • အခုနှစ်မိုးရာသီအတွက် ကနဦးအနေဖြင့် ဓာတ်မြေဩဇာ တန်ချိန် ၁ ဒသမ ၂ သန်းခန့်နှင့် ပိုးသတ်ဆေးတန်ချိန် ၃၈,၀၀၀ ကျော် ခွင့်ပြုထောက်ခံပေးဖို့ ယူရီးယား ဓာတ်မြေဩဇာ ဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီကို တင်ပြထားတယ်လို့ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေး ဆေးလုပ်ငန်းရှင်များအသင်းက သိရပါတယ်။

    ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် မိုးရာသီမှာ စိုက်ပျိုးမယ့် စပါးအပါအဝင် အခြားသီးနှံ ရှစ်မျိုးအတွက် စိုက်ပျိုးရန် လျာထားဧက ၂၂ ဒသမ ၄၈ သန်းရှိရာ ယူရီးယား၊ ကွန်ပေါင်း ၊ တီစူပါ နှင့် ပိုတက် စုစုပေါင်း ဓာတ်မြေဩဇာ တန်ချိန် ၂ ဒသမ ၈၇ သန်းခန့် နှင့် ပိုးသတ်ဆေး မတ်ထရစ်တန် ၃၄,၄၈၉ တန်လိုအပ်နိုင်ချေရှိနေတာပါ။

    ဒါကြောင့် လိုအပ်နိုင်ချေရှိ စာရင်းများကို စိုက်ပျိုးရေးဦးစီးဌာနသို့ တင်ပြထားပြီး အခုနှစ်မိုးရာသီ အတွက် ဓာတ်မြေဩဇာတန်ချိန် ၁ ဒသမ ၂ သန်းခန့်နှင့် ပိုးသတ်ဆေးတန်ချိန် ၃၈၈၅၀ တန်ကို ကနဦးခွင့်ပြု ထောက်ခံ ပေးနိုင်ရေး ဦးဆောင်ကော်မတီ ကိုတင်ပြထားတာဖြစ်တယ်လို့ မြန်မာနိုင်ငံ မြေဩဇာ၊မျိုးစေ့ နှင့် စိုက်ပျိုးရေးဆေး လုပ်ငန်းရှင်များအသင်းက သိရပါတယ်။

    ဒါနဲ့ပတ်သက်လို့ ယူရီးယား ဓာတ်မြေဩဇာ ဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ ဥက္ကဌ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကတော့ တောင်သူတွေအတွက်လည်း စံချိန်စံညွှန်း ပြည့်မီတဲ့ ဓာတ်မြေဩဇာများ ၊ ပိုးသတ်ဆေးများကိုဈေးနှုန်းသက်သာစွာ အချိန်မီ ဖြန့်ဖြူးရောင်းချနိုင်ရေး အလေး ထားဆောင်ရွက်နေသလို အခု ၂၀၂၃ ခုနှစ် ဧပြီကုန်အထိ ယူရီးယား ဓာတ်မြေဩဇာ တန်ချိန် ၁၁ ဒသမ ၂၂ သိန်း နှင့် ကွန်ပေါင်း ဓာတ်မြေဩဇာ တန်ချိန် ၁၁ ဒသမ ၁၁ သိန်း တင်သွင်းနိုင်ဖို့ကိုလည်း စိစစ်ထောက်ခံ ဆောင်ရွက် ပေးခဲ့သလို ပိုးသတ်ဆေးများတင်သွင်းနိုင်ဖို့ကိုလည်း ထောက်ခံပေးခဲ့တယ်လို့ ပြောကြားထား ပါတယ် ။

    ဦးဆောင်ကော်မတီအနေနဲ့ နှစ်ပတ်လျှင်တစ်ကြိမ် ရည်ညွှန်းဈေးနှုန်းများကို နေပြည်တော်/ တိုင်းဒေသကြီး အစိုးရအဖွဲ့များထံသို့ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၆ ရက်မှ စတင် ထုတ်ပြန်ပေးလျက်ရှိရာ ယခု အချိန်ထိ ၇ ကြိမ်မြောက်ရှိပြီဖြစ်ပြီး ယူရီးယား ၅၀ ကီလို တစ်အိတ်လျှင် ၇၆,၀၀၀ ကျပ်၊ ကွန်ပေါင်း တစ်အိတ်လျှင် ၁၂၀,၀၀၀ ကျပ်နှုန်းဖြင့် ရန်ကုန်အထိုင်ဈေးနှုန်းအဖြစ် ဖြန့်ဖြူးရောင်းချပေးလျက်ရှိနေတယ်လို့ သိရပါတယ်။

    အဲလို ရောင်းချရာမှာလည်း တောင်သူများအတွက် ပြင်ပပေါက်ဈေးအောက် ၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်း လျှော့ချ၍ ရောင်းချနိုင်အောင် စီမံဆောင်ရွက်ပေးလျက်ရှိပြီး ယခုဆိုလျှင် နိုင်ငံတကာ ဈေးနှုန်းမှာ ယူရီးယားမြေဩဇာ ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၃၀၀ နဲ့ ၄၀၀ အကြား တည်ရှိနေတဲ့အတွက် လာမည့်မိုးစပါးရာသီတွင် သက်သာတဲ့ ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချနိုင်ရေး မျှော်မှန်းထားတယ်လို့လည်း သိရပါတယ်။

    သတင်း-MFN

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes5comments0
views1327