cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ဇွန်လ ပထမပတ်အတွင်း မိုးကြီးရေလျှံမှုဖြစ်နိုင်ဟု စုစုစံခန့်မှန်း....

. Weather News
၂၀၂၃ မေလ ၃ဝရက်နေ့မှ ဇွန်လ ၅ရက်နေ့အတွင်း မြန်မာတစ်နိုင်ငံလုံးမှာမိုးတွေရွာလာပါလိမ့်မယ် စိုက်ပျိုးရေးအတွက် လုံလောက်တဲ့မိုးဖြစ်ပါလိမ့်မယ် သတိထားရမှာကတော့ရွာသွန်းမြဲထက် ၂ဆပိုမိုရွာသွန်းနိုင်သဖြင့် ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နိုင်ပါတယ်
  • ၂၀၂၃ မေလ ၃၀ရက်နေ့မှ ဇွန်လ ၅ရက်နေ့အတွင်း မြန်မာတစ်နိုင်ငံလုံးမှာမိုးတွေရွာလာပါလိမ့်မယ် စိုက်ပျိုးရေးအတွက် လုံလောက်တဲ့မိုးဖြစ်ပါလိမ့်မယ် သတိထားရမှာကတော့ တနင်္သာရီတိုင်း မွန်ပြည်နယ် ကရင်ပြည်နယ် ပဲခူးတိုင်း ရန်ကုန်တိုင်း ဧရာဝတီတိုင်း ရခိုင်ပြည်နယ်တောင်ပိုင်းဒေသကြီးတွေမှာ ရွာသွန်းမြဲထက် ၂ဆပိုမိုရွာသွန်းနိုင်သဖြင့် ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နိုင်ပါတယ်


    မိုးတွေရွာတော့မယ် အညာမြေ နှင့်အလယ်ပိုင်းဒေသများ 🌧🌧🌧🌧🌧🌧🌧🌧🌧🌧🌧

    ၂၀၂၃ ဇွန် ၁ရက်နေ့မှ ၅ရက်နေ့အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေဖြစ်တဲ့ ရခိုင်ပြည်နယ် မကွေးတိုင်း နေပြည်တော် မန္တလေးတိုင်း စစ်ကိုင်းတိုင်း နှင့် ရှမ်းပြည်နယ်ဒေသတွေမှာ မိုးတွေရွာနိုင်ပါတယ်

    စိုက်ပျိုးရေးသမားတောင်သူလယ်သမားတွေအကြိုက်မိုးတွေဖြစ်ပါလိမ့်မယ်


    မိုးကြီးရေလျှံသတိ မိုး 🌧🌧🌧🌧🌧🌧🌧🌧🌧

    ၂၀၂၃ မေလ ၃၀ရက်နေ့ ၃၁ရက်နေ့ ဇွန်လ ၁ရက်နေ့ ၂ရက်နေ့ ၃ရက်နေ့တွေမှာ မွန်ပြည်နယ် ကရင်ပြည်နယ် ပဲခူးတိုင်း ရန်ကုန်တိုင်း ဧရာဝတီတိုင်း ရခိုင်ပြည်နယ်တောင်ပိုင်းဒေသတွေမှာ မိုးများစွာရွာသွန်းနိုင်ပြီး မိုးကြီးရေလျှံမှုတွေဖြစ်ပေါ်နိုင်ပါတယ် 🌧🌧🌧🌧🌧

    မိုးကြီးမှုကြောင့်ဖြစ်ပေါ်နိုင်တဲ့ပျက်စီးမှုများကို ကြိုတင်သိရှိကြပြီး ပျက်စီးမှုမရှိအောင်ကြိုတင်စိမံခန့်ခွဲလုပ်ကိုင်ဆောင်ရွက်ထားနိုင်ကြစေရန်အတွက် ရက်ကြိုတင်ပြီးခန့်မှန်းပေးလိုက်တာဖြစ်ပါတယ် ရက်နီးခန့်မှန်းချက်များကိုလည်းအချိန်နှင့်တပြေးညီ ခန့်မှန်းပေးသွားမှာဖြစ်ပါတယ်

    issued time

    22/05/2023 7:07am(MMT)


