cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ဗောက်လောက်ပင်အကြောင်းတစ်စေ့တစ်စောင်း

. Cultivation Methods
ဗောက်သီးပင်ကို အညာဒေသတွင် ဗောက်လောက်ပင်ဟုခေါ်ဆိုကြပါသည်။ တစ်ရာသီခံ ပင်ပျော့အမျိုးအစားဖြစ်ပြီး (ခရမ်းပင် ၊ ခရမ်းချဉ်ပင်)အမျိုးအစားထဲတွင် ပါဝင်ပါသည်။
  • ဗောက်ပင် အရိုင်းများကို မြန်မာနိုင်ငံအလယ်ပိုင်းတွင် အများဆုံးတွေ့ရလေ့ရှိပါသည်။ ပြင်ဦးလွင်နှင့် ရှမ်းပြည် ဘက်တွင် ပေါက်ရောက်ပါသည်။ မျိုးစိတ်စုစုပေါင်း (၇၀)ဝန်းကျင်ရှိပြီး အအေးပိုင်းတွင် ပေါက်ရောက်သော ဗောက်သီးများတွင် အလုံးအရွယ်အစားပိုကြီးပြီး အရောင်ပိုရင့်တတ်သည်ဟု သိရှိရပါသည်။ ဗောက်ပင်ကို နိုင်ငံတော်တော်များများတွင် စီးပွားဖြစ်စိုက်ပျိုးကြပြီး အိန္ဒိယနိုင်ငံတွင် ဗောက်သီးအမျိုးအစားများစွာ စိုက်ပျိုးကြကာ စိုက်ပျိုးသည့်အမျိုးအစားပေါ်မူတည်၍ အရွယ်အစား နှင့်အရောင် ကွဲပြားသွားပါသည်။မြန်မာနိုင်ငံတွင် အတွေ့များသည့် ဗောက်သီးပင်များကို အရိုင်းပင်များဟုခေါ်ပြီး စားသုံး၍ ရပါသည်။ အရောင်အနေဖြင့် စိမ်းဝါဝါအနေအထားရှိပြီး ဗီတာမင်စီ အဓိကပါဝင်သည့်အတွက် ရောင်ရမ်းခြင်း နှင့် သရက်ရွက်ကြီးခြင်းတို့ကို ကုသနိုင်ပါသည်။ တိရစ္ဆာန်မွေးမြူသူတို့သည် ရှေးနှစ်ပေါင်းများစွာကတည်းက ထိုအပင်ကို ကျွဲ၊ နွား၊ ဆိတ်၊ ဝက် စသည့် တိရစ္ဆာန်တို့၏ ခန္ဓာဗေဒဓါတ်သဘာဝများကို ထိန်းညှိပေးသော အပင်အဖြစ် အသုံးပြုလာကြပါသည်။ ထိုဗောက်ပင်သည် မွေးမြူရေးအတွက်လည်း အရေးပါသော အပင်တစ်မျိုးဖြစ်ပါသည်။

    ဗောက်သီးတွင် ခန္ဓာကိုယ်အတွက် လိုအပ်သော အကျိုးပြုသည့် ဗီတာမင်စီနှင့် anti oxidants များ ကြွယ်ဝစွာပါဝင်ပါသည်။ ဗောက်သီးတွင်ပါဝင်သည့် အမျှင်ဓါတ်သည် ဆီးချိုကို ထိန်းညှိပေးပြီး သွေးပေါင်ကိုလည်း ကျစေသည့်အတွက် သွေးတိုးနေသည့်အချိန်တွင် ဗောက်သီးကို စားသုံးပေးခြင်းဖြင့် သွေးပေါင်ကို ကျစေပါသည်။ သို့သော် တစ်ကြိမ်တည်းတွင် အလုံးအရေအတွက် များများ မစားသင့်ကြောင်း ပညာရှင်များက အကြံပေးထားပါသည်။ ကိုယ်လက်စတောကို ထိန်းညှိ ပေးပြီး နှလုံးတွင် ဖြစ်တတ်သော ရောဂါများကို လျော့ကျစေသည့်အတွက် ဗောက်သီးကို စားသုံး ပေးခြင်းဖြင့် ကျန်းမာစေပါသည်။ ဗောက်သီးတွင် ပါဝင်သော ဓါတ်များသည် ခန္ဓာကိုယ်အတွက် အကျိုးပြုသော ဘက်တီးရီးယားများသာမက အကျိုးမပြုသော ဘက်တီးရီးယားများကိုပါ သေစေ နိုင်သည့် အစွမ်းရှိပါသည်။ ထို့အပြင် ဗောက်သီးတွင် သံပုရာသီးထက် ဗီတာမင်စီ နှစ်ဆလောက် ပါဝင်ပါသည်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာ ပါဝင်သောကြောင့် ဗောက်သီးစားသုံးပေးခြင်းသည် နှလုံးသွေးကြောဆိုင်ရာရောဂါ၊ လေဖြတ်ခြင်းနှင့် ကင်ဆာရောဂါများမဖြစ်အောင် ကာကွယ်ပေးပါသည်။

    ဗောက်သီးသည် သေးငယ်ပြီး ရွှေဝါရောင်သန်းသည့် ဘယ်ရီသီးဖြစ်ပါသည်။ ဗောက်သီး၏ အရသာသည် ခရမ်းချဉ်သီးနှင့်အရသာဆင်ပြီး ခရမ်းချဉ်သီးထက် အချိုပိုကဲပါသည်။ ဗောက်သီးသည် ချိုချိုချဉ်ချဉ်အရသာရှိသောကြောင့် အချိုပွဲများ၊ ကိတ်မုန့်၊ သကြားလုံးတွေနှင့် မုန့်များပြုလုပ်ရာတွင် ထည့်သွင်းအသုံးပြုကြသလို သွားရေစာအနေဖြင့် ဗောက်သီးကို အစိမ်းခြင်းမျိုးလည်းရှိပါသည်။ ဗောက်သီးတွင် ကယ်လိုရီပမာဏ နည်းပါးပြီး ဗီတာမင်နှင့် သတ္တုဓါတ်တွေလည်း ပါဝင်ပါသည်။

    ဗောက်သီးသည် ဈေးကွက်တွင် တစ်ပိဿာကို (၈၀၀၀) (၁၀၀၀၀)ဈေးထိရှိပြီး စိုက်ပျိုးရ လွယ်ကူသောကြောင့် ဈေးကွက်ဝင်သီးနှံတစ်မျိုးဖြစ်လာသည်နှင့်အညီ တစ်ပိုင်တစ်နိုင် စိုက်ပျိုးမှု များ သီးခြားစိုက်ပျိုးမှုများလည်းရှိပါသည်။ စိုက်ပျိုးသူ တောင်သူများအနေဖြင့် စီးပွားဖြစ် စိုက်ပျိုးနိုင်သည့် သီးနှံအဖြစ် စိုက်ပျိုးမည်ဆိုပါက တောင်သူများ ဝင်ငွေတိုးလာမည့် သီးနှံ တစ်ခုဖြစ်ပါကြောင်း လေ့လာသုံးသပ်တင်ပြအပ်ပါသည်။

    DOCA(ပဲခူး)

     


  • article
likes
11
comments
1
views
1396