cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

စပါးရွေးချယ်ပေါင်းသတ်ဆေး ဘစ်(စ်)ပိုင်ရီဘတ်ဆိုဒီယမ် အကြောင်း

. Weeds Management
ရေများများဖြင့် အသုံးပြုရသော ပေါင်းသတ်ဆေးဖြစ်သဖြင့် ဆေးရည်များ စပါးခင်းအတွင်း ၂လ-၃လခန့် ဆက်လက်ရှိနေစေရန် ရေထိန်းပေးထားရန် လိုအပ်ပါသည်။
  • လိုအပ်ပါက ၂ကြိမ် - ၃ ကြိမ်ခန့်ထိ စပါးခင်းထဲ ဆေးရည်ရှိနေစေရန်ပက်ဖြန်းပေးရသည်။ ဘစ်(စ်)ပိုင်ရီဘက် ပေါင်းသတ်ဆေးသည် ဖိုင်ရီမီဒီနိုင်း အောက်ဇိုအစ်အက်စစ်အုပ်စုဝင် ပေါင်းသတ်ဆေးအမျိုးအစားဖြစ်ပြီး ၎င်းသည် ပေါင်းပင်အတွင်း တစ်ပင်လုံးပျံ့နှံ့သွားနိုင်သည့် ပင်လုံးပြန့်ပေါင်းသတ်ဆေးဖြစ်သည်။ပေါင်းပင်ကြီးထွားမှုကို အထောက်အကူပြုပေးနေသည့် မရှိမဖြစ်လိုအပ်နေသော အင်ဇိုင်းများထုတ်လုပ်မှုကို အဟန့်အတားဖြစ်စေခြင်းဖြင့် ပေါင်းးသတ်ပေးသော ပေါင်းသတ်ဆေးဖြစ်သည်။ ဘစ်(စ်)ပိုင်ရီဘတ်ပေါင်းသတ်ဆေးကို ခံနိုင်ရည်မရှိသော ပေါင်းပင်ကလေးများသည် ကြီးထွားမှုရပ်တန့်သွားသည်။ ဆေးဖြန်းပြီး မကြာမီအပင်ထိပ်ဖျားပိုင်းကလေးများသည် အနီရောင်သန်းလာပြီး တစ်ပါတ်၊နှစ်ပါတ်မှ လများကြာလာသည်နှင့် ပေါင်းပင်ကလေးများသေပြီး တစ်ဖြေးဖြေးဆွေးလိုက်လာသည်။

    ဘစ်(စ်)ပိုင်ရီဘတ်ပေါင်းသတ်ဆေးကို ပေါင်းပင်ကလေးများ ငယ်ရွယ်သန်စွမ်းနေချိန်တွင် ပက်ဖြန်းပေးပါက အာနိသင်ပိုမိုထိရောက်ပြီး ပေါင်းပင်ကလေးများကြီးလာမှ ဆေးဖြန်းပါက အာနိသင်ထိရောက်မှုနည်းပါသည်။

    ဘစ်(စ်)ပိုင်ရီဘတ်ဆိုဒီယမ် ပေါင်းသတ်ဆေးကို မြစ်ချောင်းများဆီသို့ ရေစီးဆင်းနေသော ရေရှင်များတွင် မသုံးစွဲသင့်ပါ။ သုတေသနစမ်းသပ်ချက်များအရ ငါးနှင့်ကြောရိုးမဲ့သတ္တဝါများကို အန္တရာယ်မရှိကြောင်း တွေ့ရပါသည်။ ငှက်နှင့် နို့တိုက်သတ္တဝါများကိုလည်း အန္တရာယ်မဖြစ်စေနိုင်ပါ။

    ဘစ်(စ်)ပိုင်ရီဘတ်ဆိုဒီယမ် ပေါင်းသတ်ဆေးသည် အထူးသဖြင့် စပါးခင်းအတွင်း ပေါက်သောပေါင်းပင်များ အရွက်သစ်(၄) ရွက်ထွက်သည့် အချိန်မှ အပင်ပွားစည်းချိန်အတွင်းအသုံးပြုရသည်။ ပေါင်းပေါက်ပြီးမှ သုံးစွဲရသည့် ရွေးချယ်ပေါင်းသတ်ဆေးအမျိုးအစားဖြစ်သည်။ ပေါင်ပင်းများအတွက် အရေးကြီးသည့် အမိုင်နိုအက်စစ်များထုတ်လုပ်ခြင်းကို နှောက်ယှက်တားဆီးပြီး ရွေးချယ်အာနိသင်အဖြစ် ပေါင်းပင်ကို ရွေးသတ်ပေးသည်။

    ဘစ်(စ်)ပိုင်ရီဘတ်ဆိုဒီယမ် ပေါင်းသတ်ဆေးအသုံးပြုနှိမ်နင်းနိုင်သောပေါင်းများမှာ-မြက်သီး၊ဝမ်းစာမြက်၊ပန်းတော်ဖြူ၊မုံညှင်းစိမ်း၊မုံညှင်းဝါ၊မြက်ကွမ်းသီးလေး၊ကတောက်ဆတ်၊လယ်ပဒူ၊ ကြိတ်မှန်

    ကိုးကား-ပေါင်းနှင့်ပေါင်းသတ်ဆေး 


  • article
likes14comments0
views1837