cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

နှမ်းဖိုရောဂါ

. Diseases
• ပိုးလုံးကောင်လေးများသည် အရွက်ထိပ်ဖျားအချို့နှင့်အတူ လိပ်နေတတ်ပြီး ၎င်းအရွက်များကို စားသုံးပစ်ပါတယ်။

  • • ပြီးနောက် အခြားအရွက်များအား ပိုမို ကူးစက်လာပါတော့တယ်။

    • ရောဂါဖြစ်ပွားမှု ကနဦးအစတွင် မည်သည့်ကိုင်းကိုမှ ကူးစက်ခြင်းမရှိပဲ အပင်ကို သေဆုံးစေနိုင်ပါတယ်။

    • ရောဂါဖြစ်ပွားမှု နောက်ပိုင်းအဆင့်များတွင် ရောဂါကူးစက်ခံအပင်အစိတ်အပိုင်းများသည် ကြီးထွားမှု ရပ်တန့်သွားတတ်ပါတယ်။

    ဓာတုဆေးဝါးမပါဘဲ နှမ်းခင်းထဲက ရွက်ဖိုရောဂါကို ဘယ်လို နှိမ်နင်းမလဲ။

    နှမ်းရွက်လိပ်ရောဂါအား ကာကွယ်နှိမ်နင်းရန် ဖော်ပြပါ အချက်များအား လိုက်နာဆောင်ရွက်သင့်ပါတယ်။

    • ရောဂါဖြစ်ပွားနေသော နှမ်းပင်ပေါက်များကို သင့်လယ်ကွင်းအတွင်း မည်သည့်အချိန်တွင် မဆို တွေ့ရှိပါက အမြန်ဆုံး ဖယ်ရှား ရှင်းလင်းပစ်ပါ။ တွေ့ရှိချိန် သိပ်နောက်မကျသေးပါက ကောင်းမွန်သော နှမ်းပင်များအား ဖြည့်စိုက်ပေးပါ။

    • ပျိုးထောင်တာကို အချိန်မှန်မှန် လုပ်ဆောင်ပါ။

    • တိကျမှန်ကန်သော နည်းလမ်းများဖြင့် စိုက်ခင်းနှင့် နှမ်းပင်များအား ဂရုစိုက်ပြုစုပေးပါ။

    • ရောဂါသယ်ဆောင်ပိုးများဖြစ်သည့် ပျပိုး နှင့် ဖြုတ်ပိုးများအား ပိုးသတ်ဆေးများသုံးကာ နှိမ်နင်းပစ်ပါ။

    ရွက်ဖိုရောဂါကနေ ကာကွယ်ဖို့ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အကြံပြုတိုက်တွန်းထားတဲ့ အစီဖိတ် ၇၅ ဒဗလျူပီ၊ ဖန်သိုအိတ် ၅၀ အီးစီ စတဲ့ မှိုသတ်ဆေးများအား ဈေးကွက်အတွင်း အလွယ်တကူ ဝယ်ယူ အသုံးပြုနိုင်ပါတယ်။ သုံးစွဲရမယ့် နှုန်းထားပမာဏမှာ ဆေးဖျန်းပုံးတစ်ပုံးလျှင် အစီဖိတ် ၇၅ ဒဗလျူပီ ဆေးပမာဏ ဟင်းခတ်ဇွန်း (၄)ဇွန်း၊ တစ်ဧကလျှင် ဆေးဖျန်းပုံး (၅)ပုံး နှင့် ဆေးဖျန်းပုံးတစ်ပုံးလျှင် ဖန်သိုအိတ် ၅၀ အီးစီ ဆေးပမာဏ ဟင်းခတ်ဇွန်း (၁၀)ဇွန်း၊ တစ်ဧကလျှင် ဆေးဖျန်းပုံး (၅)ပုံးစသည့် နှုန်းများအတိုင်း သုံးစွဲနိုင်ပါတယ်။ သို့မဟုတ်ပါက ပိုးသတ်ဆေးထုတ်တွင် ဖော်ပြထားသော အညွှန်းအတိုင်း လိုက်နာအသုံးပြုပေးပါ။

    အထက်ပါနည်းလမ်းတွေထဲက မိတ်ဆွေတို့နဲ့ အဆင်ပြေစေမယ့် နည်းလမ်းကို စိတ်ကြိုက် ရွေးချယ်ကာ နှမ်းဖိုရောဂါအား ကာကွယ်နိုင်ပါတယ်။


  • article
likes6comments1
views2321