cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

၂၂.၅.၂၀၂၃ မှ ၂၆.၅.၂၀၂၃ရက်နေ့ထိ ဈေးကွက်သုံးသပ်ချက်

. Market Price
-ဆန်စျေးဆက်တိုက်ဈေးမြင့်တက်နေရာက စျေးငြိမ်နေ
-မတ်ပဲစျေးကတော့ ဒေါ်လာစျေး၊ အိန္ဒိယနိုင်ငံပဲစျေးကြောင့်အပြောင်းအလဲရှိ
-ပဲစင်းငုံနီစျေး အနည်းငယ်အေးပြီးစျေးထက်တက်နိုင်
-စားတော်ပဲစျေး လက်ရှိမှာစံချိန်တင်မြင့်တက်နေ
  • ဆန်စပါး

    ဒီတစ်ပတ် ရန်ကုန်ဈေးကွက်မှာတော့ ဆက်တိုက်ဈေးမြင့်တက်နေခဲ့တဲ့ ဆန်အများစု ဈေးတွေက ငြိမ်သွားပါတယ်။ နယ်ဈေးကွက်မှာတော့ ဈေးကွက်ထဲ နွေစပါးတွေ ဝင်နေပေမယ့် စပါးဈေးက ငြိမ်သွားပြီး ဆန်ဈေးတွေ အနည်းငယ် ထပ်ပြီး တက်လာပါတယ်။အရောင်းအဝယ်တွေလည်း အေးသွားပြီး ဆန်အဝင်လည်း ပုံမှန် ရှိနေတယ်လို့ သိရပါတယ်။

    ရန်ကုန်ဈေးကွက် မှာ မြောင်းမြပေါ်ဆန်းဆန်က တစ်အိတ်ကို ၈၅၀၀၀ ကနေ ၉၃၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျပ်ဈေးတက်လာပါတယ်။ဆန်ကြမ်းဖြစ်တဲ့ ဧည့်မထဆန်ကတော့တစ်အိတ်ကို ၆၀၀၀၀ ကနေ ၆၂၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်ဈေးတက်လာပါတယ်။ အခြားဆန်တွေကတော့ ပြီးခဲ့တဲ့အပတ်က ဈေးအတိုင်း ငြိမ်နေပါတယ်။

    ဧရာဝတီတိုင်းဈေးကွက်မှာတော့ ပုသိမ်ပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၂၀၇၆၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၆၁၀၀၀ ကျပ်ဈေးတက်လာပြီး ၊ဆန်က တစ်အိတ်ကို ၈၈၀၀၀ ပေါက်ဈေးရှိပြီးဈေးငြိမ်ပါတယ်။ ၊ပုသိမ်ဧည့်မထစပါး ကတော့တင်း ၁၀၀ ကို ၁၆၅၆၀၀၀ ပေါက်ဈေးရှိပြီး ၁၉၀၀၀၀ ကျပ်ဈေးတက်လာကာ ၊ဧည့်မထဆန်ကတော့တစ်အိတ်ကို ၆၆၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျပ် ဈေးတက်လာပါတယ်။

    အခြား မြောင်းမြ၊ဒေးဒရဲ၊ဖျာပုံ၊လပွတ္တာပေါ်ဆန်းစပါး တို့ကတော့ ပြီးခဲ့တဲ့အပတ်က ဈေးအတိုင်း ငြိမ်နေပြီး ဆန်ဈေးကတော့ တစ်အိတ်ကို အနိမ့်ဆုံးဈေး ၁၀၀၀ ကနေ ၃၀၀၀ ကြားဈေးမြင့်တက်လာပါတယ်။

    ဈေးကွက်ထဲ အဟောင်းလက်ကျန်တွေမရှိတော့ပေမယ့်ဈေးတွေက မြင့်တက်နေခဲ့ပါတယ်။အသစ်စပါးတွေ ကတော့ အဝင်ရှိသလောက် အဝယ်ရှိနေတယ်လို့ နယ်ဆန်စပါးရောင်းဝယ်တဲ့ကုန်သည်တွေက ဆိုပါတယ်။


