ဇွန်လမိုးလေဝသအတွက် စုစုစံရဲ့ကြိုတင်ခန့်မှန်းချက်
Hello JUNE🌧🌧🌧🌧🌧
၂၀၂၃ ဇွန်လ ပထမပတ်အတွင်း ကပ္ပလီပင်လယ်ပြင်မှာလေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နိုင်ပြီး ဒုတိယပတ်နှင့်တတိယပတ်တွေမှာ ဘင်္ဂလားပင်လယ်အော်ရခိုင်ကမ်းရိုးတန်းအနီးလေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်လာကာ မြန်မာတစ်နိုင်ငံလုံးကိုမုတ်သုန်လေလွမ်းခြုံရောက်ရှိသွားစေနိုင်ပါတယ်
ဇွန်လအတွင်း မွန်ပြည်နယ် ကရင်ပြည်နယ် ပဲခူးတိုင်းနှင့်ရန်ကုန်တိုင်းဒေသကြီးတွေမှာ
ရွာသွန်းမြဲထက် ၃ဆပိုမိုရွာသွန်းနိုင်ပြီး တနင်္သာရီတိုင်း ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်ဒေသတွေမှာ ရွာသွန်းမြဲထက်၂ဆပိုမိုရွာသွန်းနိုင်ကာ ကျန်ဒေသတွေကတော့ ရွာသွန်းမြဲခန့်သာရှိပါလိမ့်မယ်
issued time
16/05/2023 9:14am(MMT)
စပါးမျိုးတွေရွှေးချယ်စိုက်ပျိုးနိုင်ဖို့
ဇွန်လ မိုးဦးတင်ပေးပြီးသကာလ
ယခုခန့်မှန်းပေးမှာကတော့ဇူလိုင် သြဂုတ်လ စက်တင်ဘာလအတွက်ဖြစ်ပါတယ်
🌾🌾🌾🌧🌧🌧🌧
အဆိုပါလတွေမှာ ဘင်္ဂလားပင်လယ်အော်နှင့် မုတ္တမ ပင်လယ်ကွေ့တွေမှာ အားအသင့်အတင့်မှ အားအလွန်ကောင်းနိုင်ပြီး တနင်္သာရီတိုင်း မွန်ပြည်နယ်ကရင်ပြည်နယ်တွေမှာ ရွာသွန်းမြဲထက် ၃ဆ ကျော် ပိုမိုရွာသွန်းနိုင်လို့ ရေကြီးရေလျှံမှုတွေသတိထားရပါမယ်
ရန်ကုန်တိုင်းပဲခူးတိုင်း ဧရာဝတီတိုင်း နှင့် ရခိုင်ပြည်နယ်ဒေသတွေမှာ ရွာသွန်းမြဲထက် ၂ဆ ပိုမိရွာသွန်းနိုင်ပါတယ် အဆိုပါဒေသတွေအားလုံး မိုးဦး မိုးလယ် မိုးနှောင်း ကောင်းမွန်မှာဖြစ်လို့ မည်သည့်သက်တမ်း မည်သည့်မိုးစပါးများကို ရွေးချယ်စေရန်ခန့်မှန်းပေးလိုက်တာဖြစ်ပါတယ်
Long range လဝေးခန့်မှန်းချက်ဖြစ်လို့ ရှယ်ပေးထားကြပါ
ကျန်ဒေသတွေကတော့ ရွာသွန်းမြဲခန့်သာရှိနိုင်ပါတယ်
issued time
16/05/2023 12:50am(MMT)
Su Su San မင်း ဂွတ် သီး
𝐒𝐞𝐧𝐢𝐨𝐫 𝐌𝐞𝐭𝐞𝐨𝐫𝐨𝐠𝐢𝐬𝐭
𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝 𝐖𝐞𝐚𝐭𝐡𝐞𝐫 𝐟𝐨𝐫𝐞𝐜𝐚𝐬𝐭𝐞𝐫
&
𝐌𝐞𝐭𝐞𝐨𝐫𝐨𝐥𝐨𝐠𝐢𝐜𝐚𝐥 𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞 𝐎𝐟𝐟𝐢𝐜𝐞𝐫