cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ခရု၊ ရွှေခရု၊ တီကောင်၊ ပဲပုတ်စေ့များဖြင့် အမိုင်နိုအက်ဆစ်မြေသြဇာအရည်ပြုလုပ်ခြင်း

. Home Garden
- ပရိုတင်းပါဝင်သည့်အရာများ/အသားများအား ရေဖြင့် (၁း၁) အချိုးတူစွာ ရောကြိတ်ပါ။ ဥပမာ- ခရု၊ ရွှေခရု၊ တီကောင်များ၊ ပဲပုတ်စေ့ တို့တွင် ပရိုတင်းနှင့် အမိုင်နိုအက်ဆစ်ပါဝင်မှု အလွန်မြင့်မားသည်။ (ဇယားတွင်ဖော်ပြထားပါသည်။)

  • -တင်လဲရည် သို့မဟုတ် သကြားကို ပါဝင်ပစ္စည်းများနှင့် ဆတူထည့်ပေးပါ။

    -အပူချိန် (၆၀)ဒီကရီစင်တီဂရိတ်ခန့်တွင် (၁)မိနစ်ခန့် အပူပေးပါ။ (မပြုတ်ရ)

    -အအေးပြန်ခံ၍ (ဖြစ်နိုင်လျှင်) pH 5 အထိ ညှိပေးပါ (အနံ့ဆိုးထွက်စေသည့် ဘက်တီးရီးယားများမပွားလာစေရန်ဖြစ်သည်။ pH မီတာမရှိလျှင် ညှိစရာမလိုပါ။)

    - ဆွေးမြည့်မှုမြန်ဆန်စေရန်၊ ပရိုတင်းအသားဓာတ်မှ အမိုင်နိုအက်ဆစ်အဖြစ်ပြိုကွဲသွားစေရန်နှင့် ပုပ်မသွားစေရန်အတွက် သင်္ဘောသီးမှရရှိသည့် အစေး သို့မဟုတ် papain အင်ဇိုင်းကို ရောနှောပါ။

    - EM သို့မဟုတ် IMO ရှိလျှင် ရေနွေးပန်းကန်တစ်လုံးခန့် ထည့်မွှေပေးပါ။

    -အားလုံးကြေသွားသည်အထိ ရောကြိတ်ပေးပါ။

    -အဖုံးပိတ်၍ သိုလှောင်ထားပါ။ အဖုံးကို နေ့စဥ် ခေတ္တလှပ်ပေးခြင်းဖြင့် ထွက်လာသောဓာတ်ငွေ့များအား ဖယ်ရှားပေးပါ။

    - (၇-၁၀) ရက်ကြာလျှင် အသုံးပြုနိုင်ပြီဖြစ်သည်။

    - ရေဖြင့် ၂း၁၀၀၀ မှ ၄း၁၀၀၀ အချိုး ရောစပ်ပက်ဖျန်းပေးနိုင်သည်။

    - မြေဆီလွှာနှင့် မြေဆွေးပုံများအတွင်းရှိအဏုဇီဝများ ပိုမိုပွားများလာစေရန် လောင်းထည့်ပေးနိုင်သည်။

    သတိထားသင့်သည့်အချက်များ

    -------------------------------------

    - ဓာတုဖြစ်စေ အော်ဂဲနစ်ဖြစ်စေ ရွက်ဖျန်းအားဆေးသည် မြေသြဇာများကဲ့သို့ အာဟာရဓာတ်များပါဝင်မှု မမြင့်မားပါ။

    - ရွက်ဖျန်းအားဆေးတစ်ခုထဲဖြင့် မလုံလောက်ပါ။

    - ဖြည့်စွတ်အာဟာရအဖြစ်လည်းကောင်း၊ အမြစ်များမကျန်းမာချိန် သို့မဟုတ် ရေဝပ်ချိန် သို့မဟုတ် အာဟာရချို့တဲ့ချိန်တွင် အပင်၏အာဟာရလိုအပ်ချက်ကို ရွက်ဖျန်းအားဆေးများမှ အလျင်အမြန်ဖြည့်တင်းပေးနိုင်သည်။

    - သုတေသနများအရ အမိုင်နိုအက်ဆစ်ရွက်ဖျန်းဆေးများသည် ပက်ဖျန်းပြီး (၂၄)နာရီအတွင်း အပင်၏အမြစ်ထိရောက်ရှိသွားသည်ကို တွေ့ရှိရပြီး (၃)ရက်အတွင်း အာနိသင်ပြကြောင်း တွေ့ရှိရပါသည်။

    - သဘာဝမြေသြဇာများနှင့်အတူ အမိုင်နိုအက်ဆစ်များအား ပူးတွဲသုံးစွဲပေးခြင်းဖြင့် သီးနှံများအရည်အသွေးနှင့် အထွက်နှုန်းကောင်းမွန်နိုင်မည်ဖြစ်ပါသည်။

    References -

    http://www.priyachem.com

    http://hpeingredients.com/.../snail-proteins-rich-in...

    ဒေါက်တာဝဏ္ဏထွန်း


  • article
likes10comments1
views2015