cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ဂျပ်စက္ကူအသုံးပြု၍ ကောက်ရိုးမှိုစိုက်ပျိုးနည်း

. Cultivation Methods
လိုအပ်သောအရာများ

- မြေဘောင် အနက် ခြောက်လက်မှမှတစ်ပေ အလျားအနံ 12'×3'/10'×3'/7'×4'

- မှိုမျိုး မြန်မာမျိုးထုပ်အသေးငါးထုပ်မှခုနှစ်ထုပ် အထုပ်ကြီးလေးထုပ်

  • - ဂျပ်စက္ကူအချိန်တစ်ဆယ်

    - နွားချီးမြင်းချီး အသုံးပြုပါကဆယ်တင်း ဗေဒါအသုံးပြုပါကဆယ့်နှစ်တင်း

    - ဖွဲနု နို့ဆီသုံးလုံး

    - ထုံးနှစ်ဗူး ဆေးရွက်ကြီးအနည်းငယ်

    - ပလပ်စတစ် စိုက်ဘောင်အရှည်ထက်သုံးပေအပိုယူ၍ဝယ်ပါ

    - ဝါးတစ်လုံး

    စိုက်ပျိုးပုံအဆင့်ဆင့်

    မြေဘောင်အနက်ခြောက်လက်မသို့မဟုတ်တစ်ပေခန့် အလျားအနံအပေါ်မှာပြထားသေားအညွှန်းအတိုင်းကြိုက်နှစ်သက်ရာအတိုင်ဘောင်တင်ပါ။ ဘောင်တင်ပြီးပါကနွေရာသီတွင်ရေဂါလံဆယ်ဂါလံခန့် ပက်ဖြန်ပါ။ ဆောင်းရာသီတွင်လျှော့ဖြန်၍ မိုးရာသီတွင်မဖြန်လည်းရပါသည်။ ထုံးနို့ဆီနှစ်ဗူးကိုဆေးရွက်ကြီးနှင့်ရောမွှေ၍ဘောင်ဘေးနှင်ဘောင်တွင်ပက်ဖြန်းပါ။ နွားချီးမြင်းချီးဖြစ်ပါကခြောက်တင့်ခန့် ဗေဒါဖြစ်ပါက 7တင်းခန့်လက်လေးလုံး ငါးလုံးခန့်ခုတ်ဖြတ်၍အောက်ခံအဖြစ်ခင်းပါ။ နွားချီးမြင်းချီးဖြစ်ပါကခြေဖြင့်နင်းကာ ရေအားလုံးစိမ့်ဝင်သွားသည်အထိပက်ဖြန်ပါ။ ဂျပ်စက္ကူ အချိန်တစ်ဆယ်ကိုရေစွတ်၍လက်တစ်ဝါးအရွယ်ဖြဲကာအောက်ခံမြင်ချီး နွားချီး ဗေဒါအပေါ်မှဖြန့်ခင်းပါ။ မှိုမျိုးကိုခြေမွကာ ဖွဲနုနို့ဆီသုံးဗူးဖြင့်ရောနယ်ကာအစိတ်အကျဲညီညီဖြူးပါ။ အပေါ်မှ နွားချီးမြင်းချီး ဗေဒါ လေးတင်းခန့်ပြန်အုပ်ပါ။ ရေလောင်းပါ။ မြင်ချီးနွားချီးဖြစ်ပါကဘောင်ဘေးမှရေစိမ့်ထွက်သည်အထိ လောင်းပါ။ ပလပ်စတစ်အုပ်ပါ။ အပေါ်မှအလင်းတိုက်ရိုက်မကျရန် အလင်းမဖောက်သော အရာများဖြင့်အုပ်ပါ။

