cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

၂၉.၅.၂၀၂၃ မှ ၂.၆.၂၀၂၃ ရက်နေ့ထိ ဈေးကွက်သုံးသပ်ချက်

. Market Price
-မတ်ပဲ၊ကုလားပဲစျေး ဆက်တိုက်ဈေးမြင့်တက်နေ
-ပဲစင်းငုံနီစျေး တစ်တန်သိန်း ၃၀ ဝန်းကျင်ထိမြင့်တက်လာ
-ပဲတီစိမ်းစျေး ငွေလဲလှယ်နှုန်းဈေး မြင့်တက်လာသော်လည်း ထူးခြားစွာ ဈေးမမြင့်တက်

  • မတ်ပဲ

    မတ်ပဲ ကတော့ ဆက်တိုက်ဈေးမြင့်တက်နေပါတယ်။ ပြည်တွင်းငွေလဲလှယ်နှုန်းဈေးမြင့်တက်သလို ဈေးကွက်ထဲ ပဲ အဝင်နည်းနေတဲ့အတွက် FOB ဈေးနှုန်းများ ပါ ဈေးမြင့်တက်နေခဲ့တာ ဖြစ်ပါတယ်။အိန္ဒိယနိုင်ငံရဲ့ ဝယ်လိုအား ကလည်း မြင့်တက်နေပါတယ်။မတ်ပဲ ဈေးက ပြည်တွင်း ကုန်သည်တွေရဲ့ ဈေးကစားမှုတွေ နဲ့ ပဲ ထုတ်ရောင်းပေးမှု နည်းပါးခြင်းကြောင့် ထပ်ပြီး ဈေးတက်နိုင်ဦးမယ်လို့ အိန္ဒိယနိုင်ငံ သတင်းတွေ မှာ ဖော်ပြထားပါတယ်။

    အိန္ဒိယနိုင်ငံကတော့ ပြည်ပ ကနေ တင်သွင်းလာတဲ့ မတ်ပဲ တွေကို အကောက်ခွန် ကိစ္စပြီးစီးသည့် ရက်ကနေ့ ရက်ပေါင်း ၃၀ ထက်ကျော်လွန်ပြီး မထား ဖို့ထုတ်ပြန်ထားပါတယ်။ ပဲဈေးမြင့်တက်တာတွေနဲ့ပတ်သတ်ပြီး ထိန်းချုပ်နိုင် ဖို့ အတွက် အိန္ဒိယ အစိုးရက နည်းအမျိးမျိုးဖြင့် ဆောင်ရွက်နေပေမယ့် ပြည်တွင်းထွက်ရှိမှုန်းနည်း နေတာ ဖြစ်လို့ ထင်သလောက် ထိန်းချုပ်မနိုင်တာကို တွေ့ရပါတယ်။ပြီးခဲ့တဲ့ နှစ်က အိန္ဒိယမှာ မတ်ပဲ ထွက်ရှိမှုနှုန်းက တန်ချိန် ၂၈ သိန်း ရှိခဲ့ပြီး ဒီနှစ်မှာတော့ တန်ချိန် ၂၇ သိန်းထိ ထွက်နိုင်ဖို့ မျှော်မှန်းထားတယ်လို့ အိန္ဒိယသတင်းတွေ မှာ ဖော်ပြထားချက်အရသိရပါတယ်။

    မြန်မာပြည်တွင်း မှာ လည်း သွင်းအားစု ဈေးကြီးမြင့်ခြင်း၊စိုက်ဧကလျော့နည်းခြင်း၊လုပ်သားရှားပါးခြင်းတို့ ကြောင့် လက်ရှိပေါက်ဈေးနှုန်းမှသာ အဆင်ပြေနိုင်တဲ့အခြေအနေရှိနေကြောင်း တောင်သူကုန်သည်တွေက ဆိုပါ တယ်။

    ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၂၃၃၄၀၀၀ ကျော်ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၅၇၀၀၀ နီးပါးဈေးတက်လာပါတယ်။ FOB ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၉၅၀ ကနေ ၉၇၀ ပေါက်ဈေးရှိနေပြီး တစ်တန်ကို ဒေါ်လာ ၃၀ လောက်ဈေးမြင့်တက်လာပါတယ်။

    မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၂၃၃၀၀၀ ကနေ ၂၃၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၅၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

