cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်များအတွက် တစ်ပတ်စာမိုးလေဝသနှင့် စိုက်ပျိုးရေးအကြံပြုချက် (ဇွန်လ၁ရက်နေ့မှ၇ရက်နေ့အထိ)

. Weather News
ဇွန်လပထမ အပတ်မှာတော့ ဧရာဝတီတိုင်းရှိ မြို့နယ်အသီးသီးမှာ မိုးများစွာ ရွာသွန်းနိုင်ပါတယ်။ မိုးစပါး ကြဲခင်းနှင့်ပျိုးခင်း လုပ်ဆောင်နေတဲ့ စပါးစိုက်တောင်သူများ သီးနှံဆုံးရှုံးမှုများ မရှိစေရန်နှင့် စိုက်ပျိုးရေး လုပ်ငန်းစဉ်များကို အချိန်မှီ လုပ်ဆောင်နိုင်စေရန်အတွက် ထွက်တိုးမှ မိုးလေဝသနှင့် စိုက်ပျိုးရေး အကြံပြုချက်များကို လေ့လာလုပ်ဆောင်ပေးပါခင်ဗျာ။
  • ၁) ဟင်္သာတမြို့နယ်

    ဇွန်လပထမ အပတ်မှာတော့ ဟင်္သာတမြို့နယ်မှာ မိုးများစွာ ရွာသွန်းနိုင်ပါတယ်။ ဇွန်လ (၁) ရက်၊ ဇွန်လ (၃) ရက်နှင့် ဇွန်လ(၄)ရက်နေ့တို့မှာ မိုးရွာရန်ရာခိုင်နှုန်း (၇၈%)ရှိနိုင်ပါတယ်။ ဇွန်လ (၆)ရက်နှင့် ဇွန်လ(၇)ရက်နေ့မှာတော့ မိုးရွာရန်ရာခိုင်နှုန်း (၆၅%)ခန့် ရှိပါတယ်။

    ၂) ဖျာပုံမြို့နယ်

    ဇွန်လပထမ အပတ်မှာတော့ ဖျာပုံမြို့နယ်မှာ မိုးများစွာ ရွာသွန်းနိုင်ပါတယ်။ ဇွန်လ (၁) ရက်နှင့် ဇွန်လ (၂)ရက်နေ့မှာတော့ မိုးရွာရန် ရာခိုင်နှုန်း(၈၀%) ရှိနိုင်ပါတယ်။ ဇွန်လ ၆ ရက်နေ့နဲ့ ၇ ရက်နေ့တွေအတွက် မိုးရွာရန်ရာခိုင်နှုန်းကတော့ ၇၀ ရာခိုင်နှုန်းဖြစ်ပါသည်။

    ၃) မအူပင်မြို့နယ်

    ဇွန်လပထမ အပတ်မှာတော့ မအူပင်မြို့နယ်မှာ မိုးများစွာ ရွာသွန်းနိုင်ပါတယ်။ ဇွန်လ (၁)ရက်၊ (၃)ရက်၊ ၄ ရက်၊ ၅ရက်နှင့် ၇ရက်နေ့တို့မှာ မိုးရွာရန် ရာခိုင်နှုန်း (၉၀ရာခိုင်နှုန်းနီးပါး)ရှိနိုင်ပါတယ်။ ဇွန်လ(၂)ရက်နေ့မှာတော့ မိုးရွာရန် ရာခိုင်နှုန်း (၅၅) ရာခိုင်နှုန်းဖြစ်ပါတယ်။

    ၄) မြောင်းမြမြို့နယ်

    ဇွန်လပထမ အပတ်မှာတော့ မြောင်းမြမြို့နယ်မှာ မိုးများစွာ ရွာသွန်းနိုင်ပါတယ်။ ယနေ့ဇွန်လ ၁ ရက်၊ ၃ရက်၊ ၄ရက်နှင့် ၅ရက်နေ့မှာ မိုးရွာရန် (၈၀) ရာခိုင်နှုန်းအထက် ရှိနိုင်ပါတယ်။ မနက်ဖြန်ဇွန်လ ၂ ရက်နေ့၊ ဇွန်လ ၆ ရက် နဲ့ ၇ ရက်နေ့တွေအတွက် မိုးရွာရန်ရာခိုင်နှုန်း ၅၅၊ ၅၈ နှင့် ၆၀ ရာခိုင်နှုန်းစီဖြစ်ပါသည်။

