cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ငါးအချိုချောင်းပြုလုပ်နည်း

. Fish Articles
ငါးမွေးတောင်သူများနှင့် မြန်မာလူမျိုးတို့သည် ငါးကို ငါးဆယ်နယ် ငါးပိကောင် နှင့် ငါးချည် စသည် ဖြင့်ပြုလုပ်စားသောက်ကြသည်။
  • ငါးကိုအရသာရှိစေရန် နှင့် စားသောက်မှု့ နှစ်သက်စေရန်အတွက် ငါးအချို ချောင်းပြုလုပ်နည်းအားတင်ပြအပ်ပါသည်။ငါးအချိုချောင်းပြုလုပ်ရာတွင် ငါးမျစ်ချင်း၊ ငါးကြင်း၊ ကကတစ်နှင့် တီလားပီးယား ငါးမျိုကို အသုံး ပြုနိုင်ပါသည်။ မိမိပြလုပ်လိုသော ငါးကို အကြေးခွံခွာပြီး အမြီးနှင့် ခေါင်းကိုဖြတ်ထုတ်ပါ၊ ထို့နောက်အလယ် ရိုးမှ နွှာပြီး လက်တလုံးခန်ံ အချောင်းလေးများပြုလုပ်ပါ။ လှီးထားသော ငါးအချောင်းလေးများကို ရေဖြင်ံ စင်ကြယ်စွာဆေးပါ။ရေဆေးပြီးသော ငါးအချောင်းလေးများကို ဆား ၊ပဲငံပြာရည် ၊သကြား ၊ ငရုပ်ကောင်း မှုန့် တို့ဖြင့် ရော၍နယ်ပြီး ဇလုံထဲတွင် (၂)နာရီ (၃)နာရီခန့် နှပ်ထားပေးပါ။ ပါဝင်ရမည့် အချိုးအစားများမှာ-

    ၁။ ငါးအချောင်း ၁ ပိဿာ

    ၂။ဆား စားပွဲဇွန်း (၂)ဇွန်း

    ၃။ပဲငံပြာရည် စားပွဲဇွန်း (၂)ဇွန်း

    ၄။ သကြား ၅ ကျပ်သား

    ၅။ငရုပ်ကောင်းမှုန့် စားပွဲဇွန်ူ (၂)ဇွန်း

    ၆။ ဂျင်း ကြက်သွန်ဖြူ အနည်းငယ်

    နှပ်ထားပြီး ငါးအချောင်းများကို ဝါးဇကာတွင်ထည့်ပြီး ခြောက်သွားအောင်လှန်းပါ.နေလှန်းရာတွင် ငါးအချောင်းများကို မထပ်စေဘဲ တခုနှင့် တခု လက်တလုံးခွာပြီးလှန်းပါ။ ခြောက်သွားပါက အနံအရသာ နှင့် ပြည့်စုံသော ငါးချောင်းလေးများကို ကြော်၍လည်းကောင်း မီးဖုတ်၍လည်းကောင်း စားသုံးနိုင်ပါသည်။ 


  • article
likes
10
comments
0
views
2890