    မတ်ပဲ

    မတ်ပဲကတော့ဒီတစ်ပတ်မှာ အနည်းငယ်အပြောင်းအလဲရှိပါတယ်။ဆက်တိုက်ဈေးမြင့်တက်နေခဲ့ရာမှ ဒေါ်လာ ဈေး အနည်း ငယ်ကျဆင်းသွားတဲ့အပြင် အိန္ဒိယနိုင်ငံအတွက် မတ်ပဲဈေးကျဆင်းသွားတဲ့ အတွက်ပြည် တွင်း မတ်ပဲဈေးတွေ ပြန်ကျဆင်းသွားခဲ့ပါတယ်။ဒါပေမယ့် ၂ ရက်အတွင်း ဈေးပြန်မြင့်တက် လာခဲ့ပြီး မတ်ပဲက ဆက်ပြီး တက်နိုင်ဦးမယ်လို့ အိန္ဒိယပဲဈေးကွက် သတင်းမှာဖော်ပြထားပါတယ်။

    အိန္ဒိယအစိုးရကတော့ မတ်ပဲဈေးမြင့်တက်တာတွေနဲ့ပတ်သတ်ပြီး အရေးယူတာတွေ မြန်မာအစိုးရနဲ့ G to G ဝယ်ယူနိုင်ဖို့ ဆောင်ရွက်တာတွေ စသဖြင့် ဘက်ပေါင်းစုံက ဆောင်ရွက် နေပေမယ့် ပဲဈေးက မကျဆင်းနိုင်တဲ့ အတွက် ဘရာဇီးနိုင်ငံက မတ်ပဲတွေကို တင်သွင်းဖို့ ဆွေးနွေးညှိုနှိုင်းတာတွေ လုပ်နေတယ်လို့ အိန္ဒိယအစိုးရ က တာဝန်ရှိသူ တစ်ဦး က ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်ဖော်ပြောဆိုထားကြောင်း Current Content က ဖော်ပြထားတဲ့ ဘာသာပြန်သတင်းတစ်ပုဒ်ကနေ သိရပါတယ်။

    မြန်မာ့မတ်ပဲတွေကို လာမယ့် ၂၀၂၅ ထိ တင်သွင်းခွင့်ရဦးမှာ ဖြစ်ပြီး အဆိုပါ ပြောဆိုချက်တွေဟာ အဆမတန် မြင့်တက်နေတဲ့ မတ်ပဲ ဈေးကို ထိန်းချုပ်နိုင်မလားဆိုတာ စောင့်ကြည့်ရမယ့်အခြေအနေဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေ မှာ အိန္ဒိယအစိုးရဟာ မတ်ပဲတင်ပို့ရောင်းချတာတွေ နဲ့ပတ်သတ်ပြီး အမျိုးမျိုးသော မူဝါဒတွေ ထုတ်ပြန် ပြီး ဈေးတွေကို ထိန်းချုပ်တာတွေ ပြုလုပ်ခဲ့ပေမယ့် မြန်မာပြည်တွင်းမှာ မတ်ပဲ အထွက်နှုန်းလျော့နည်းတာတွေ သွင်းအားစု မြင့်တက်တာတွေ ၊ပြည်တွင်းငွေလဲလှယ်နှုန်းမြင့်တက်လာတာတွေ ၊အိန္ဒိယနိုင်ငံတွင်း မတ်ပဲလိုအပ် ချက် မြင့်မားလာတာတွေကြောင့် ဈေးက လက်ရှိမှာ အမြင့်ဆုံးအခြေအနေထိရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။

    ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၂၂၆၀၀၀၀ ကျော်ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၁၅၀၀၀ နီးပါးဈေးကျဆင်းသွားပါတယ်။FOB ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၉၂၀ ကနေ ၉၄၀ ပေါက်ဈေးရှိနေပြီး ဈေးငြိမ်ပါတယ်။

    မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၂၁၈၀၀၀ကနေ ၂၂၀၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။

    အခြားနယ်ကုန်စည်ဒိုင်တွေ ဖြစ်တဲ့ အောင်လံကုန်စည်ဒိုင်၊မုံရွာ၊ပြည်တို့မှာလည်း တစ်တင်းကို ၇၁၀၀၀ ကနေ ၇၄၀၀၀ ကြားပေါက်ဈေးရှိနေပြီး အတက်ဈေးနဲ့ပဲ ဈေးငြိမ်နေပါတယ်။