    အပူချိန်ထိန်းခြင်း

    ကောက်ရိုးမှိုစိုက်ပျိုးတဲ့အခါအပူချိန်ထိန်းခြင်းကလည်း ပြောရလွယ်သလောက်ထိန်းရခက်ခဲတဲ့အရာဖြစ်ပါတယ်။ ကိုယ်ထည့်ထားတဲ့ကုန်ကြမ်းကစတင်ပြိုကွဲပီးအပူထွက်လာပါတယ်။ ပလပ်စတစ်အုပ်ထားတဲ့အတွက်အပြင်မှကျွန်တော်တို့ခံစားရတဲ့အပူချိန်ထက်မြောင်းတွင်းအပူချိန်ကပိုပူနေပါတယ်။ အပူချိန်သတ်မှတ်ချက်အနေနဲ့27°Cကနေ38°Cအတွင်းရှိရပါမယ်။ အပူချိန်ရှိတာကြောင်ဘောင်ခြောက်တတ်ပါတယ်။ ရေသွင်းရပါမယ်။ တခြားအပင်တွေလိုဘောင်အပေါ်ကရေလောင်းလို့်မရပါဘူး။ရေထမ်းပုံးနှစ်ပုံးခန့်ဘောင်ဘေးကနေသွင်းပေးရပါတယ်။ ဘောင်ပေါ်ကလောင်းရင်မှိုပေါက်မည်မဟုတ်ပါ။ ရေသွင်းသည့်အခါ ပလပ်စတစ်ကိုအကုန်မဖယ်ပဲရေလောင်းလို့ရရုံလေးသာ ခေါက်တင်၍ရေသွင်းပါ။ စပြီးစိုက်ပြီး ငါရက်အတွင်းမှိုမျှင်တွေစပြီးပွားပါတယ်။ ခြောက်ရက်သားလောက်ရောက်ပြီဆို မှိုဘောင်တစ်ခုလုံးကျပ်ပင့်ကူအိမ်တွေလိုမှိုမျှင်တွေတက်လာပါတယ်။ ခြောက်ရက်သားရပြီးဆိုပါလျှင် ဘောင်ပေါ်ကနေရေလောင်းလို့ရပါပြီ။ တစ်ခါထဲပဲလောင်းလို့ရတာပါ။ ရေထမ်းပုံးတစ်ထမ်းခန့် အားဆေးရည်ဖြင့်ရောစပ်ကာလောင်းပေးပါ။ နှစ်ရက်သုံးရက်ကြာတဲ့အခါမှိုမျှင်တွေကနေထုံးတွေပက်ထားသလိုသဋေခဲတွေစတင်မြင်ရပါပြီ။

    မှိုသဋေခဲမင်ရပြီဆိုသည်နှင် ပလပ်စတစ်ကိုဖယ်ကာ တစ်နေ့တစ်ခါလောက်နေရောင်ခြည်တိုက်ရိုက် မရတဲ့အချိန်တွင် လေသွင်းခြင်းနှင့် အလင်းပေးရန်ဆယ်မိနစ်ခန့်ဖွင့်ပေးပြီးလုံအောင်ပြန်ပိတ်ကာ အပေါ်မှအလင်းမဖောက်သည့်အရာများဖြင့်အုပ်ထားပါ။ တနေ့တကြိမ်ခန့်ပြုလုပ်ကာ မှိုကြီးထွားမှုကို ကြည့်နိုင်သည်။ စိုက်ပြီး၈ ရက် ၉ ရက်မှ ၁၂ ရက်အတွင်းစတင်ခူးဆွတ်နိုင်သည်။ မှိုတစ်ဘောင်အထွက်နှုန်းနှစ်ပိသာမှတစ်ဆယ်ဝန်းကျင်ထွက်ရှိပြီးပထမတစ်ကြိမ်ဒုတိယတစ်ကြိမ်နှစ်ကြိမ်ခူးဆွတ်နိုင်ပါသည်။

