cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ဆန်စပါးသိုလှောင်မယ်ဆိုရင် မှတ်ပုံတင်ရတော့မယ်

. All News
ဆန်ဈေးကွက်ထဲ အမြတ်များများရလိုမှုနဲ့ သမားရိုးကျမဟုတ်ဘဲ ဆန်ဈေးတက်အောင် သိုလှောင်နေတာတွေကို ထိန်းကျောင်းနိုင်ဖို့ ဆန်စပါး သိုလှောင်မှုလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာအစိုးရ - ပုဂ္ဂလိက လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းလိုက်တယ်လို့ ဆိုပါတယ်။
  • ပြည်တွင်းမှာ ဆန်အိတ်ရေ ၁၀၀၀ ( တန်ချိန် ၅၀)နဲ့ စပါးတင်း အရေအတွက် ၅၀၀၀ အထက် သိုလှောင်မယ်ဆိုရင် မှတ်ပုံတင်ရတော့မယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရပါတယ်။

    ဆန်ဈေးကွက်ထဲ အမြတ်များများရလိုမှုနဲ့ သမားရိုးကျမဟုတ်ဘဲ ဆန်ဈေးတက်အောင် သိုလှောင်နေတာတွေကို ထိန်းကျောင်းနိုင်ဖို့ ဆန်စပါး သိုလှောင်မှုလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာအစိုးရ - ပုဂ္ဂလိက လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းလိုက်တယ်လို့ ဆိုပါတယ်။

    အရင်က ဆန်စပါး သိုလှောင်မယ်ဆိုရင် မည်သည့်ဌာနကိုမှ စာရင်းတင်ပြစရာမလိုသလို မှတ်ပုံတင်လျှောက်ထားရတာမျိုးလည်းမရှိခဲ့ပေမယ့် လက်ရှိမှာတော့ မှတ်ပုံတင်ရတော့မှာဖြစ်ပြီး မလိုက်နာပါက ဥပဒေနဲ့အညီ အရေးယူခံရမှာဖြစ်တယ်လို့ သိရပါတယ်။

    မှတ်ပုံတင်လုပ်ငန်းတွေ စားသုံးသူရေးရာဦးစီးဌာနက တဆင့် ကြပ်မတ်ဆောင်ရွက်မှာဖြစ်ပြီး ICT နဲ့Digital နည်းပညာကို အသုံးပြုကာ အွန်လိုင်းကနေ မှတ်ပုံတင်ခြင်း (Online Registration) စနစ် ကျင့်သုံးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

    သိုလှောင်ရုံမှတ်ပုံတင်တဲ့ စနစ်မှာ တောင်သူလယ်သမားသိုလှောင်တဲ့ သိုလှောင်ရုံတွေတော့ ပါဝင်မှာမဟုတ်ဘူးလို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးကပြောကြားထားပါတယ်။

    ဆန်စပါး သိုလှောင်ထားမှုစာရင်းကောက်ယူနိုင်မယ်ဆိုရင် ဆန်ဝင်ဆန့်နိုင်တဲ့ သိုလှောင်ရုံအရေအတွက်၊ လက်ကျန်ပမာဏ စတာတွေကို သိရှိနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

    လက်ရှိဖွဲ့စည်းလိုက်တဲ့ ဆန်စပါး သိုလှောင်မှုလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာအစိုးရ - ပုဂ္ဂလိက လုပ်ငန်းအဖွဲ့မှာ စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက်၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်း၊ ဝါးတန်းဆန်စပါးကုန်စည်ဒိုင်၊ ဘုရင့်နောင်ဆန်စပါးကုန်စည်ဒိုင်တို့မှ ကိုယ်စားလှယ်တွေပါဝင်တယ်လို့ သိရပါတယ်။

    သတင်း- MyanmaPlatform မှကူးယူဖော်ပြပါသည်။

    ------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes16comments1
views4085