cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

စားအုန်းဆီလက်ကားရည်ညွန်းဈေး ဆက်တိုက်ကျဆင်းလာ

. All News
လက်ကားရည်ညွှန်းဈေးထုတ်ပြန်ချက်များအရ ပြီးခဲ့သည့် မေလ ၂ရက်မှ ၇ ရက်ထိ ၄၅၇၀ ၊၈ ရက်မှ ၁၄ ရက် နေ့ထိ ငွေကျပ် ၄၅၀၀၊မေ၁၅ရက်မှ၂၁ ရက်ထိ ၄၄၂၀ ဖြစ်ရာ မေလဆန်းထက် ငွေကျပ် ၁၃၀ ကျဆင်းခဲ့သည်။
  • ပြည်ပမှတင်သွင်းသည့် စားအုန်းဆီ အခြေခံလက်ကားရည်ညွန်းဈေးကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊စာသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကောမတီအနေဖြင့် ဖြစ်သင့်ဖြစ်ထိုက် သည့် ဈေးနှုန်းသတ်မှတ်ပေးလျက်ရှိရာ ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ဆက်တိုက်ကျဆင်းလာပြီး မေ ၁၅ ရက်မှ ၂၁ ရက်နေ့ထိလက် ကားရည်ညွှန်းဈေးမှာ တစ်ပိသာ ၄၄၂၀ ဖြစ်ကြောင်းသိရသည်။

    လက်ကားရည်ညွှန်းဈေးထုတ်ပြန်ချက်များအရ ပြီးခဲ့သည့် မေလ ၂ရက်မှ ၇ ရက်ထိ ၄၅၇၀ ၊၈ ရက်မှ ၁၄ ရက် နေ့ထိ ငွေကျပ် ၄၅၀၀၊မေ၁၅ရက်မှ၂၁ ရက်ထိ ၄၄၂၀ ဖြစ်ရာ မေလဆန်းထက် ငွေကျပ် ၁၃၀ ကျဆင်းခဲ့သည်။

    “ပြည်တွင်းဈေးကွက်တည်ငြိမ်စေရေးနဲ့ ဈေးကစားဖို့ ရည်ရွယ်ပြီး သိုလှောင်တာမျိုးတွေရှိရင် အရေးကြီးကုန် စည်နှင့် ၀န်ဆောင်မှုဥပဒေအရ အရေးယူဆောငင်ရွက်မယ်လို့ အသိပေးထုတ်ပြန်ထားတာရှိပါတယ်။အပတ်စဉ် လက်ကားအထိုင်ရည်ညွှန်းဈေးထုတ်ပြန်ပေးရာမှာ သယ်ယူစရိတ်နဲ့ အခြားစရိတ်တွေ ကြောင့် အပြင်ပေါက် ဈေးနဲ့ ကွာဟမှုရှိတယ်”ဟု စားအုန်းဆီလက်ကားရောင်းချသူတစ်ဦးကပြောသည်။

    ပြည်တွင်းသို့ စားအုန်းဆီအဓိကထုတ်လုပ်တင်ပို့သည့် အင်ဒိုနီးရှားနှင့် မလေးရှားနိုင်င့တို့မှ တင်သွင်းခြင်းဖြစ်ပြီး လက်ရှိဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများအရ သယ်ယူပို့ဆောင်စရိတ်၊ဘဏ်စရိတ်၊အခွန်အခများတွက်ချက်၍ ပြည်တွင်း၌ ရောင်းဝယ်ဖေါက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းထုတ်ပြန်ခြင်းဖြစ်ပြီး မန္တလေးမြို့ စားအုန်းဆီလက်လီဈေးကွက်တွင် တစ်ပိသာ ငွေကျပ် ၆၀၀၀ မှ ၇၀၀၀ အတွင်းရှိကြောင်းသိရသည်။

    ရွှေမန်း

    ဤသတင်းကိုမကွေးဂျာနယ်မှကူးယူဖော်ပြပါသည်။

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes6comments0
views1699