cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ဒေါင်းမြီးပျံမြက်အကြောင်း တစေ့တစောင်း

. Weeds Management
အင်္ဂလိပ်ဆိုရိုးစကားလေးကြားဖူးပါသည်။ Agriculture is a battle with weeds ဆိုတာလေးပါ။ စိုက်ပျိုးရေးဆိုသည်မှာ ပေါင်းမြက်တွေနဲ့ စစ်ခင်းနေရတဲ့ စစ်ပွဲဖြစ်သည်တဲ့ ။ လွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီကြာ ဆင်နွှဲလာရတဲ့ တိုက်ပွဲ မှာ သူနိုင်ကိုယ်နိုင်အပြိုင်ကြဲရင်း ယနေ့ချိန်ထိရောက်လာခဲ့လေပြီ။
  •   စပါးခင်းမှာ ရေလုသောက်တယ်၊အစာလုစားတယ်၊ နေရောင်လုလုံတယ်။ ပေါင်းကြောင့် ဒေါ်လာဘီလျံပေါင်းများစွာ နှစ်စဉ် ဆုံးရှုံးနေရပါသည်။      ရန်သူအကြောင်းကို ပိုသိလေ၊ ရင်ဆိုင်ယှဉ်ပြိုင်ပြီး နှိမ်နင်းဖို့ ပိုလွယ်လေဖြစ်ပါသည်။ ထို့ကြောင့် တောင်သူဦးကြီးများရဲ့ ရန်သူတော်တွေထဲကတစ်ယောက်ဖြစ်တဲ့ ဒေါင်းမြီးပျံမြက်အကြောင်းကို စုဆောင်းမျှဝေလိုက်ပါသည်ခင်ဗျာ။

            လယ်ယာစပါးခင်းများတွင် ပေါက်လေ့ရှိသော တစ်နှစ်ခံမြက်မျိုးပေါင်းပင်ဖြစ်သည်။ တစ်ခါတစ်ရံ နှစ်ရှည်ခံပေါင်းပင်အဖြစ်လည်း အသက်ရှင်နိုင်သည်။ အပင်အမြင့် ၁၂၀ စင်တီမီတာ (၄ ပေ နီးပါးခန့်)ရှိတတ်ပြီး ထောင်မတ်၍ ပေါက်ရောက်သည်။ပင်စည်မှာသေးသွယ်၍ အောက်ခြေပိုင်းမှကိုင်းဖြာထွက်သော ပင်ပျော့အမျိုးအစားဖြစ်သည်။ အရွက်များမှာ သေးသွယ်ရှည်လျား၍ ကွေးညွတ်ကျနေကြသည်။ ပန်းခိုင်မှာ ဒေါင်းအမြီးကဲ့သို့ ဖြာထွက်နေသဖြင့် ဒေါင်းမြီးပျံမြက်ဟုခေါ်ကြသည်။ အရပ်ဒေသလိုက်၍ အချို့အရပ်ဒေသများတွင် မြက်ခါးဟူ၍ လည်းကောင်း ၊ မြက်စပ်ဟူ၍ လည်းကောင်း အမျိုးမျိုးခေါ်ဆိုကြပါသည်။

          ဒေါင်းမြီးပျံမြက်မျိုးများသည် အနှံများထွက်၍ မျိုးစေ့များမှ မျိုးပွားလေ့ရှိသည်။ အစိုဓါတ်များ၍ ရွှံ့နွံထူထပ်သော ဗွက်အိုင်များတွင် ပေါက်လေ့ရှိပြီး အမြဲတမ်းရေလွှမ်းမိုးနေသော နေရာများတွင် မပေါက်နိုင်ပါ။ ကုန်းအခြောက် ယာခင်းများတွင်လည်း ပေါက်နိုင်ပြီး ၊ လယ်စပါးခင်းများတွင် ရေသွင်းလိုက်၊ရေပြတ်သွားလိုက်ဖြစ်တတ်သည့် အခြေအနေမျိုးတွင် ဆိုးရွားစွာပေါက်တတ်သည်။ ပင်စည်အကျိုးအပြတ်များနှင့် အမြစ်ဆုံးများမှလည်း အပင်များပွားများနိုင်ပြီး လယ်ကွင်းထဲတွင် ပျံ့နှံ့စွာ ပေါက်ရောက်ပါသည်။ ထယ်ရေးပြင်ထားသည့် သမန်းများအောက်၌ပင် အမြစ်များနှင့် ပင်စည်များမှ ပင်ပွားပေါက်လေ့ရှိသည်။

           လယ်စပါးခင်းများတွင် အရေးကြီးဖျက်ဆီးသော ပေါင်းအမျိုးအစားတစ်မျိုးဖြစ်ပြီး စပါးပင်စားသုံးသည့် အာဟာရများနှင့် အလင်းရောင်တို့ကို လုယူစားသုံးပြီး စပါးအထွက်နှုန်းကို တစ်ဧက တင်း(၄၀) ခန့်မက အထွက်လျော့စေနိုင်သည်။

           ယခင်က မြန်မာပြည်အထက်ပိုင်း စစ်ကိုင်းတိုင်းတွင်သာ ဆိုးရွားစွာ ပေါက်ရောက်ပြီး၊ ယခုအခါတစ်နိုင်ငံလုံးသို့ပျံ့နှံ့လျက်ရှိသည်။

    ကိုးကား-ပေါင်းနှင့် ပေါင်းသတ်ဆေးစာအုပ် 


  • article
likes11comments0
views2105