cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ရောဂါဖြစ်စေသက်ရှိမှိုတစ်မျိုးသည် မှိုသတ်ဆေးတစ်မျိုးမျိုးကို ဆေးယဉ်နေပြီလား၊ ခံနိုင်ရည်ရှိနေပြီလား ဆိုတာ ဘယ်လိုသိနိုင်မလဲ။

. Pests Management
ယေဘုယျအားဖြင့် အချက် ၄ ချက်အရ သိနိုင်ပါတယ်။
  • ၁။ generation time - ရောဂါဖြစ်စေသက်ရှိမှိုရဲ့ဘဝစက်ဝန်းသည် ယခင်က သီးနှံတစ်ရာသီမှာ တစ်ကြိမ်သာ ပြည့်စုံမယ်၊ နောက်ထပ်စပိုးထုတ်နိုင်မယ်။ ထို ရောဂါဖြစ်စေသက်ရှိမှိုက ဆေးတစ်မျိုးမျိုးကို ခံနိုင်ရည်ရှိလာခြင်းအတွက် သီးနှံတစ်ရာသီထဲမှာပဲ နှစ်ကြိမ်၊ သုံးကြိမ် အချိန်တိုအတွင်း ပွါးများလာခြင်းဖြစ်ရင် ဒီအခြေအနေသည် ဆေးယဉ်ပါးမှုကြောင့်လို့ သတ်မှတ်ချက်တစ်ခုဖြစ်ပါတယ်။

    ၂။ amount of sporulation - မှိုစပိုးများသည် အချို့က စပိုးအိတ်လို့ခေါ်တဲ့ sporangium (zoospores)၊ perithecium, apothecium, cleistothecium စတဲ့အထဲကနေ စပိုးအိတ်ကွဲပြီး ထွက်တာမျိုးရှိသလို Penicillium လို Aspergillus လိုမှိုတွေက စပိုးအိတ်မပါပဲ chain အနေနဲ့ စပိုးတွေ ချိတ်ဆက်နေတာမျိုးပုံစံရှိကြတယ်။ စပိုးအိတ်တခုမှ စပိုးပေါင်း သန်းချီပြီး ရှိနိုင်တယ်။ ဆိုပါတော့_ sporangium တစ်ခုမှာ zoospores တစ်သန်းပါမယ်/ထုတ်လွှတ်ကူးစက်နိုင်မယ်ဆိုရင် မှိုသတ်ဆေး ယဉ်ပါးမှုဖြစ်တဲ့အခါ ယခင်က တစ်သန်းထက်ပိုတဲ့ စပိုးအရေအတွက်ထုတ်လာနိုင်မယ်။ အလွယ်မှတ်ရရင် ကူးစက်မှု ပိုများ/ပိုကျယ်ပြန့်မြန်ဆန်လာမယ်။ ဒါကလည်း ဆေးယဉ်ပါးနေပြီလားဆိုတာကို သိနိုင်တဲ့အချက်တစ်ခုဖြစ်ပါတယ်။

    ၃။ spore dispersal- စပိုးပျံ့လွင့်နိုင်တဲ့ အကွာအဝေး။ အဓိက လေဖြင့်ပျံ့နှံ့နိုင်တဲ့စပိုးမျိုးမှာ သိသာနိုင်တယ်။ အရာဝတ္တုတစ်ခုသည် အရွယ်အစားသေးငယ်ပေါ့ပါးလေလေ လေကြောင့် အဝေးကို လွင့်ပါနိုင်တဲ့အကွာအဝေး များလေလေဖြစ်တယ်။ ဆေးယဉ်ပါးတဲ့အခါ မှိုစပိုးအရွယ်အစားသည် ယခင်ကထက် ပိုပြီး သေးငယ်ကျစ်လစ်လာနိုင်တယ်။ ဒါကြောင့် ယခင်က လေစီးနဲ့ ၂ မိုင်အကွာကစိုက်ခင်းအထိ လွင့်ပါကူးစက်နိုင်တယ်ဆိုရင် ဆေးယဉ်ပါးနေတဲ့စပိုးဟာ ၃-၄ မိုင်အထိ ပြန့်နှံကူးစက်လာတာမျိုး ဖြစ်လာနိုင်တယ်။ ဒါကလည်း ဆေးယဉ်ပါးမှုကို သိသာနိုင်တဲ့အချက်တွေထဲက တစ်ချက်ဖြစ်ပါတယ်။

