cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ဇင့်ဆိုသည်မှာ……..

. Plant Nutrition
စိုက်ပျိုးသီးနှံတွေ က လိုချင်၊ စားချင်ကြတဲ့ ဓါတ်တစ်မျိုုးပါ။ ဘာကြောင့်လိုအပ်တာလဲဆိုတော့ အသေးစိတ်အချက်တွေက အများကြီးရှိပါတယ်။
  • အကြမ်းဖျင်းအားဖြင့် စိုက်ပျိုးသီးနှံပင်တွေ ကြီးထွားသန်မာပြီး အထွက်နှုန်းတွေ ကောင်းဖို့ အတွက် လိုအပ်ပါတယ်။ဘယ်အချိန်မှာ လိုအပ်တာလဲဆိုတော့ အချိန်တိုင်းလိုအပ်ပါတယ်။ အချိန်တိုင်းကြွေးပေးဖို့တော့ မလိုပါဘူး ။ တစ်ဧက ကို ဇင့်နှစ်ပေါင်လောက် သီးနှံစိုက်တိုင်းထည့်ပေးရင်တော့ အကောင်းဆုံးပေါ့။ ပိုနေရင်သာ မသိသာတယ် ၊ လိုနေရင်ဘဝတစ်ခုလုံး ဟာနေသလိုကွယ် ဦးစိုင်းထီးဆိုင် သီချင်းထဲကလို။ ဇင့်ဆိုတာ စိုက်ကွင်းထဲလုံလုံလောက်လောက်ရှိနေရင် မသိသာပေမယ့် ။ အဲ ဇင့်လိုလာပြီဆိုရင်တော့ အထွက်နှုန်းတွေလစ်ဟာသွားမှာပါ၊ သီချင်းထဲလို ဘဝတစ်ခုလုံးစာ မဟုတ်ပေမယ့် တစ်သီးစာတော့ ဟာသွားမှာ ။ အခုဆို ကမ္ဘာတစ်လွှားက စိုက်ခင်းများမှာ ဇင့် မလုံလောက်တဲ့ပြဿနာတွေ တွေ့လာနေရတယ်တဲ့။ အထွက်တွေကျလာတော့တာပေါ့။ ဆိုးဆိုးဝါးဝါးကို ကျတာတဲ့။ ဇင့်လေးတစ်မျိုးချို့တဲ့ရုံနဲ့ ဒီလောက်ဆိုးနိုင်သလား ၊ သံသရာရှိစရာပါ။ ဒါပေမယ့် ယုံလိုက်ပါ၊ သစ်ပင်အမြစ်အဖွဲ့အစည်းတည်ဆောက်တဲ့ နေရာမှာ ဇင့်ဆိုတာလေးက ဘယ်နေရာက ပါဝင်နေလဲလို့ ထင်ပါသလဲ။ ဗိသုကာ ပညာရှင်နေရာကပါတဲ့ခင်ဗျာ။ တကယ့်ဆရာကြီးနေရာက ပါနေတာ။ သစ်ပင်ဆိုတာသိတဲ့အတိုင်းအမြစ်က တကယ့်ကို အရေးကြီးတာ။ အစာရှာ ၊ ရေရှာပြီး တစ်ပင်လုံးအတွက် စတေးပေးနေရတာ။ အမြစ်မှ မကောင်းရင် ဘာဆက်လုပ်လို့ရတော့မလဲ။ အဲ့ဒီအမြစ်အတွက် ဇင့်က မရှိမဖြစ်ဆိုတော့လေ။ တကယ့်ဇင့်ပါ။ ဇင့်မပါရင် အပင်ကထင်သလောက်မထွားတာ၊ အပင်မတက်တာတို့ ၊ အရွက်တွေ ကောင်းကောင်းမစိမ်းတာမျိုးတွေ ဖြစ်တတ်ပါတယ်။ မူလအစကတည်းက စိုက်ခင်းမြေမှာ ဇင့်တွေနည်းလာတာ။ မြေငန်လွန်းတာ။ စိုက်ခင်းရေလွှမ်းချိန်ကြာတာမျိုးတွေ က သီးနှံပင်ကို ဇင့်ငတ်စေပါတယ်တဲ့။ အရွက်တွေဝါတာ၊ အရွက်တွေသေးလာတာ၊ ပင်စည်တွေခြောက်ကုန်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီလိုတွေသိရလို့ ဇင့်ပါတဲ့မြေဩဇာတွေ ဇွတ်ဝယ်ပြီး ဖျန်းမယ်၊ကြွေးမယ် မလောပါနဲ့ဦးနော်။ တန်ဆေးလွန်ဘေး ဆိုသလိုပင် ၊ အများကြီးမကျွေးမိအောင်လည်း သတိကပ်ကြပါ၊၊ ဇင့်လွန်ရင်လည်း အပင်တွက် ဘေးဥပါဒ်ဖြစ်စေပါတယ်တဲ့။ အမြစ်တွေက ဇင့်ကို မြေကြီးထဲကနေ စုပ်ယူပြီး တစ်ချို့ကို အပင်အပေါ်ပိုင်းက အရွက်နဲ့ ပင်စည်ဆီပို့ပါတယ်။ ဇင့်အတော်များများကိုတော့ အမြစ်ထဲမှာပဲ သိုလှောင်ထားပါတယ်တဲ့ ။ ဆရာကြီးဆိုတော့ ကောင်းကောင်းဧည့်ခံ ခံရမယ်ထင်ပါရဲ့။

    ----


  • article
likes21comments0
views2143