    ပဲစင်းငုံနီ

    ပဲစင်းငုံနီကတော့ ဆက်တိုက်ဈေးမြင့်တက်နေခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ အနည်းငယ်ဈေးပြန်အေးသွား ပါတယ်။ ပြည်တွင်းငွေလဲလှယ်နှုန်းဈေးအတက်အကျကြောင့် ဈေး အပြောင်းအလဲ ဖြစ်သွားခဲ့ပေမယ့် FOBဈေးနှုန်းကတော့ ဈေးမြင့်တက်နေပါတယ်။ အိန္ဒိယပဲသတင်းတွေမှာလည်း ပဲစင်းငုံနီဟာ ဆက်ပြီးတက်နိုင် မယ်လို့သုံးသပ်ထားသလို ပြည်တွင်း ပဲကုန်သည်တွေကလည်း ပဲလက်ကျန်လျော့နည်းနေတဲ့ ပဲစင်းငုံနီ ဟာ လက် ရှိမှာ ဈေးကျဆင်းနိုင်ဖို့ မရှိဘူးလို့ ခန့်မှန်းထားကြပါတယ်။

    ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၂၆၇၅၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၅၀၀၀ လောက်သာ အတက်ရှိပါတယ်။FOB ဈေးကတော့ တစ်တန်ကို အမေရိကန်ဒေါ်လာ ၁၀၄၀ ကနေ ၁၀၈၀ပေါက်ဈေးရှိပြီး တစ်တန်ကို ဒေါ်လာ ၄၀လောက်ဈေးမြင့်တက်လာခဲ့ပါတယ်။

    မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၂၅၂၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၇၀၀၀ ကျပ်ဈေးတက်လာပါတယ်။

    အခြား နယ်ကုန်စည်ဒိုင်တွေ ဖြစ်တဲ့ ပခုက္ကူဈေးကွက်၊အောင်လံဈေးကွက်၊မုံရွာ ဈေးနဲ့ ပြည်ဈေးကွက်တို့ မှာ ပဲစင်းငုံနီ တစ်တင်းကို ၈၄၀၀၀ ကနေ ၈၄၅၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်တင်းကို ၂၅၀၀ ကျပ်ဈေးတက်လာပါတယ်။

    စားတော်ပဲ

    စားတော်ပဲကတော့ လက်ရှိမှာစံချိန်တင်မြင့်တက်နေပြီး အမြင့်ဆုံးဈေး ရောက်ရှိနေပါတယ်။ပြည်တွင်း စားသုံးမှု များတဲ့ ပဲ လည်း ဖြစ်ပြီး စိုက်ဧကလည်း အများအပြား မရှိတဲ့ အတွက် ဈေးက ပိုကောင်းရရှိနေတာ ဖြစ်ပါတယ်။ ပြည်ပ ကနေ တင်သွင်းတဲ့ စားတော်ပဲ (ကနေဒါ)တွေကတော့ ဈေးသက်သာပေမယ့် ပြည်တွင်း စားတော်ပဲက အရည်အသွေးပိုကောင်းတာ ဖြစ်လို့ စားသုံးမှုလည်း များတယ်လို့သိရပါတယ်။

    ရန်ကုန်ဈေးကွက်မှာ စားတော်ပဲ တစ်ပိဿာကို ၆၆၆၅ ကနေ ၇၁၇၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀၀ ကျပ်ဈေး တက်လာပါတယ်။

    မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၇၈၀၀၀ ကနေ ၄၀၀၀၀၀ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

    ပြည်ဈေးကွက်မှာလည်း တစ်တင်းကို ၁၁၅၀၀၀ ကနေ ၁၁၈၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၃၀၀၀ ကျပ်ဈေး တက်လာပါတယ်။

    AMIA

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးစျေးကွက်သုံးသပ်ချက်သတင်းနှင့် နေ့စဥ်သီးနှံစျေးနှုန်းများကို အချိန်မှီ သိရှိနိုင်ရန် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes
6
comments
0
views
2280