    ၄။ history of resistance- နောက်ဆုံးတစ်ချက်ကတော့ သုတေသနတွေ လေ့လာတွေ့ရှိချက်တွေအရ ဒီ မှိုအမျိုးအစား၊ မျိုးစိတ်တစ်ခုဟာ ဒီမှိုသတ်ဆေးကို ခံနိုင်ရည်ရှိမှုဖြစ်နေပါတယ်ဆိုတဲ့ စာတမ်းတွေ၊ မှတ်တမ်းတွေရှိတယ်။ ကိုယ့်နိုင်ငံကတွေ့ရှိချက်မဟုတ်သော်လည်း အခြားနိုင်ငံက ပညာရှင်တွေရဲ့ တွေ့ရှိချက်နဲ့ အပေါ်က ဖော်ပြတဲ့ အချက် ၃ ချက် တိုက်ဆိုင်နေရင်၊ ဒီအခြေအနေကို ဆေးယဉ်ပါးမှုဖြစ်တာ သေချာတယ်လို့ သတ်မှတ်နိုင်မှာဖြစ်ပါတယ်။

    အခုဆေးဖျန်း ချက်ခြင်းဆေးယဉ်ပါးမှုဖြစ်တာတော့မဟုတ်ပါဘူး။ ဆေးတစ်မျိုးကို ရောဂါတစ်မျိုးအတွက် အကြိမ်ကြိမ်သုံးမယ်၊ သီးနှံရာသီဆက်တိုက်သုံးမယ်၊ သတ်မှတ်နှုန်းထားထက် လျော့ပြီး နှစ်ကြိမ်မက ဖျန်းမိမယ်ဆိုရင်တော့ ဆေးယဉ်ပါးမှု ဖြစ်နိုင်ခြေများလာပြီလို့ နားလည်ထားရပါမယ်။

    သတိပြုရမှာက

    ဆေးတစ်မျိုးအသုံးပြုလိုက်လို့ အပင်မှာကျနေတဲ့ရောဂါ သက်သာလျော့ပါးခြင်းမရှိတိုင်း ဆေးယဉ်ပါးနေပြီလားလို့ မယူဆမိဖို့လိုပါတယ်။

    ရောဂါနဲ့ဆေး မတိုက်ဆိုင်တဲ့အခါ ရောဂါကျရောက်မှု ဆက်ရှိနေနိုင်ပါတယ်။

    ဖျော်စပ်မှုမှားတဲ့အခါ၊ အသုံးပြုပုံ/နှုန်းထား/အချိန်လွဲမှားတဲ့အခါ၊ ပတ်ဝန်းကျင်ရာသီဉတုအခြေအနေက ဆေးအပေါ် ထိရောက်မှုနည်းနိုင်တဲ့ ရာသီဉတုမျိုးဖြစ်နေတဲ့အခါ၊ ဆေးရဲ့ ပြင်းအား မှန်ကန်မှုမရှိတဲ့အခါ၊ ဆေးရဲ့သက်တမ်းလွန်နေခြင်းကြောင့် အာနိသင်မပြည်ါတော့တဲ့အခါ စတဲ့အခြေအနေမျိုးဆိုရင်လည်း ဆေးဖျန်းပေမယ့် ရောဂါကျရောက်မှုလျော့ပါးသွားခြင်းမရှိတာမျိုး တွေ့ရနိုင်ပါတယ်။

    သုံးသပ်လေ့လာမှုကို စနစ်တကျပြုလုပ်ပြီးမှ ဆေးယဉ်ပါးနေခြင်းကို အတည်ပြုသတ်မှတ်ရမှာ ဖြစ်ပါတယ်။

    Dr. DaDa

    Ph. D Entomology

    ဤဆောင်းပါးအားထွက်တိုးPage တွင် ဖော်ပြခွင့်ပေးပါသော Dr. DaDa အား အထူးပင်ကျေးဇူးတင်ရှိပါသည်ခင်ဗျ။

    ------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes14comments0
views2464