cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

မြန်မာ့မတ်ပဲအပေါ် မှီခိုနေရခြင်းကို လျှော့ချရန် အိန္ဒိယက ဈေးကွက်သစ် ရှာဖွေနေ

. Market Price
ဝယ်လိုအားကွာဟချက်အပေါ် မူတည်ပြီး အိန္ဒိယနိုင်ငံက နှစ်စဉ်မတ်ပဲတန်ချိန် (၇) သိန်းခွဲခန့် ပြည်ပကနေ တင်သွင်းနေရပြီး အဲ့ဒီအထဲက ၇၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံက တင်သွင်းနေရတာလည်း ဖြစ်ပါတယ်။
  • နိုင်ငံရဲ့ မတ်ပဲလိုအပ်ချက်ကို ဖြေရှင်းတဲ့နေရာမှာ မြန်မာ့မတ်ပဲအပေါ် အဓိကမှီခိုနေရခြင်းကို လျှော့ချဖို့ အိန္ဒိယနိုင်ငံက မတ်ပဲအရင်းအမြစ်အတွက် ဈေးကွက်သစ်တွေ ရှာဖွေနေကြောင်း အိန္ဒိယသတင်းဌာနတွေက ဖော်ပြကြပါတယ်။

    မကြာသေးမီက မြန်မာ့ပဲမျိုးစုံတင်ပို့ရောင်းချသူတွေကို ပြည်တွင်းထောက်ပံ့မှုအပေါ် သက်ရောက်မှုရှိတာကြောင့် ကုန်စည်တွေ သိုလှောင်ခြင်းတွေ မပြုလုပ်ဖို့ အိန္ဒိယစားသုံးသူရေးရာဦးစီးဌာနက အသိပေးထားပါတယ်။

    အိန္ဒိယအနေနဲ့ လက်ရှိ ပြက္ခဒိန်နှစ်အတွင်း မြန်မာနိုင်ငံကနေ မတ်ပဲတန်ချိန် (၂) သိန်းခန့် တင်သွင်းထားကြောင်း အတွင်းရေးမှူး Rohit Kumar Singh က ပြောကြားထားပါတယ်။

    ‘‘ဘရာဇီးလ်ရဲ့ စိုက်ပျိုးရာသီဥတုအခြေအနေက မတ်ပဲထုတ်လုပ်မှုအတွက် သင့်လျော်ပါတယ်။ ကျွန်ုပ်တို့ ဘရာဇီးလ်ကနေ မတ်ပဲတင်သွင်းနိုင်ခြေကို အလေးအနက်ထား ရှာဖွေနေပါတယ်’’လို့ ၎င်းက ဆိုပါတယ်။

    ဝယ်လိုအားကွာဟချက်အပေါ် မူတည်ပြီး အိန္ဒိယနိုင်ငံက နှစ်စဉ်မတ်ပဲတန်ချိန် (၇) သိန်းခွဲခန့် ပြည်ပကနေ တင်သွင်းနေရပြီး အဲ့ဒီအထဲက ၇၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံက တင်သွင်းနေရတာလည်း ဖြစ်ပါတယ်။

    မြန်မာ့မတ်ပဲအပေါ် မှီခိုနေရခြင်းကို လျှော့ချဖို့ အိန္ဒိယက ဘရာဇီးလ်နိုင်ငံကနေ မတ်ပဲတင်သွင်းနိုင်ခြေကို ရှာဖွေနေပြီး ပြည်တွင်းရောင်းလိုအားကို တိုးမြှင့်ဖို့နဲ့ ဈေးနှုန်းတွေကို ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်ထားတယ်လို့ Rohit က ပြောပါတယ်။

    သတင်း - BETV Business

    ---

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes
13
comments
1
views
3265