    ကောက်ရိုးမှိုအကြောင်းသိကောင်းစရာများ

    ကောက်ရိုးမှို၏သဘာဝကမှိုးများများရွာပြီး နေပြန်ပူတဲ့အခါမှပေါက်တတ်တာပါ။ ထို့အတူပါပဲကျွန်တော်တိုမှိုစိုက်ပျိုးတဲ့အခါမှာ သဘာဝကိုလူကဖန်တီးပေးပြီကောက်ရိုးမှိုပေါက်စေတာပါ။ ကောက်ရိုးမှို ပေါက်ရောက်ဖို့အတွက်အဓိကအစာသုံးမျိုးလိုပါတယ်။ အပူ၊ carbondioxide နဲ့ cellluloseပါ။ ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ အပူကိုနွားချီးမြင်းချီးဗေဒါမှရရှိပြီး ဆဲလူးလို့စ်(cellulose )ကို ဂျပ်စက္ကူကရရှိပါတယ်။ မထည့်ရင်မရဘူးလား? မရပါဘူး။ အဓိကအစာမို့ပါ။ ဒါဆိုတခြားဟာရောသုံးလို့ရလားဆိုတော့ 99%ထိစက္ကူနဲ့ပတ်သက်တဲ့ထွက်ကုန်တွေမှာဆဲလူးလိုစ်ပါဝင်ပြီး တခြားပစ္စည်းတွေမှာဆဲလူးလိုစ့်မပါဝင်ပါဘူး။

    ထုံးဘာကြောင့်ဖြူးပါသလဲ?

    ခြကြောက်လိုပါ။ ကောက်ရိုးမှိုရဲ့အဓိကရန်သူတော်ပါပဲ။ ခြဆိုတာ စက္ကူထည့်သွင်းခြင်းကြောင့် ခြကတော့လိုက်မှာသေချာနေတာမို့ မလိုက်အောင်တာဆီးတာပါ။ တခြားခြပြေးဆေးတွေ စိုက်ပျိုးရေးဆိုင်တွေမှာရှိပါတယ်။ ဒါပေမဲ့မသုံးပါနဲ့လို့အကြံပြုပါရစေ။ အဲဒီ့ဆေးရဲ့ အာနိသင်က ၄၅ ရက်မှပျယ်တာဖြစ်လို့ ၁၂ ရက်ဝန်းကျင်သီးနံအတွက် အဆိပ်သွင်းသလိုဖြစ်ပြီး စားသုံးသူတွေကိုတောက်ခြင်း၊ အော့အန်ခြင်း၊ အစာအဆိပ်သင့်ခြင်းတွေဖြစ်တတ်တာမို့ တတ်နိုင်သမျှရှောင်ပါ။ မဖြစ်မနေသုံးမည်ဆိုပါကလည်း သေချာမေးမြန်းပြီးမှအသုံးပြုပါ။

    ကုန်ကြမ်း မြင်းချီ၊းနွားချီးဆယ်တင်းခန်း တမြောင်းကိုအသုံးပြုပါ။ ဗေဒါသုံးမည်ဆိုပါက ၁၂ တင်းသုံးပါ။ ဗေဒါကို မြင်းချီး၊ နွားချီးစသည်ဖြင့်လည်းရောသုံးနိုင်ပါသည်။

    ကောက်ရိုးမှိုရဲ့အဓိကအကျဆုံးက အပူချိန်ပါ။ ပြောရလွယ်သလောက် မသိတဲ့အခါထိန်းရခက်ပါတယ်။ ကောက်ရိုးမှိုရှင်သန်ကြီးထွားဖို့ အပူချိန် 27°Cကနေ38°Cကြားဝန်းကျင်ရှိရပါမယ်။ အပူချိန်ကွာခြားချက် ၁၀ ကျော်ရင်မှိုမျှင်သေခြင်း၊ အပွင့်သေးခြင်း တို့ဖြစ်တတ်ပါတယ်။

    Source: စိုက်ပျိုးရေးဦးစီးဌာန



  • article
likes
15
comments
0
views
3593