cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ရော်ဘာပင်မြေဩဇာထည့်သွင်းရာတွင် စဉ်းစားသင့်သည့် အခြေခံအချက်များ

. Plant Nutrition
ရော်ဘာပင် လိုအပ်သည့်အာဟာရကို လျောက်ပတ်စွာ ဟန်ချက်ညီ ထည့်သွင်းစေခြင်းအားဖြင့် အကောင်းဆုံး ကြီးထွားမှုနှင့် အထွက်နှုန်းကို ရရှိစေနိုင်မည်ဖြစ်သည်။
  • ရော်ဘာစိုက်ပျိုးသည့် မြေဆီလွှာအများစုတွင် ချို့တဲ့သော အာဟာရဓာတ်များမှာ နိုက်ထရိုဂျင် (N)၊ ဖော့စဖောရပ်စ် (P)၊ ပိုတက်ဆီယမ် (K) နှင့် မက်ဂနီဆီယမ် Magnesium (Mg) တို့ဖြစ်သည်။ရော်ဘာစိုက်ပျိုးသည့် မည်သည့်ဒေသတွင်မဆို ရော်ဘာပင် တစ်ပင်အတွက် လိုအပ်သော မြေဆီထည့်သွင်းရာတွင် စဉ်းစားသင့်သည့် အချက်များမှာ စိုက်ခင်း မြေဆီလွှာ အရည်အသွေး၊ မြေဩဇာ ရောစပ်ကျွေးမှုပုံစံနှင့် ရော်ဘာပင်သက်တမ်း စသည့်အချက်များအပေါ် မူတည်ပီး သင့်လျော်စွာ ချိန်ဆ လုပ်ဆောင်ပေးသင့်ပါသည်။ မြေသြဇာများ၏ နှစ်စဉ်လိုအပ်ချက်ကို ဖြစ်နိုင်သရွေ့ အကြိမ်ခွဲ၍ ထည့်သွင်းပေးသင့်ပါသည်။ မိုးခေါင်သည့် အခြေအနေများတွင် ရော်ဘာပင်မှ အာဟာရ စားသုံးခြင်းကို ကန့်သတ်ထားသောကြောင့် ခြောက်သွေ့သောရာသီဥတုတွင် မြေဩဇာများကိုမထည့်သင့်ပါ။ မိုးသည်းထန်စွာရွာသည့်အချိန်ကိုလည်း ရှောင်ရှားသင့်သည်။ မိုးရေနှင့်အတူ မြေဆီလွှာထဲမှ အာဟာရဓာတ်များကို အပင်က မစုပ်ယူနိုင်ခင် ဆုံးရှုံးသွားနိုင်သည့်အတွက်ကြောင့် ဖြစ်ပါသည်။

    စီးပွားရေးနှင့် စိုက်ပျိုးရေးရှုထောင့်မှကြည့်လျှင် မြေဩဇာကို ထည့်သွင်းရာတွင် ရာသီဥတုအခြေအနေပေါ် မူတည်၍ ရွက်ဟောင်း ချွေချပြီးနောက် တစ်လအတွင်း ထည့်ပေးသင့်ပါသည်။ အရွယ်ရောက် ရော်ဘာပင် တစ်ပင် အတွက် သုံးစွဲရန် အကြံပြုထားသော မြေသြဇာ ပမာဏသည် (၁)ကီလိုဂရမ် ထက် နည်း လျှင် တစ်ကြိမ်တည်း တွင် သုံးစွဲ သင့်သည်။ အကယ်၍ (၁) ကီလိုဂရမ် ထက်မက သုံးစွဲရန်အကြံပြုပါက နှစ်ကြိမ်ခွဲကျွေးသင့်ပီးပထမအကြိမ်ကို အရွက်ခြွေပီး တစ်လအတွင်း သုံးရန်နှင့် ဒုတိယအကြိမ်ကို နှစ်လခွါပီးမှသာ အသုံးပြုသင့်ပါတယ်။ ရော်ဘာပင် မြေဩဇာ ထည့်သွင်းခြင်းကို ဇွန်လမတိုင်မီ ထည့်သွင်းပေးနိူင်ရန် အရေးကြီးပါသည်။ ရော်ဘာစိုက်ပျိုးသည့် ဒေသအများစုရှိ မိုးရေချိန် အခြေအနေများကြောင့် လေလွင့် ဆုံးၡုံးမှုကို ကာကွယ်နိူင်ရန်နှင့် မြေဆီလွှာထဲရှိ မြေဩဇာများကို အပင်မှ စားသုံးနိုင်ရန် ဖြစ်ပါသည်။ ရော်ဘာပင် အမြစ်များမှ တဆင့် ပျံ့နှံ့သွားခြင်းဖြင့် မြေဩဇာအား ရော်ဘာပင်မှ စားသုံးနိုင်ရန် ပေါင်းရှင်း မြေဆွပေးခြင်းကို လုပ်ဆောင်ပေးသင့်ပါသည်။ မြေဆွ ပေါင်းသင်မလုပ်ဘဲ ကြဲပက်ပီး မြေဆီကျွေးခြင်းအားဖြင့် နိုက်ထရိုဂျင် ဆုံးရှုံးမှုကို ဖြစ်ပေါ်စေနိုင်သည့်အတွက် မပြုလုပ်သင့်ပါ။ စိုက်ပျိုးပြီးနောက် ပထမနှစ်အတွင်းတွင် မြေသြဇာကို အပင်ပတ်လည်တွင် ခပ်ဖွဖွ မြေဆွပေါင်းရှင်းပီးနောက် ပင်ခြေမှ ၁၀-၁၄လက်မခွါပီးနောက် စကျွေးပေးသင့်ပါသည်။ပင်ခြေမှ ခွါပီးကျွေးသင့်သည့် အကွာအဝေးသည် အပင်သက်တမ်းပေါ်မူတည်ပီး ၅နှစ်သားခန့်တွင် ၃၄-၄၇လက်မခန့်အထိ ပြောင်းလဲလုပ်ဆောင် ပေးသင့်ပါသည်။



  • article
likes8comments0
views2488