    အခြားနယ်ကုန်စည်ဒိုင်တွေ ဖြစ်တဲ့ အောင်လံကုန်စည်ဒိုင်၊မုံရွာ၊ပြည်တို့မှာလည်း တစ်တင်းကို ၇၀၀၀၀ ကနေ ၇၆၅၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်တင်းကို ၂၅၀၀ လောက်ဈေးတက်ပါတယ်။



    ပဲစင်းငုံနီ

    ပဲစင်းငုံနီကတော့ ဇွန်လ အစမှာတင် တစ်တန်ကို သိန်း ၃၀ နားထိ ဈေးမြင့်တက်လာပါတယ်။ဈေးတွေ မြင့်တက်နေပေမယ့်ရောင်းစရာဝယ်စရာ ပဲ မရှိဘူးလို့ ပဲကုန်သည်အချို့ကတော့ ဆိုပါတယ်။ ကုန်သည်တွေက ပဲတွေသိုလှောင်ထားပြီး ဈေးကို ဆွဲတင်ရောင်းချနေတဲ့အတွက် အိန္ဒိယအစိုးရက တော့ တင်သွင်းလာတဲ့ ပဲစင်းငုံနီတွေကို ရက် ၃၀ ကျော်ပြီး လှောင်လို့ မရဘူးလို့ ထုတ်ပြန်ထားပေမယ့် ပဲဈေးနှုန်းကတော့ ဆက်ပြီး မြင့်တက်နေဆဲ အခြေအနေ ဖြစ်ပါတယ်။ပဲစင်းငုံနီရဲ့ ထွက်ရှိနှုန်းကလည်း ဒီနှစ်မှာတန်ချိန် ၃၇ သိန်းထွက်ရှိမယ်လို့ အိန္ဒိယအစိုးရက ခန့်မှန်းထားပေမယ့် အမှန်တကယ်ထွက်ရှိနိုင်မှုက ပိုနည်းနိုင်တယ်လို့ အိန္ဒိယကုန်သည်တွေက လည်း သုံးသပ်ထားကြပါတယ်။

    မြန်မာပြည်တွင်းမှာလည်း ပဲစင်းငုံနီ အထွက်နှုန်းနည်းတာ၊ပြည်တွင်းငွေလဲလှယ်နှုန်းဈေးမြင့်တက်တာတွေ ကြောင့် ပဲဈေးနှုန်း ကလက်ရှိပေါက်ဈေးနှုန်းထက် ကျဆင်းနိုင်ခြေ နည်းပါးနေပြီး ဆက်ပြီး မြင့်တက်နိုင်ဦးမယ်လို့ ပဲ ရောင်းဝယ်နေတဲ့ကုန်သည်တွေက သုံးသပ်ထားကြပါတယ်။

    ရန်ကုန်ဈေးကွက် မှာ ပဲစင်းငုံနီက တစ်တန်ကို ၃၀၂၅၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၃ သိန်းနီးပါး ဈေးမြင့်တက်လာပါတယ်။ FOB ဈေးကတော့ တစ်တန်ကို အမေရိကန်ဒေါ်လာ ၁၁၂၀ ကနေ ၁၁၄၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ဒေါ်လာ ၈၀ လောက်ဈေးမြင့်တက်လာခဲ့ပါတယ်။

    မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၂၈၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀၀၀ ကျော်ဈေးမြင့်တက်လာပါတယ်။

    အခြား နယ်ကုန်စည်ဒိုင်တွေ ဖြစ်တဲ့ ပခုက္ကူဈေးကွက်၊အောင်လံဈေးကွက်၊မုံရွာ ဈေးနဲ့ ပြည်ဈေးကွက်တို့ မှာ ပဲစင်းငုံနီ တစ်တင်းကို ၈၄၀၀၀ ကနေ ၈၄၅၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်တင်းကို ၂၅၀၀ ကျပ်ဈေးတက် လာပါတယ်။


    ပဲတီစိမ်း

    ပဲတီစိမ်း အညာ ဝါးခယ်မ တွေက နေ့စဉ်ကုန်အဝင်ပေါ်မူတည်နေပြီး ငွေလဲလှယ်နှုန်းဈေး မြင့်တက်လာ ပေမယ့်လည်း ထူးခြားစွာ ဈေးမမြင့်တက်လာတာကို တွေ့ရပါတယ်။ တရုတ်ကို အဓိက တင်ပို့နေတာ ဖြစ်ပေမယ့် အဝင်များနေတာဖြစ်လို့ ဈေးချဝယ်ယူမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။ အရည်အသွေးပိုင်းဆိုင်ရာ အားနည်းလို့ ဈေးကောင်းမရရှိတာ ဖြစ်တယ်လို့ ကုန်သည်တွေက ဆိုပါတယ်။

