cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

စျေးကွက်တွင် ရာသီလွန် သီးများသာ ကျန်တော့သည့် အတွက် ထောပတ်သီးစျေးကောင်းရနေ

. Market Price
လက်ရှိ ပြည်တွင်း၌ ရာသီလွန်ထောပတ် သီး တစ်ကီလို လျှင် ခြံထိုင်စျေး ၆၀၀၀ မှ ၈၀၀၀ ကြားထိ ပေါက်စျေး ရှိကြောင်းသိရသည်။
  • စျေးကွက်တွင် ရာသီလွန် သီးများသာ ကျန်သောကြောင့် ပြည်တွင်း၌ ထောပတ်သီးစျေးကောင်းရနေ ကြောင်း သိရသည်။

    ထောပတ်သီးရာသီမှာ ကုန်သွားပြီးဖြစ်၍ စျေးကွက်တွင် ရာသီလွန် သီးများသာ အနည်းငယ် ထွက်ရှိနေသည့် အတွက်စျေးကွက်တွင် ထောပတ်သီးရှားလာကာ စျေးရရှိနေခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ထောပတ်သီး တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။


    “၊ဒီချိန် အများကြီး မထွက်ဘူး ၊ ရာသီကျော် အသီးလေးတွေပဲ ကျန်တော့တာ။ အခုလက်ရှိကနည်းနည်းပဲထွက်တော့ ရှားပြီး စျေးကောင်းရတာပါ။ မနှစ်က ဒီချိန် ထောပတ်သီး မထွက်ဘူး ၊ ဒီနှစ်မှ အပင်တွေ ကြီးလာလို့ နည်းနည်းလေး ပဲထွက်တာ၊ တန်ချိန်နည်းတယ် ၊”ဟု မြန်မာနိုင်ငံ ထောပတ်သီးတင်ပို့ရောင်းချသူများအသင်း၊ အတွင်းရေးမှူး ဦးကျော်စိုးမင်းက ပြောသည်။

    လက်ရှိ ပြည်တွင်း၌ ရာသီလွန်ထောပတ် သီး တစ်ကီလို လျှင်

    ခြံထိုင်စျေး ၆၀၀၀ မှ ၈၀၀၀ ကြားထိ ပေါက်စျေး ရှိကြောင်းသိရသည်။

    ထောပတ်သီးလှိုင်လှိုင်ပေါ်သော ရာသီ ကုန်သွားချိန် တချို့ သီးရန်ကျန်ရှိနေခဲ့သည့် လက်ကျန် အပင်များ မှ ထွက်သည့် အသီးများသာ လက်ရှိ စျေးကွက်တွင်ရှိနေပြီး လက်ကျန်သီး မှ တန်ချိန်၅၀ခန့်သာ ထွက်ကြောင်း သိရသည်။

    “ လက်ရှိ က နွေသီးတွေ ဖြစ်ဖြစ်မြောက်မြောက်မပို့ဘူး။နွေသီးတွေဆိုတော့ သေးသေးလေးတွေ၊ဟိုနားနည်းနည်းလက်ကျန်၊ဒီနားနည်းနည်း လက်ကျန်ထွက်ပေါ့ ၊လက်ရှိ ထောပတ်သီးက ရာသီကုန်ချိန်ဆိုတော့ စျေးကွက် က သိပ်လှုပ်ရှားမူ မရှိဘူး “ ဟု ထောပတ်သီးလုပ်ငန်းရှင် တစ်ဦး ကပြောသည်။

    ပြည်ပသို့ ထောပတ်သီး ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်း အတိုင်း

    ပြန်လည်တင်ပို့နိုင်သော်လည်း စျေးမရရှိသေး သည့် အတွက် ထောပတ်သီးရာသီချိန် က ထိုင်းနိုင်ငံတခုသာ အဓိက ထား တင်ပို့နေကြောင်း သိရသည်။

    အချို့နိုင်ငံများ မှ ဝယ်ယူရန် ကမ်းလှမ်းမူ များရှိသော်လည်း ပြည်တွင်း၌ ငွေစျေးနှုန်း ၂၁၀၀ နှုန်း ဖြင့် တွက်ချက်ခြင်း၊ ၃၅ ၊ ၆၅ ရာခိုင်နှုန်း ကိစ္စ များ စသည့်အခက်ခဲများကြောင့် စျေးနှုန်းရရှိမူ တွက်ခြေ မကိုက်သည့် အတွက် တင်ပို့နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

    ပြီးခဲ့သည့် ထောပတ်သီး ရာသီချိန်တွင် တောင်သူများဖြင့် ဖွဲ့စည်းထား သည့် Shan Avocado ကုမ္မဏီ မှ 1kg လျှင်၃.၇အမေရိကန်ဒေါ်လာ တဆင့် မလေးရှား နှင့် ထိုင်းသို့ တင်ပို့ခဲ့ ကြောင်းသိရသည်။

    ထောပတ်သီးများ ကို ပြည်ပ စျေးကွက် အပြင် ပြည်တွင်းစျေးကွက် တွင်း ပါ စားသုံးသူများ ကာ စျေကွက်ရရှိနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း သုံးသပ်ကြသည်။

    ထောပတ်သီး ကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် မန္တလေးတိုင်းဒေသကြီး(ပြင်ဦးလွင်) တို့မှာ အများဆုံးစိုက်ပျိုးကြ ပြီရှမ်းပြည်နယ်(တောင်ပိုင်း)တွင် တောင်ကြီး၊ ဟိုပုံး၊ ညောင်ရွှေ၊ ဆီဆိုင်၊ ကလော၊ ပင်းတယ၊ ရွာငံ၊ ရပ်စောက်၊ ပင်လောင်း၊ဖယ်ခုံ၊ လွိုင်လင်တို့တွင် လည်ကောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် လားရှိုး၊ ကွတ်ခိုင်၊ ကျောက်မဲ၊ သီပေါ၊ နောင်ချိုနှင့် မန္တလေးတိုင်းဒေသကြီး (ပြင်ဦးလွင်)တို့မှာ လည်ကောင်း စိုက်ပျိုးကြ ကြောင်းသိရသည်။

    ဖိုးချဲ (AMIA)

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးစျေးကွက်သုံးသပ်ချက်သတင်းနှင့် နေ့စဥ်သီးနှံစျေးနှုန်းများကို အချိန်မှီ သိရှိနိုင်ရန် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes
8
comments
0
views
2068