cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

နှမ်းရိုးမဲရောဂါ ကာကွယ်နှိမ်နင်းနည်း

. Diseases
နှမ်းစိုက်တောင်သူကြီးများ၏ နှမ်းတင်ပို့နိုင်မှုအရည်အသွေးကို ခြိမ်းခြောက်လာတဲ့ နှမ်းရိုးမဲရောဂါ ရိုးမဲရောဂါက ဘယ်လိုအချိန်တွေမှာ ကျရောက်တတ်လေ့ရှိသလဲ?
  • ရေဝပ်သော မိုးစိုက် နှမ်းခင်းများတွင် ပိုမိုကျရောက်နိုင်ပါတယ်။

    မိုးနှမ်းတွင် ဇွန်၊ ဇူလိုင်၊ သြဂုတ်လများမှာ ကျရောက်မှုများလေ့ရှိပါတယ်။

    ဆောင်းနှမ်းတွင်တော့ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ လများမှာ ကျရောက်တတ်လေ့ရှိပါတယ်။

    ပင်ပြလက္ခဏာတွေက ဘယ်လိုတွေ့ရလိမ့်မလဲ?

    နှမ်းပင်၏ ပင်ခြေပိုင်းတွေမှာ အညိုရောင် အကွက်ငယ်များ စတင်ဖြစ်ပေါ်လာတတ်တယ်။

    ထို့နောက် တစ်သျှူးသားများ ညိုမဲလာပြီး အနာချိုင့်ဖြစ်လာ၍ အခေါက်များပါ ဖွာလန်လာသွားပါတယ်။

    ထိုတစ်သျှူးများပေါ်တွင် ခပ်မည်းမည်းအဖုများ ဖြစ်ပေါ်လာပါတယ်။

    ၎င်းနောက်မှာတော့ နှမ်းပင်ခြေရင်းမှ စတင်၍ မဲနက်လာပြီး အပေါ်ပိုင်းအဝါရောင်ပြောင်းကာ ညှိုးစပြုလာပါတယ်။

    နောက်တစ်ပင်လုံးမဲခြောက်၍ သေသွားပါတယ်။

    ရောဂါရ နှမ်းရိုးကို ထက်ခြမ်းခွဲကြည့်ပါက အနက်ရောင် မှိုမျှင်စုများကိုတွေ့နိုင်ပါတယ်။

    ကာကွယ်နှိမ်နင်းနည်းတွေကကော ဘာတွေလုပ်ရမလဲ?

    - စိုက်ခင်းရေမဝပ်စေရန် ဆောင်ရွက်ပါ။

    - သီးလှည့်စိုက်ပါ။

    - ရောဂါရပင်ကြွင်း၊ ပင်ကျန်များကို ဖျက်ဆီးပါ။

    - မျိုးစေ့များကို ဟိုမိုင်း မျိုးစေ့လူးနယ်ဆေးဖြင့် လူးနယ် စိုက်ပျိုးပါ။

    - ရောဂါကျရောက်လေ့ရှိသော ရာသီဥတုအခြေအနေနှင့် လများတွင် ကြိုတင်ကာကွယ်ခြင်းများ စတင်ပြုလုပ်ပါ။

    - ဓါတုဆေးများအသုံးပြုမယ်ဆိုရင်တော့

    ဘီနိုမိုင်း (ဘောနပ်စ်၊ ဗိုက်တာမိုင်း)၊

    အဇိုဆီစထရိုဘင် (ရီဗိုက်၊ ယူနတီ)၊

    တက်ဗျူကိုနာဇိုးလ် (စူပါနိုဝင်း) စသောမှိုသတ်ဆေးများသုံး၍ ကာကွယ်ကုသနိုင်ပါတယ်။

    (ကွင်းခတ်ထားတဲ့ နာမည်တွေကတော့ ဈေးကွက်ထဲမှာမေးဝယ်လို့ရနိုင်မယ့် ကုမ္ပဏီမှ ပေးထားတဲ့ နာမည်များဖြစ်ပါတယ်။ ရှေ့ကဖော်ပြပေးထားတာတွေကတော့ ဆေးအဆိပ်များဖြစ်ပါတယ်။)

    မူရင်း- စိုက်ပျိုးရေးဦးစီးဌာန


  • article
likes4comments0
views2285