cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

မိုခါမုန်တိုင်းကြောင့် စိုက်ခင်းတွေပျက်စီးလို့ ဒုက္ခရောက်နေကြတဲ့ မန္တလေးတိုင်းက တောင်သူတွေ အကူအညီမျှော်နေကြ ဟု ဆို

. Market Price
မိုခါမုန်တိုင်းဒဏ်ကြောင့် မန္တလေး၊ မကွေး၊ စစ်ကိုင်းနဲ့ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ် စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၅ ခုတို့က သီးနှံစိုက်ခင်းဧက ၆၀,၀၀၀ ကျော် ပျက်စီးခဲ့တာပါ။
  • မုန်တိုင်းဒဏ်ကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်း စိုက်ခင်းဧက ၃၅၀ ကျော် ပျက်စီးဆုံးရှုံးခဲ့လို့ တောင်သူတွေ ဆင်းရဲဒုက္ခရောက်နေကြတယ်လို့ သိရပါတယ်။

    “ဒီဘက်မှာက ပဲနှမ်း အဓိကစိုက်ကြတယ်၊ အဲဒါတွေ အကုန်ပျက်စီးတယ်၊ မုန်တိုင်းဝင်တဲ့နေ့ကစပြီး ရေမြုပ်တာ၊ မုန်တိုင်းပြန်ထွက်တော့ နုန်းတွေကျန်ခဲ့ပြီး မြေပြင်ကြီးအတိုင်းပဲရှိတော့တာ၊ ပဲတွေက ရိတ်သိမ်းခါနီးလေးတင် ဆုံးရှုံးလိုက်ရတာ” လို့ ညောင်ဦးဒေသက တောင်သူတစ်ဦးက ပြောပါတယ်။

    မိုခါမုန်တိုင်းဒဏ်ကြောင့် မန္တလေး၊ မကွေး၊ စစ်ကိုင်းနဲ့ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ် စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၅ ခုတို့က သီးနှံစိုက်ခင်းဧက ၆၀,၀၀၀ ကျော် ပျက်စီးခဲ့တာပါ။

    အဲဒီအထဲမှာ မကွေးတိုင်းဒေသကြီးက ဆုံးရှုံးမှုအများဆုံးဖြစ်ပြီး၊ ရခိုင်ပြည်နယ်က ဒုတိယအများဆုံးဖြစ်တယ်လို့ သက်ဆိုင်ရာ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

    ထုတ်ပြန်ချက်အရ မကွေးတိုင်းဒေသကြီးမှာ မိုခါမုန်တိုင်းအရှိန်ကြောင့် ရေဝင်နစ်မြုပ်လို့ နွေစပါးစိုက်ခင်း ၁၀၉ ဧက၊ နွေနှမ်းစိုက် ခင်း ၄၉,၅၆၉ ဧက၊ ဆောင်းနေကြာစိုက်ခင်း ၈ ဧကနဲ့ မိုးနေကြာစိုက်ခင်း ၂၂ ဧက၊ မိုးပဲတီစိမ်းစိုက်ခင်း ၆၇၆၆ ဧက ပျက်စီးဆုံးရှုံးခဲ့ပြီး၊ ရခိုင်ပြည်နယ်မှာ၊ ငှက်ပျောစိုက်ခင်း ၆၀၅ ဧက၊ ကွမ်းသီးပင် ၁၃၄၅ ဧက၊ ကွမ်းရွက်စိုက်ခင်း ၅၈ ဧက၊ ဓနိပင် ၂၃၁ ဧက၊ သစ်သီးဥယျာဉ်စိုက်ခင်း ၁၇၀၉ ဧက ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

    အလားတူစွာပဲ စစ်ကိုင်းတိုင်းဒေသကြီးမှာ နွေနှမ်း ၉၀၂ ဧကနဲ့ မိုးပဲတီစိမ်း ၁၀၆၅ ဧက၊ ဧရာဝတီတိုင်းဒေသကြီးမှာ ငှက်ပျောစိုက်ခင်း ၇၅ ဧကနဲ့ မန္တလေးတိုင်းဒေသကြီးမှာ နွေနှမ်းစိုက်ခင်း ဧက ၃၅၀၊ မိုးပဲတီစိမ်းစိုက်ခင်း ၁၇ ဧက ဆုံးရှုံးခဲ့ပြီး၊ မကွေးတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်တို့နဲ့ နှိုင်းယှဉ်ရင်တော့ ဆုံးရှုံးမှုသက်သာတာကို တွေ့ရပါတယ်။

    ဒါဟာ တခြားဒေသတွေနဲ့ နှိုင်းယှဉ်ရင် မပြောပလောက်ဘူးဆိုရပေမယ့်လည်း၊ စစ်ဘေးစစ်ဒဏ်ခံနေရတဲ့ နေရာတွေဖြစ်နေတာကြောင့်၊ လာမယ့်နှစ်အတွက် ဝမ်းစာတောင် အနိုင်နိုင်ဖြစ်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    “တစ်ဧကအရင်းအနှီးက သုံးသိန်းနဲ့ လေးသိန်းကြားမှာရှိတယ်၊ ၁၀ ဧကလောက်ပိုင်တဲ့ တောင်သူက သိန်းသုံးဆယ်ကျော် ပြုတ်သွားပြီ၊ အခု ပဲ (မိုးပဲတီစိမ်း) စိုက်ရမယ့်အချိန်မှာ လက်ထဲငွေမရှိဘူးဖြစ်နေကြတာ” လို့ ကျောက်ပန်းတောင်းဒေသခံတစ်ဦးက ပြောပါတယ်။

    သီးနှံစိုက်ခင်း ပျက်စီးဆုံးရှုံးရတာတွေအပြင် သိုလှောင်ထားတဲ့ ဆန်စပါးနဲ့ စားသောက်ကုန်တွေပါ၊ ရေနစ်မြုပ်မျောပါသွားလို့ အခက်အခဲဖြစ်နေချိန်၊ တစ်ဘက်မှာလည်း စားသောက်ကုန်ဈေးနှုန်းမြင့်တက်မှုဒဏ်ကို တောင်သူတွေမှာ အလူးအလဲခံစားနေရတယ်လို့ သိရပါတယ်။

    ဒီကနေ့အထိ မန္တလေးတိုင်းဒေသကြီးအတွင်း မိုခါမုန်တိုင်းဒဏ်ခံခဲ့ရတဲ့နေရာတွေမှာ လူသားချင်းစာနာထောက်ထားတဲ့အကူအညီတွေ ထိရောက်စွာ ရောက်မလာသေးဘူးလို့ ဒေသခံတောင်သူတွေက ဆိုပါတယ်။

    ကျော်ကျော်

    ဤဆောင်းပါးကို Opinion Leaders မှကူးယူဖော်ပြပါသည်။

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes13comments0
views7926