    ရန်ကုန်ဈေးကွက်မှာ ပဲတီစိမ်း(ခရမ်းရွှေဝါ)က တစ်ပိဿာကို ၃၈၃၀ ကျပ်၊ပဲခူးရွှေဝါက တစ်ပိဿာကို ၃၆၃၀ ကျပ် နဲ့ တစ်လကျော်ကြာ ဈေးငြိမ်နေပါတယ်။ ဝါးခယ်မကတော့ တစ်ပိဿာကို ၂၃၈၀ ကနေ ၂၈၃၅ ပေါက်ဈေး ရှိပြီး ၆၅ ကျပ်ဈေးမြင့်တက်လာပါတယ်။

    မန္တလေးဈေးကွက်မှာလည်း ပဲတီစိမ်း အထက်စတွေ ဖြစ်တဲ့ ရွှေဝါတို့က အရောင်းအဝယ်မရှိပဲ ပဲတီစိမ်း အညာက တစ်အိတ်ကို ၁၆၀၀၀၀ က နေ ၁၈၅၀၀၀ ကြား ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၇၀၀၀ ကျပ်ဈေးကျဆင်း သွားပါတယ်။

    မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၄၇၀၀၀ ကနေ ၆၁၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၀၀၀ ကျပ်ဈေးကျ ဆင်း သွားပါတယ်။ပုခုက္ကူဈေးကွက်မှာတော့ တစ်တင်းကို ၅၀၀၀၀ ကနေ ၅၉၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၀၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။


    ကုလားပဲ

    ကုလားပဲဈေးကတော့ ဆက်တိုက်ဈေးမြင့်တက်ပါတယ်။ ပြီးခဲ့တဲ့ အပတ်က ဈေးအနည်းငယ်အေးသွားပေမယ့် ဒီတစ်ပတ်မှာတော့ ပဲစင်းငုံနီဈေးမြင့်တက်လာမှုနဲ့အတူ ကုလားပဲဈေးက မြင့်တက်လာခဲ့တာ ဖြစ်တယ်လို့ပဲကုန်သည်တွေက ဆိုပါတယ်။ ကုလားပဲဈေးမြင့်တက်နေတဲ့အတွက် အရောင်းအဝယ်တွေကတော့ ကောင်းနေတယ်လို့ ကုန်သည်တွေက ဆိုပါတယ်။ 

    ရန်ကုန်ဈေးကွက်မှာ ကုလားပဲလုံး ဖြူက တစ်ပိဿာကို ၄၁၆၅ ကနေ ၄၃၃၅ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၃၅ကျပ်ဈေးတက်လာပြီး ၊ကုလားပဲလုံးဖြူကြီးကတော့ တစ်ပိဿာကို ၄၃၃၀ ကနေ ၄၅၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၃၀ ကျပ် ဈေးတက်လာပါတယ်။ကုလားပဲခြမ်းကတော့တစ်ပိဿာကို ၅၅၀၀ ကနေ ၅၆၅၀ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၇၅ ကျပ်ဈေးတက်လာပါတယ်။ 

    မန္တလေးဈေးကွက်မှာတော့ကုလားပဲ(ထိုင်ဝမ်)က တစ်အိတ်ကို ၂၃၅၀၀၀ မှ ၂၃၇၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၃၀၀၀ ကျပ်၊ကုလားပဲ(၉၂၉)က တစ်အိတ်ကို ၂၄၆၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၉၀၀၀ ကျပ်၊ကုလားပဲ(ဗွီတူး)ကတော့ တစ်အိတ်ကို ၂၅၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၂၀၀၀ ကျပ် အသီးသီးဈေးမြင့်တက်လာပါတယ်။

    မုံရွာဈေးကွက်မှာလည်း ကုလားပဲ ထိုင်ဝမ် က တစ်တင်းကို ၈၁၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၄၅၀၀ ကျပ်၊ကုလားပဲ ၉၂၉ က တစ်တင်းကို ၈၂၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၄၅၀၀ ကျပ် ၊ကုလားပဲ(ဗွီတူး)ကတော့တစ်တင်းကို ၈၅၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၄၀၀၀ ကျပ် ဈေးတက်လာပါတယ်။

    AMIA

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးစျေးကွက်သုံးသပ်ချက်သတင်းနှင့် နေ့စဥ်သီးနှံစျေးနှုန်းများကို အချိန်မှီ သိရှိနိုင်ရန် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/





  • article
likes3comments0
views1899