cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

မိုးမြေပဲအတွက် အကြံပြုချက်

. Cultivation Methods
မြန်မာနိုင်ငံတွင် စားသုံးဆီ ဖူလုံမှု မရှိသေးသော်လည်း အဓိက စားသုံးဆီရနိုင်သော မြေပဲနှင့် နှမ်းကို တစ်နှစ်ပတ်လုံး မိုးရာသီ၊ဆောင်းရာသီ၊ မိုးကြိုရာသီ (နွေဦး) တွင်လည်း စိုက်ပျိုးနေကြပါသည်။
  • အထွက်ကောင်းရန် မျိုးကောင်းမျိုးသန့် (မျိုးစေ့) ကို စိုက်ပျိုး စနစ်မှန်၊ ရာသီချိန်မှန် စိုက်ပျိုးကြလျှင် စားသုံးဆီလည်း ဖူလုံလာပါမည်။ တစ်နေရာ မဟုတ် တစ်နေရာ မြေပဲကို ရာသီမပြတ်စိုက်ပျိုးနေကြသည်မှာ ဧပြီလ (သြင်္ကန်မိုး) နှင့် မေလ မိုးဦးစောလျှင် စတင် စိုက်ကြပြီး မေလနှင့် ဇွန်လ၊ ဇူလိုင်လအထိ စိုက်ကြသည်။

    အများစုသည် မိုးရွာမှု စိတ်ချရသော (မုတ်သုံမိုးရွာချိန်) ဇွန်လ၌ စိုက်ကြလေ့ရှိသည်။

    တစ်ခါတစ်ရံ မိုးရွာမှုသည် ဇူလိုင်လထဲ၌ မိုးပါးတတ်သည်။ ထိုသို့သောကာလ ဧပြီလ၊ မေလ၊ ဇွန်လ စိုက်ပျိုးနိုင်ခဲ့သော မြေပဲခင်းများ ရေလိုအပ်ချိန် ရေမရသဖြင့်အထွက်နည်းသွားသည်။ ထိုအခါ မိုးဦးကာလ မြေပဲမစိုက်ကြဘဲ မိုးလယ်ကာလ သြဂုတ်လမှာ စိုက်ကြသည်။ ဆောင်းမြေပဲ၊ကိုင်းကျွန်းမြေပဲသည် စိုက်ပျိုးမှုများသော်လည်း ယာမြေများတွင် မိုးမြေပဲကို မိုးရွာမှု အားပြုစိုက်ပျိုးကြပါသည်။ ကိုင်းကျွန်းမြေနုမြေများတွင် မြစ်ရေကျချိန်မူတည်၍ စိုက်ချိန်မတူကြပါ။

    နုန်းတင်မြေနုမြေသြဇာ ထက်သန်သဖြင့် မြေထဲတွင် ဥဥသောမြေပဲအထွက်ကောင်းသည်။မြေပဲပင်သည် သက်တမ်းတစ်လျှောက် မြေအစိုဓာတ်ထိန်းနိုင်မှု အနည်း၊ အများပေါ်မူတည်၍ အောင်မြင်ဖြစ်ထွန်းသဖြင့် မိုးဦးကျစောစောစိုက်လျှင် အစိုဓာတ်ကောင်းကောင်းရသည်။ နောက်ကျစိုက်ခဲ့လျှင် အစိုဓာတ်နည်း၍ အထွက်ကျဆင်းသည်။

    မိုးဦးစိုက်ကြမည့် မြေပဲစိုက်ခင်းများကို မေလ၊ ဇွန်လ အပြီးသတ်စိုက်ပျိုးကြရပါသည်။ ဆောင်းမြေပဲကို စက်တင်ဘာလ၊ နိုဝင်ဘာလ စိုက်ကြပြီး မိုးကိုလည်းမမီ၊ ဆောင်းရာသီလည်း မရောက်သည့် စကောစက ကြားကာလ စကမြေပဲကို သြဂုတ်လလယ်စိုက်ကြသည်။ သီးနှံစိုက်ပျိုးမှုတွင် အထွက်ကောင်းရန်မှာ မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့ စိုက်ပျိုး၍ စိုက်ချိန်မှန်ကန်ရေး ဖြစ်သည်။

