ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်များအတွက် တစ်ပတ်စာမိုးလေဝသနှင့် စိုက်ပျိုးရေးအကြံပြုချက် (ဇွန်လ၉ရက်နေ့မှ၁၅ရက်နေ့အထိ)
၁) ဟင်္သာတမြို့နယ်
ယနေ့ ဇွန်လ ၉ ရက်နှင့် ဇွန်လ ၁၅ ရက်နေ့မှာတော့ ဟင်္သာတမြို့နယ်အတွက် မိုးရွာရန် ရာခိုင်နှုန်း ၆၅ရာခိုင်နှုန်း အထက် ရှိနိူင်ပါတယ်။ ဇွန်လ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ နေ့စဉ်မိုးရွာရန် ၉၀ ရာခိုင်နှုန်းနှင့်အထက်အသီးသီး ရှိနိုင်ပါသည်။
၂) ဖျာပုံမြို့နယ်
ဖျာပုံမြို့နယ်အတွက် ယနေ့ ဇွန်လ ၉ ရက်နေ့မှာ မိုးရွာရန် ၈၉ ရာခိုင်နှုန်း ရှိနိူင်ပါတယ်။ ဇွန်လ ၁၀၊ ၁၁ နှင့် ၁၂ ရက်နေ့တွေမှာတော့ မိုးရွာရန် ၇၉နှင့် ၉၄ ရာခိုင်နှုန်း အသီးသီး ရှိနိုင်ပါတယ်ခင်ဗျ။ ဇွန်လ၁၄ရက်နေ့မှာတော့ ၉၁ ရာခိုင်နှုန်းထိရှိနိုင်ပြီး ၊ ဇွန်လ ၁၅ ရက်နေ့နှင့် ဇွန်လ(၁၃)ရက်နေ့တို့မှာ မိုးရွာရန် ရာခိုင်နှုန်းရှိနိုင်ပါတယ်။
၃) မအူပင်မြို့နယ်
မအူပင်မြို့နယ်အတွင်း ယနေ့ဇွန်လ (၉) ရက်နေ့နှင့် ၁၀ရက်နေ့များတွင် မိုးရွာရန် ၉၀ ရာခိုင်နှုန်းအထက် ဖြစ်ပါသည်။ ဇွန်လ (၁၁၊၁၂၊၁၃၊၁၄) ရက်နေ့တွေမှာ မိုးရွာရန် ရာခိုင်နှုန်း (၈၀%) အထက် ရှိနိူင်ပါသည်။ ဇွန်လ ၁၅
ရက်နေ့တွေအတွက် မိုးရွာရန် ရာခိုင်နှုန်း (၆၄%) ဖြစ်ပါသည်။
၄) မြောင်းမြမြို့နယ်
မြောင်းမြမြို့နယ်အတွင်း ယနေ့ဇွန်လ ၉ရက်နေ့နှင့် ၁၃ ရက်နေ့တွေမှာ မိုးရွာရန် (၆၅%) ရှိနိူင်ပါသည်။ မနက်ဖြန်ဇွန်လ ၁၀ ရက်နေ့မှာတော့ မိုးရွာရန်ရာခိုင်နှုန်း (၈၈%) ဖြစ်ပါသည်။ ဇွန်လ (၁၁၊၁၂)ရက်နေ့တွေမှာတော့ မိုးရွာရန် ၉၃နှင့်၇၅ ရာခိုင်နှုန်း အသီးသီးရှိကြပြီး ဇွန်လ ၁၄ရက် နဲ့ ၁၅ရက်နေ့ အတွက် မိုးရွာရန် ရာခိုင်နှုန်း ၆၅နှင့် ၇၈ရာခိုင်နှုန်းစီဖြစ်ပါသည်။
၅) လပ္ပတာမြို့နယ်
ယနေ့ ဇွန်လ ၉ ရက်နေ့အတွက် လပ္ပတာ မြို့နယ်မှာ မိုးရွာရန်
