cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

တောင်သူအသိပညာပေးအစီအစဥ်

. Financial
Episode 7

လယ်ယာမြေကို ဘယ်လိုတရားဝင်ရောင်းချမလဲ(ပြုလုပ်ပုံအဆင့်ဆင့်)

---------------------------------------------------------------

  • လယ်ယာမြေကို တရားဝင်လုပ်ထုံးလုပ်နည်းနှင့်အညီ တရားဝင်ရောင်းချနိုင်ပါသည်။

    (က) လယ်ယာမြေကို စိုက်ပျိုးရေးအတွက်သာ အသုံးပြုရမည်။

    (ခ) လယ်ယာမြေကို ရောင်းချရာတွင် ရောင်းသူနှင့်ဝယ်သူတို့သည် ထိုရောင်းချမှုကို တရားဝင်စေရန် အရောင်း ဝယ်စာချုပ်ကို မှတ်ပုံတင်ပြီး တရားဝင်ပြုလုပ်နိုင်ပါသည်။

    (ဂ) လယ်ယာမြေကို ရောင်းချရာတွင် ရောင်းသူနှင့်ဝယ်သူတို့သည် သက်ဆိုင်ရာ လယ်ယာမြေတည်ရှိ သည့် ရပ်ကွက်(သို့) ကျေးရွာလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ရှေ့မှောက်တွင် တံဆိပ်ခေါင်းခွန်ထမ်းဆောင်၍ အဖိုးစားနားထည့်၍ အရောင်းအဝယ်စာချုပ်ချုပ်ဆိုရမည်။

    (ဃ) စာချုပ်ကို စာချုပ်ချုပ်ဆိုသည့်နေ့မှ ရက်ပေါင်း (၁၂၀)အတွင်း သက်ဆိုင်ရာ မြို့နယ်ဦးစီးဌာနရုံး တွင် မှတ်ပုံတင်ရပါမည်။

    အထက်ပါအချက်များနှင့်ကိုက်ညီမှသာ လယ်ယာမြေကို ရောင်းသူနဲ့ဝယ်သူတို့ ပြုလုပ်ချုပ်ဆိုကြ သည့် တရားဝင်အရောင်းအဝယ်အထမြောက်သည့် စာချုပ်တစ်စောင်သာဖြစ်ပေလိမ့်မည်။

    သတိထားရမည့်အချက်မှာ-

    (က) တောင်သူများသည် မိမိတို့ပိုင်ဆိုင်သော လယ်ယာမြေများကို နိုင်ငံခြားသား(သို့) နိုင်ငံခြားသား ပါဝင်သောအဖွဲ့အစည်းများသို့ တိုက်ရိုက်ရောင်းချပိုင်ခွင့်မရှိပါ။

    (ခ) တောင်သူများသည် မိမိတို့ပိုင်ဆိုင်သော လယ်ယာမြေများကို မိမိနိုင်ငံသားများအား ရောင်းချမည် ဆိုရာတွင် အချို့တောင်သူများသည် ငွေကြေးသက်သာစေရန်အတွက် လယ်ယာမြေဥပဒေမှ သတ်မှတ် ထားသည့်အတိုင်း မှတ်ပုံတင်ခြင်းမပြုဘဲ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရှေ့တွင် ပင် အရပ်ကတိစာချုပ်ချုပ်ဆို၍ အရောင်းအဝယ်စာချုပ်ချုပ်ဆိုကြပါသည်။

    ထိုသို့ချုပ်ဆိုသည့် လယ်ယာမြေရောင်းဝယ်ခြင်းပြုလုပ်သည့် အရပ်ကတိစာချုပ်သည် သက်ဆိုင် ရာဌာနတွင် မှတ်ပုံတင်ခြင်း မရှိ၍ လယ်ယာမြေအရောင်းအဝယ်စာချုပ်သည် တရားဝင်သော အရောင်း အဝယ် မဖြစ်ပါ။

    မြေပြင်ပေါ်တွင် တောင်သူများသည် လယ်ယာမြေများကို နည်းလမ်းမသိ၍ တရားမဝင်သော အရပ်ကတိစာချုပ်များ ချုပ်ဆို၍ ရောင်းဝယ်မှုများပြုလုပ်နေကြသဖြင့် ရောင်းချခြင်းအထမမြောက်၍ တရားဝင်ပိုင်ဆိုင်မှုမရဘဲ လယ်ယာမြေကို လက်လွှတ်ဆုံးရှုံးနေရတဲ့သူများလည်း ရှိပါတယ်။

    - #တောင်သူပညာပေးအစီအစဥ်ဖြစ်ပါသောကြောင့် သင့်အနေဖြင့်လွတ်လပ်စွာမျှဝေနိုင်ပြီး GRO အနေဖြင့် Like,Share and comments များကို ကျေးဇူးတင်ဝမ်းမြောက်စွာကြိုဆိုပါသည်။

    ဤ ပညာပေးအစီအစဥ်ဖြစ်မြောက်ရေးအတွက် ကူညီပံ့ပိုးပေးသူများအားအထူးကျေးဇူးတင်ရှိပါသည်။


    https://youtu.be/VHwJAWBoC0s


likes19comments2
views3810