    ကပ္ပလီပင်လယ်ပြင် (Andaman Sea) မြန်မာ့ပင်လယ်ပြင် နှင့် မုတ္တမပင်လယ်ကွေ့မှာ ၂၀၂၃ မေလ ၂၉ရက်နေ့မှ ဇွန်လ ၂ရက်နေ့အထိ မိုးကြီးလေထန်လှိုင်းကြီးနိုင်ပါတယ် ပင်လယ်ရေလုပ်သားတို့အတွက် ကြိုတင်ခန့်မှန်းပေးလိုက်တာဖြစ်ပါတယ်

    issued time

    23/05/2023


    Low pressure cell

    ၂၀၂၃ မေလ ၂၇ရက်နေ့မှ ၂၉ရက်နေ့အတွင်း ထိုင်းပင်လယ်ကွေ့အတွင်း low pressure cell များစုဖွဲ့မှု့အားကောင်းနိုင်ပြီး တနင်္သာရီတိုင်း ကြီးကိုကျော်ဖြတ်ကာ မေလ ၃၀ရက်နေ့မှာ ကပ္ပလီပြင်ကိုရောက်ရှိလာမှာဖြစ်ပါတယ် အဆိုပါရက်များအတွင်း ထိုင်းပင်လယ်ကွေ့ဒေသနှင့် တနင်္သာရီတိုင်း ဒေသကြီးမှာမိုးကြီးရေလွှမ်းနစ်မြုပ်မှုတွေဖြစ်နိုင်ပါတယ် မေလ ၃၀ရက်နေ့ ၃၁ရက်နေ့တွေမှာ မုတ္တမပင်လယ်ကွေ့အတွင်း စုဖွဲ့အားပိုမိုအားကောင်းလာနိုင်ကာ မုတ္တမပင်လယ်ကွေ့ဒေသများမိုးကြီးရေလျှံနိုင်ပါတယ် Monsoon low system တစ်ခုဖြစ်လို့ အဆိုပါဖြစ်စဥ်ကြောင့် မြန်မာနိုင်ငံတစ်ခုလုံးမှာမိုးတွေရွာနိုင်ပါတယ် မိုးကြီးရေလျှံနိုင်မှုတွေဖြစ်ပေါ်နိုင်သဖြင့် အချိန်ပြည့်စောင့်ကြည့်ထောက်လှမ်းကာခန့်မှန်းပေးနေပါတယ် ရက်ဝေးကလည်းခန့်မှန်းပေးထားပြီးဖြစ်သလို ရက်နီးလည်းအချိန်နှင့်တပြေးညီခန့်မှန်းပေးသွားမှာဖြစ်ပါတယ်

    issued time

    23/05/2023 6:13am(MMT)

    Su Su San

    𝘾𝙡𝙞𝙢𝙖𝙩𝙤𝙡𝙤𝙜𝙞𝙨𝙩

    𝘼𝙙𝙫𝙖𝙣𝙘𝙚𝙙 𝙒𝙚𝙖𝙩𝙝𝙚𝙧 𝙁𝙤𝙧𝙚𝙘𝙖𝙨𝙩𝙚𝙧

    &

    𝐌𝐞𝐭𝐞𝐨𝐫𝐨𝐥𝐨𝐠𝐢𝐜𝐚𝐥 𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞 𝐎𝐟𝐟𝐢𝐜𝐞𝐫


    မိုးလေဝသခန့်မှန်းချက်များ၊ မိုးလေဝသသတင်းများ၊ မိုးလေဝသဆိုင်ရာ စိုက်ပျိုးရေးအကြံပြုချက်များနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ -https://bit.ly/htwettoev2


  • article
likes34comments3
views8973