cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ကင်ပွန်းချဉ် စိုက်ပျိုးနည်း

. Cultivation Methods
နိဒါန်း

မြန်မာလူမျိုးတို့ အထူး နှစ်သက်သော ဟင်းသီးဟင်းရွက် ဖြစ်သည်။ ချဉ်ရည်ချက်၍ လည်းကောင်း၊ ကြော်၍ လည်းကောင်း၊ အခြားသားငါးများနှင့် ရောနှော၍ လည်းကောင်း ချက်ပြုတ် စားသုံးနိုင်သည်။ မြန်မာတို့သည် ကင်ပွန်းချဉ်ကို ခြံစည်းရိုးတန်းအဖြစ် စိုက်၍အညွန့်ကို ရောင်းချကြသည်။ ဒေသမရွေးစိုက်ပျိုးနိုင်သည်။

  • မြေပြုပြင်ခြင်း

    မြေထုပ်စီးထားသော ကင်ပွန်းချဉ်ပင်အား မြေမချမီ တစ်ပတ်ခန့်အလို၌ စိုက်ခင်းကိုမြေပြင်နိုင်သည်။ မြက်ကိုပြောင်အောင်ရှင်းပြီးနွားထွန်ဖြင့်လည်းကောင်း၊ ပေါက်တူးဖြင့်လည်းကောင်း မြေလှန်ပေးပြီးမှ မြေညီအောင် ပြန်ညှိပေးရမည်။

    စိုက်ပျိုးခြင်း

    မြေထုပ်စီးထားသော ကင်ပွန်းချဉ်ပင်ကို မြေလုံးမပျက်စိုက်ရသည်။ အတန်းကြား ခြောက်ပေ၊ အပင် ကြား သုံးပေခြား၍စိုက်ရမည်။ မြေထုတ်စီးကိုင်းကို မတ်မတ်ထောင်အောင်စိုက်ရသည်။ အပင်ရင်းတွင် မြေကို လေးလက်မခန့် မြင့်အောင်ဖုံးပေးပြီး၊ လက်ဖြင့်ဖိပေးပါ။ စိုက်စတွင် မိုးပြတ်ပါက သုံးရက်ဆက်တိုက် ရေ လောင်းပေးရမည်။ မြေထုပ်စီးထားသော အပင်များမရနိုင်သောဒေသတွင် အစေ့ဖြင့် ပျိုးထောင်စိုက်ပျိုးနိုင်သည်။ ကင်ပွန်းချဉ် သီး အခြောက်မှ အစေ့များထုတ်ယူပြီး ရေနွေးဆူဆူထဲတွင် စိမ်ပြီးနောက် ၂၄ နာရီအတွင်း ရေ(၂-၃)ကြိမ် လဲပေးပါ။ ထို့နောက်အစေ့များကို (၅x၆)လက်မအရွယ် ပလတ်စတစ်အိတ်တွင် ပျိုးထောင်ထားပြီး အပင်များ တစ်ပေခန့်ရှိလျှင် မြေတွင်ချစိုက်ပါ။ အပင်အမြင့်ကို သုံးပေခန့်ထား၍ ကိုင်းများကို ချိုင်ပေးပြီး ရွက်နုများကို မှန်မှန်ဖြတ်ပေးပါ။

    အပင်ပြုစုခြင်း

    အပင်များကို လေးပေခန့်အမြင့်အထိထားပြီး လုံးဝိုင်းပုံဖြစ်သွားအောင် အကိုင်းများ ချိုင်ပေးရမည်။ အရွက်ပြောင်အောင် ချွေပေးရမည်။ စိုက်ခင်းကြီးပါက အကိုင်းချိုင်ပြီး မြေဆွေး၊ မြေသြဇာ ကျွေးပေးရမည်။ အကိုင်းချိုင်ခြင်းကို တစ်နှစ်တစ်ခါ နိုဝင်ဘာလတွင် ပြုလုပ်ပေးရသည်။ အပြင်ထွက်လာသောကိုင်းများကို အမြဲမပြတ်ဖြတ်ပေးရမည်။ ချိုင်ထားသောကိုင်းများကို အခြောက်ခံပြီး မီးပုံရှို့ပြစ်ပါ။

    ခူးယူခြင်း

    မြေသြဇာ ကျွေး၍ ရေလောင်းပေးထားလျှင် ငါးရက်တစ်ကြိမ် ဆွတ်ခူးနိုင်သည် အညွန့်ခူးခြင်းကို တစ်နွေလုံး ခူးနိုင်ပြီး အောက်တိုဘာလတွင် မခူးပဲ နှစ်လခန့်နားရမည်။

    ကျမ်းကိုး - ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်းလမ်းညွှန် (စားနပ်ရိက္ခာဖူလုံမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့)

    ---


  • article
likes
9
comments
0
views
1973