    ၅) လပ္ပတာမြို့နယ်

    လပ္ပတာမြို့နယ်အတွင်း ဇွန်လ ၂၊ ၃၊၄ နှင့် ၅ ရက်နေ့များမှာ မိုးရွာရန်ရာခိုင်နှုန်း ၉၀ ကျော်ခန့် ရှိနိုင်ပါတယ်။ ယနေ့ဇွန်လ၁ရက်နေ့မှာတော့ မိုးရွာရန်ရာခိုင်နှုန်း ၅၅ ရှိပါပြီး ၊ ဇွန်လ ၆၊ ၇ ရက်နေ့များအတွက် ရွာရန်ရာခိုင်နှုန်းများကတော့ ၅၉ နှင့် ၆၉ ရာခိုင်နှုန်း အသီးသီးရှိကြပါသည်။

    ၆) ပုသိမ်မြို့နယ်

    ဇွန်လ (၂) ရက်နေ့မှာတော့ မိုးရွာရန်ရာခိုင်နှုန်း (၄၆%) ရှိပြီး ကျန်ရက်များမှာတော့ မိုးရွာရန်ရာခိုင်နှုန်း (၇၀%)အထက်ရှိနိုင်ပါတယ်။ ဇွန်လ (၆)ရက်နေ့မှာတော့ မိုးရွာရန်ရာခိုင်နှုန်း (၆၄%)ခန့် ရှိပါတယ်။

    မိုးစပါးအတွက် ထွက်တိုးမှစိုက်ပျိုးရေးအကြံပြုချက်

    ဇွန်လပထမ အပတ်မှာတော့ ဧရာဝတီတိုင်းရှိ မြို့နယ်အသီးသီးမှာ မိုးများစွာ ရွာသွန်းနိုင်ပါတယ်။ မိုးစပါးကြဲခင်းနှင့်ပျိုးခင်း လုပ်ဆောင်နေဆဲ တောင်သူများအနေဖြင့် စိုက်ခင်းတွင်း မိုးရေလျှံခြင်း ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် မျိုးစေ့များရေဖြင့် မျောပါခြင်းး၊ မျိုးညှောင့်ပေါက်နှုန်း ကျဆင်းခြင်းနှင့် မိုးရေမြှုပ်ခြင်းကြောင့် မျိုးညှောင့်ပုပ်ခြင်း၊ ပိုးမွှားရောဂါ ပိုမိုကျရောက်စေနိုင်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ မိုးများခြင်းကြောင့် သွင်းအားစုများ ဆုံးရှုံးမှုမရှိစေရန် စပါးမျိုးစေ့ကြဲပက်ခြင်း၊ မြေခံမြေဩဇာထည့်သွင်းခြင်းနှင့် ပေါင်းသတ်ဆေးဖျန်းခြင်း ယခုအပတ်အတွင်း မလုပ်ဆောင်သင့်ပါ။ ထွက်တိုးမှ အပတ်စဉ် မိုးလေဝသသတင်းကို စောင့်ကြည့်ရယူပြီး မိုးစပါးစိုက်ခင်းအတွက် သင့်တော်သော စိုက်ပျိုးရေးလုပ်ငန်းစဉ်များကို စနစ်တကျ လုပ်ဆောင်ပါ။  စိုက်ခင်းတွင်း ရေကြီးရေလျှံခြင်းကို ကာကွယ်နိုင်ရန် ရေထုတ်မြောင်းများကို ပြင်ဆင်ထားပါ။ ရေလွှမ်းခြင်းကို ခံနိုင်ရည်ရှိသည့် စပါးမျိုးကို ရွေးချယ်စိုက်ပျိုးပါ။

    Source: CIAT



  • article
likes
16
comments
0
views
6842