cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ-၇ အမည်ပြောင်းဆောင်ရွက်မည့်သူများအတွက်နည်းလမ်း

. Financial
၁။ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနတွင် ပုံစံ-၃ လျောက်လွှာတင်ပြီး ၊အရောင်းအဝယ်စာချုပ်ချုပ်ဆိုရန် မြေစာရင်းပုံစံ ၁၀၅/၁၀၆ လျောက်ထားကူးယူပါ။

  • ၂။အဆိုပါ ၁၀၅/၁၀၆မြေပုံရလျင် မိမိမြေရှိရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် တံဆိပ်ခေါင်းခွန်

    ထမ်းဆောင်ရန်အတွက် ဇုံအလိုက်သတ်မှတ်နုန်းထား ဘယ်လောက်သတ်မှတ်တယ်ဆိုဒါ သွားရောက် ကြည့်ရူ့ပါ။

    ၃။ သတ်မှတ်နုန်းထားသိပြီဆိုရင် တန်ဖိုးပေါ်တွင် ၂% အတွက်ကျသင့်သော တံဆိပ်ခေါင်းခွန် အား မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာနတွင် သွားရောက်ဝယ်ယူပါ။

    ၄။တံဆိပ်ခေါင်းများရလျင် အရောင်းအဝယ်စာချုပ်ရိုက်ပြီး မိမိမြေရှိရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးပါဝင်သောလည်/စီ အရှေ့မှောက်တွင်စာချုပ်ချုပ်ဆိုရပါမည်။

    ၅။အဆိုပါစာချုပ်အား ရက်ပေါင်း ၁၂၀ အတွင်းမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနတွင် မှတ်ပုံတင်ရပါမည်။မှတ်ပုံတင်ခမှာ တန်ဖိုးပေါ်တွင် ဝ၅%ပေးသွင်းရပါမည်။

    ၆။ အဆိုပါမှတ်ပုံတင်စာချုပ်ရပါက စာချုပ်အားအထောက်ထားပြုပြီး ဝယ်သူအမည်ပြောင်းလဲပေးပါရန် အဆိုပါဌာနတွင် ထပ်မံလျောက်ထားရပါမည်။

    လိုအပ်သောစာရွက်စာတမ်းများစာရင်း

    ၁. ပုံစံ-၇ မူရင်း

    ၂- ၁၀၅/၁၀၆ မူရင်း

    ၃-ရောင်းချသူထံမှ မှတ်ပုံတင်ကိုယ်စားလှယ်လွှဲစာယူထားရင် အဆိုပါစာရွက်မူရင်း နှင့် ပါဝါမရုတ်သိမ်းကြောင်းနှင့် ပါဝါပေးသူသက်ရှိထင်ရှား ရှိကြောင်း ကျမ်းကျိန်လွှာ မူရင်း

    ၄-ရောင်းသူ/ဝယ်သူမှတ်ပုံတင် သန်ခေါင်စာရင်း

    အချိန်ကြာမြင့်ချိန်မှာ တစ်ရုံးနှင့်တစ်ရုံးမတူခြင်း၊လုပ်ကိုင်ဆောင်ရွက်သူ မတူခြင်းကြောင့် အချိန်ကြာမြင့်ချိန်ကွာခြားနိုင်ပါတယ်။

    ပြန်လည်ကူးယူဖော်ပြပါသည်။

    ----


  • article
likes36comments0
views3722