    နေရာ ဒေသအလိုက် လယ်ယာ လုပ်သားရှားပါးမှု အခက်အခဲနှင့် မျိုးဈေးနှုန်းကြီးမြင့်မှု အခက်အခဲများလည်း ရှိသည်။ သို့သော်စိုက်ချိန်မီရန်ကလည်း အရေးကြီးလှသည်။ မြေပဲသည် နှမ်းသီးနှံထက် မျိုးစေ့ဈေးနှုန်းနှင့် တစ်ဧကကုန်ကျစရိတ် ပိုများသည်။မိုးမြေပဲ၊ ဆောင်းမြေပဲ၊ စကမြေပဲရှိသကဲ့သို့ အပင်ပုံသဏ္ဌာန်အရ ပင်ထောင်မြေပဲ၊ ပင်ပြန့်မြေပဲ ရှိသည်။ စိုက်ပျိုးရေးသုတေသနက ထုတ်လုပ်သော မြေပဲမျိုးများတွင် မိုးနည်းမှု၊ ရေငတ်မှုဒဏ် ခံနိုင်သောမျိုး (ဆင်းပဒေသာ ၆)၊ မိုးများမှုဒဏ်ခံနိုင်သောမျိုး(ဆင်းပဒေသာ၅) စသော မျိုးကောင်းများရှိသည်။ မြေထဲမှာ ဥဥသဖြင့် သဲနုန်းမြေ၊ ထယ်ရေးနက်၊ ထွန်ရေးညက်ပြီး စိုက်ခင်းမြေ

    ညီညာမှုရှိရသည်။ မြေသြဇာထည့်ရာတွင် နွားချေး၊ သဘာဝမြေဆွေးနှင့် N-P-K အဓိက ဓာတ်သုံးမျိုးအပြင် လချေးကျောက်မှုန့်မြေသြဇာကိုလည်း တစ်ဧက ပေါင် ၂၀၀ သုံးသင့်သည်။

    ပဲမြစ်ဖုဇီဝမြေသြဇာကိုလည်း မျိုးစေ့နှင့် လူးနယ်စိုက်သင့်သည်။ မြေပဲစိုက်ချိန်မြေကြီးတွင် အစိုဓာတ် လုံလောက်အောင်ရှိသင့်သည်။မျိုးစေ့ကို မစိုက်ခင် အပင်ပေါက်စမ်းသင့်သည်။ ၈၀ ရာခိုင်နှုန်း အထက်ပေါက်မှ စိုက်သင့်သည်။ မြေသည် ချဉ်ငန်ဓာတ် ၅ ဒသမ၅ အထက် ရှိသင့်သည်။ မှိုရောဂါကင်းရှင်းရန် မျိုးစေ့ကို မှိုသတ်ဆေးလူးနယ်စိုက်ရမည်။ တစ်ဧက အပင်တစ်သိန်းဝန်းကျင် ရရှိရန်အတန်းလိုက် တန်းကြား ၁၂ လက်မ၊ ပင်ကြား လေးလက်မဖြစ်စေ၊ တန်းကြား ၁၅ လက်မ၊ ပင်ကြား လေးလက်မဖြစ်စေ စိုက်သင့်သည်။ မျိုးစေ့ကို မြေထဲသို့ နက်နက်မချဘဲ နှစ်လက်မခန့်သာ မြေချစိုက်ပျိုးသင့်သည်။ အပင်ငယ်စဉ် ပေါင်းမြက်အပြောင်ရှင်းသင့်သည်။

    ပန်းမပွင့်ခင်ကာလအထိ ပေါင်းရှင်းပြီး ပန်းပွင့်ချိန်မှစ၍ ပန်းပွင့်နှင့် စွယ်မထိခိုက်ရန် ပေါင်းမရှင်းပါနှင့်။ မိုးရာသီကာလတစ်လျှောက် မိုးဦး၊ မိုးလယ် (စက)၊ မိုးနှောင်း (ဆောင်း) မြေပဲစိုက်ကြရာတွင် ပထမမိုးရလျှင် စတင်စိုက်ပျိုးကြသော မိုးဦးစိုက်ပျိုးသောမြေပဲသည် မေလနှင့် ဇွန်လကုန်ထက် နောက်မကျဘဲ စိုက်ပျိုးသင့်ပါကြောင်း မြေပဲစိုက်ပျိုးကြသူ တောင်သူလယ်သမား၊ ယာသမားများကို အကြံပြုနှိုးဆော်လိုက်ရပါသည်။

    ကိုရဲ(စိုက်ပျိုးရေး)

    မြန်မာတောင်သူကြီးများ ဂျာနယ်


  • article
likes11comments1
views1779