cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

အောင်လံတွင် ယခင်နှစ်တွေထက် မျိုးပဲတီစိမ်းစျေးကောင်းနေ

. Market Price
တောင်သူအများစုက မိုးပဲတီစိမ်းသီးနှံကို အများဆုံးစိုက်ပျိုးကြပြီး အရင်နှစ်တွေက မိုးပဲတီးစိမ်းမျိုး တစ်ပြည်ကိုငွေကျပ်(၃၀၀၀)ကနေ(၃၅၀၀)လောက်သာ စျေးရှိခဲ့ရာကနေ အခုနှစ်မှာတော့ မျိုးပဲတီစိမ်းတစ်ပြည်ကို ငွေကျပ်(၅၀၀၀) စျေးအထိပေးဝယ်ကာ စိုက်ပျိုးနေကြ ရတယ်လို့လည်းပြောပါတယ်။
  • မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်အတွင်းမှာ တောင်သူအများစုက မိုးပဲတီစိမ်းသီးနှံကို အများဆုံးစိုက်ပျိုး ကြရာအခုနှစ်မှာတော့ အရင်နှစ်တွေထက် မိုးပဲတီစိမ်းမျိုးတွေ ဈေးကောင်းနေပြီး တစ်တင်းကိုငွေကျပ်(၈၀၀၀၀) စျေးအထိပေးဝယ်နေရတယ်လို့တောင်သူတွေကပြောပါတယ်။

    အောင်လံမြို့နယ်အတွင်း မိုခါမုန်တိုင်းအရှိန်ကြောင့် မိုးတွေရွာသွန်းခဲ့တဲ့အတွက် အခုနှစ်စိုက်

    ပျိုးရာသီမှာ အရင် နှစ်တွေထက်ဆောလျင်စွာလုပ်ငန်းခွင်ဝင်နေကြရတယ်လို့ဆိုပါတယ်။

     တောင်သူအများစုက မိုးပဲတီစိမ်းသီးနှံကို အများဆုံးစိုက်ပျိုးကြပြီး အရင်နှစ်တွေက မိုးပဲတီးစိမ်းမျိုး တစ်ပြည်ကိုငွေကျပ်(၃၀၀၀)ကနေ(၃၅၀၀)လောက်သာ စျေးရှိခဲ့ရာကနေ အခုနှစ်မှာတော့ မျိုးပဲတီစိမ်းတစ်ပြည်ကို ငွေကျပ်(၅၀၀၀) စျေးအထိပေးဝယ်ကာ စိုက်ပျိုးနေကြ ရတယ်လို့လည်းပြောပါတယ်။ 

    ဒါ့အပြင်ထွန်ယက်ခက လည်းတစ်ဧကကို ထွန်စက်ခုတ်ခကျပ် (၄၀၀၀၀)ကနေကျပ် (၆၀၀၀၀)အထိရှိလာတယ် လို့သိရပါတယ်။

    မိုးပဲတီစိမ်းစိုက်ပျိုးရာသီမှာ မုတ်သုန်မိုးတွေဆက်လက်ရွာသွန်းမှ သီးနှံတွေရှင်သန်နိုင်မှာဖြစ်ပြီး မိုးတွေဆက်လက် မရွာသွန်းရင် သီးနှံပျက်ဆီးဆုံရှုံးမှုတွေဖြစ်ပေါ်မှာကိုလည်း တောင်သူတွေက စိုးရိမ်နေကြတယ်လို့သိရပါတယ်။

    ဤဆောင်းပါးကို One News Myanmarမှကူးယူဖော်ပြပါသည်။

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes8comments0
views1927