စင်ကာပူသို့အရည်အသွေးမြင့် မြန်မာ့စိန်တလုံးသရက် တန် ၁၀၀ တင်ပို့သွားမည်
စင်ကာပူနိုင်ငံကို ပင်လယ်ရေကြောင်းကနေ အရည်အသွေးမြင့် မြန်မာ့စိန်တလုံးသရက် တန်ချိန် (၁၀၀) ခန့် တင်ပို့ သွားမည်ဖြစ်ကြောင်း သဇင်နွယ် ကုမ္ပဏီ က သိရသည်။
မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်က သဇင်နွယ်သရက်ခြံထွက် သရက်သီးတွေအပြင် ဒေသထွက် စိန်တလုံးသရက်သီးတွေကို စင်ကာပူဈေးကွက်ဆီ ဇွန်လ ဆန်းပိုင်း ကတည်းက စတင် တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။
တစ်ရက်ကို သရက်သီး (၇-၈) တန် ဝင်ဆံ့သည့် ကွန်တိန်နာတွေနဲ့ စိန်တလုံးသရက် တန် ၄၀ ခန့်ကို ကွန်တိန်နာ ၅ စီးနဲ့ တင်ပို့ပြီးပြီးဖြစ်ကြောင်း ယခုနှစ်တွင် အသီး အထွက်နှုန်းနည်းပါးတာကြောင့် အရည်အျသွးမီ စိန်တလုံးသရက်သီးစျေး တိုးမြင့်ပေးဝယ်ရကြောင်း သဇင်နွယ် ကုမ္ပဏီ မှ မန်နေဂျာ ဦးဌေးအောင်ကပြောသည်။
‘‘ယခုနှစ် သရက်သီးရာသီမှာ ဇွန်လလယ်အထိ တန် ၁၀၀ ခန့် တင်ပို့ဖို့ ရည်မှန်းထားပါတယ်။ အရည်အသွေးမီ သရက်သီးတစ်တန် ပျမ်းမျှ ၁၂ သိန်းခွဲ ခန့် ပေးဝယ် ရပါတယ်။ ပို့အရည်အသွေးကောင်းအသီးတွေကို စက်ရုံမှာ ပြင်ဆင်ထုတ်ပိုးတင်ပို့ပြီးတင်ပို့နေတာပါ´´ဟု ၄င်းကပြောသည်။
စင်ကာပူဈေးကွက်ကို တင်ပို့ရောင်းချနိုင်ဖို့ သရက်စိုက်တောင်သူတွေထံကနေ ၂၅၀ ဂရမ် - ၃၀၀ ဂရမ် အရွယ်အစားရှိတဲ့ စိန်တလုံးသရက်သီး တစ်တန်ကို ကျပ်ငွေ ၁၂ သိန်းခွဲအထိ ပေးဝယ်တာဖြစ်ပြီး မူဆယ်စျေး ကွက်ကိုတင်ပို့တာထက် စျေးကောင်းရရှိကြောင်း သိရသည်။
မြန်မာ့စိန်တလုံးကို ၂၀၁၉ ခုနှစ်ကတည်းက သင်္ဘောလိုင်းက အအေးခန်ကွန်တိန်နာများဖြင့် စတင်တင်ပို့ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ စိန်တလုံးသရက်သီးကို တရုတ်နိုင်ငံ သို့ မူဆယ်မှတဆင့် ဝမ်တိန်စျေးကွက်သို့ အများဆုံးတင်ပို့ ရောင်းချနေခြင်းဖြစ်သည်။
ရွှေမန်း
ဤဆောင်းပါးကို မကွေးဂျာနယ်မှကူးယူဖော်ပြပါသည်။
---
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/