cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ငါးအတုံးချဉ်ပြုလုပ်နည်း

. Fish Articles
ငါးမွေးတောင်သူများသည် ငါးမွေးမြူရေးလုပ်ငန်းဆောင်ရွက်နေစဉ်တွင် မိမိတို့ငါးကန်အတွင်းမှ အရွယ်ရောက်ပြီးသော ငါးများသည် အကြောင်းအမျိုးမျိုးဖြင့် တကောင်စ နှစ်ကောင်စ သေနေသည်ကို ကြုံ တွေ့ရပါသည်။
  • တကောင်စ နှစ်ကောင်စ ၊ စသည်ဖြင့်သေနေသောငါးများသည် မပုတ်မသိုးသေး'သော အချိန် တွင် အဆိုပါငါးများကို ငါးချဉ်ပြုလုပ် စားသုံးနိုင်ကြောင်းကိုတင်ပြအပ်ပါသည်။

     ငါးချဉ် ပြုလုပ်ရာတွင် အသားချည် နှင့် ငါးအတုံးချဉ်ပြုလုပ်နည်း (၂)မျိုးရှိပါသည်။ ငါးအတုံးချဉ် ပြုလုပ်ရာတွင် အဆီနည်းသော ငါးကိုအသုံးပြုပါကပိုမိုကောင်းမွန်ပါသည်။ ငါးမျစ်ချင်း ငါး ၊ငါးကြင်ငါးများ ကို ငါးချဉ်ပြုလုပ်နိုင်ပါသည်။ ငါးမျစ်ချင်းဖြစ်စေ ငါးကြင်းဖြစ်စေ ငါးကိုအကြေးခွံခွာပါ၊ အမြီး နှင့် ခေါင်းကိုဖြတ် ထုတ်ပါ။ အလယ်အရိုးကို နွှာ၍ အသားကို အနေတော် အတုံးလေးများပြုလုပ်ပါ။ရရှိသော ငါးအတုံးလေးများ ကို ရေစင်စင်ဆေးပါ။

     ရေဆေးထားသော ငါးအတုံးလေးများကို ဆားဖြင့် အသားထဲစိမ့်ဝင်အောင် သေချာစွာဆုပ်နယ်ပေး ပါ။ ငါးအသားတုံး ၁ပိဿာလျှင် ဆား ၁၀ကျပ်သားအထိသာသုံးပါ။ ဆားဖြင့်ဆုပ်နယ်ထားသော ငါးအတုံး လေးများကို ပလပ်စတိတ်ဘူးတွင်သိပ်ထည့်ပြီး တညအိပ်ထားပေးရမည်။ ပလိပ်စတိတ်ဘူအတွင်ထည့်ရာ တွင်အပေါ် မျက်နှာပြင်ကိုညီအောင် လက်မဖြင့် ဖိပြီးညှိပေးပါ။

     တညအိပ်ထားသောငါးအတုံးလေးများကို နောက်တနေ့တွင် ရေစင်အောင်ညှစ်ထုတ်ပါ၊ ရေညှစ်ပြီး ပါက ကြက်သွန်ဖြူ ၁၀ကျပ်သားကို ထောင်းပြီး ၊ထမင်း ၁၀ကျပ်သားဖြင့်ရောပြီး ငါးအတုံးလေးများကို အသားထဲစိမ့်ဝင်အောင် ဆုပ်နယ်ပေးပါ။ထို့နောက် ဘူးထဲသို့ထည့်သိပ်ပြီး (၅)ရက်မှ (၇)ရက်ခန့်ထားပေးပါ။ တပတ်ပြည့်သောအခါ အရသာရှိသော ငါးအတုံးချဉ်များ ရရှိလာပါမည်။

    ဦးဆန်းအောင်(ထွက်တိုး)

    --------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက 

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://l.htwettoe.com/v2

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes7comments1
views2117