(၆၂%) ရှိပါသည်။ မနက်ဖြန်အတွက် မိုးရွာရန် (၈၆%)ရှိပြီး ၊ သန်ဘက်ခါမှာတော့ မိုးရွာရန် (၉၁%)ရှိပါသည်။ ဇွန်လ ၁၂ ရက်နေ့နဲ့ ၁၃ ရက်နေ့တွေမှာတော့ မိုးရွာရန်၆၇ နှင့်၇၀ ရာခိုင်နှုန်းအသီးသီးရှိနိုင်ပါသည်။ ဇွန်လ၁၄ ရက်နေ့မှာတော့ မိုးရွာရန် (၉၇%)ထိရှိနိုင်ပြီး ၊ ဇွန်လ ၁၅ ရက်နေ့မှာ မိုးရွာရန် (၇၅%) ရှိနိုင်ပါသည်။
၆) ပုသိမ်မြို့နယ်
ပုသိမ်မြို့နယ်အတွက် ယနေ့ ဇွန်လ ၉ ရက်နေ့နှင့် ၁၁ရက်နေ့မှာတော့ မိုးရွာရန် (၅၅%)နှင့် အထက် ရှိနိူင်ပါသည်။ မနက်ဖြန်အတွက် မိုးရွာရန် (၉၈%)၊ ဇွန်လ ၁၂ ရက်နေ့မှာတော့(၉၄%) ထိရှိနိုင်ပြီး၊ ၁၃၊၁၄ နှင့် ၁၅ ရက်နေ့တွေမှာတော့ မိုးရွာရန် ၈၅ ၊ ၆၉ နှင့် ၈၈ ရာခိုင်နှုန်းအသီးသီးရှိနိုင်ပါသည်။
မိုးစပါးစိုက်ခင်းများအတွက် ထွက်တိုးမှစိုက်ပျိုးရေးအကြံပြုချက်
ဇွန်လဒုတိယ အပတ်မှာတော့ ဧရာဝတီတိုင်းရှိ မြို့နယ်အသီးသီးမှာ မိုးများစွာ ရွာသွန်းနိုင်ပါတယ်။ မိုးစပါးကြဲခင်းနှင့်ပျိုးခင်း လုပ်ဆောင်ထားသော တောင်သူများအနေဖြင့် စိုက်ခင်းတွင်း မိုးရေလျှံခြင်း ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် မျိုးစေ့များရေဖြင့် မျောပါခြင်းး၊ မျိုးညှောင့်ပေါက်နှုန်း ကျဆင်းခြင်းနှင့် မိုးရေမြှုပ်ခြင်းကြောင့် မျိုးညှောင့်ပုပ်ခြင်း တို့ကို ဖြစ်စေနိုင်ပါတယ်။ မိုးများခြင်းကြောင့် သွင်းအားစုများ ဆုံးရှုံးမှုမရှိစေရန် စိုက်ခင်းတွင်း သွင်းအားစုများ ထည့်သွင်းခြင်းနှင့် ပေါင်းသတ်ဆေးဖျန်းခြင်း စသည်တို့ကိုမလုပ်ဆောင်မှီ ထွက်တိုးမှ နေ့စဉ်၊ အပတ်စဉ် မိုးလေဝသသတင်းများကို စောင့်ကြည့်ရယူပြီး စနစ်တကျချင့်ချိန် လုပ်ဆောင်ပါ။ လိုအပ်ပါက ထွက်တိုးကောစင်တာ ၀၉-၉၇၇၉၁၀၀၀၀သို့ ဆက်သွယ်ပြီး အကြံဉာဏ် ရယူနိုင်ပါတယ် ခင်ဗျာ။ စိုက်ခင်းတွင်း ရေကြီးရေလျှံခြင်းကို ကာကွယ်နိုင်ရန် ရေထုတ်မြောင်းများကို ပြင်ဆင်ထားပါ။ ရေလွှမ်းခြင်းကို ခံနိုင်ရည်ရှိသည့် စပါးမျိုးကိုသာ ရွေးချယ်စိုက်ပျိုးပါ။
Source: CIAT