cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ပြည်တွင်း စားသုံးမူ ပုံမှန် ရှိနေသည့် အတွက် ငရုတ်သီးခြောက် အမြင့်စျေး တွင်ရှိ

. Market Price
လက်ရှိ ငရုတ်သီး ခြောက် အောက်စ သီး တစ်ပိဿာ လျှင် ၁၁၀၀၀မှ ၁၃၀၀၀အထိ ရှိပြီး မိုးထောင်သီး တစ်ပိဿာ လျှင် ၁၃၀၀၀ မှ၁၄၀၀၀ အထိ ပေါက်စျေးရှိကြောင်းသိရသည်။
  • ပြည်တွင်း စားသုံးမူ ပုံမှန် ရှိနေသည့် အတွက် ငရုတ်သီးခြောက် အမြင့်စျေး တွင်ရှိ နေခြင်း ဖြစ်ကြောင်း ငရုတ် သီး ဝယ်ရောင်းလုပ်ကိုင်သူများ ထံမှသိရသည်။


    ပြည်ပ ဝယ်ယူမူ လျော့နည်းနေသော်လည်း ပြည်တွင်းထွက်ရှိမှု မှာ ပြည်တွင်းစားသုံးမှု နှင့်တင် လုံလောက်မူ ရှိနေသည့်အတွက် စျေးနှုန်းမှာ အမြင့်စျေးတွေ ငြိမ်နေခြင်း ဖြစ်ကြောင်းသိရသည်။


    “စျေးက အတက်စျေးနဲ့ ငြိမ်နေကြာပြီး၊ ပုံမှန်ပဲသွားနေတယ်။ အရောင်းအဝယ် တော့ အနည်းလေး အေးတယ် ။ ပြီးခဲ့ နှစ်လောက် စျေးကွက်မဖြစ်လောက်ဘူး၊ ၆လပိုင်းတောင်ရောက်ပြီလေ။ ဆက်တက်ရင်လဲ ၁၇၀၀၀၊၁၈၀၀၀မကျော်ဘူး။ပြီးခဲ့ တဲ့ နှစ်က ၂၀၀၀၀ကျော်ထိရခဲ့တာ။ တောင်သူအတွက်တော့ ဒီစျေးက တွက်ခြေကိုက်တယ်။ လှောင်ကုန်ထားတဲ့ သူတွေက တော့ ဒီစျေး နဲ့ မကိုက်ဘူး “ဟုညောင်တုန်းမြို့နယ်မှ ငရုတ် စိုက် ၊ဝယ်ရောင်း လုပ်ကိုင် သူ ဦးဇော်နိုင်ဦး ကပြောသည်။


    လက်ရှိ ငရုတ်သီး ခြောက် အောက်စ သီး တစ်ပိဿာ လျှင် ၁၁၀၀၀မှ ၁၃၀၀၀အထိ ရှိပြီး မိုးထောင်သီး တစ်ပိဿာ လျှင် ၁၃၀၀၀ မှ၁၄၀၀၀ အထိ ပေါက်စျေးရှိကြောင်းသိရသည်။


    ငရုတ်သီးခြောက် မှာ စျေးတက်နေသော်လည်း ပြီးခဲ့ နှစ်များနှင့်ယှဉ်ပါက အရောင်းဝယ်ကျ ဆင်းကာ စျေးနှုန်း ကျဆင်းနေကြောင်း ကုန်သည်များ မှ ဆိုသည်။


    ယခင်က နှစ်များက ငရုတ်သီး ခြောက် တစ်ပိဿာလျှင် နှစ်သောင်းကျော် ထိ ရရှိခဲ့ကြောင်း သိရသည်။


    ပြီးခဲ့သည့် နှစ်များက သွင်းအားစုများဖြစ်သည့် မြေဩဇာ နှင့် စက်ပစ္စည်းများ က စျေးကြီးနေခြင်း ကြောင့် ပုံမှန် စိုက်ပျိုးနေသည့် ငရုတ်သီးစိုက် တောင်သူ များ အနေဖြင့် အရင်းအနှီးများ၍ မစိုက်ခဲ့ကာ စျေးကွက်တွင်အဝင်နည်းပြီး ပြည်တွင်း၌ ငရုတ်သီးခြောက် စျေး အမြင့်ဈေး တွင် ရောက်ခဲ့ ခြင်း ဖြစ်ကြောင်းငရုတ် သီး ကုန်သည်များ ထံမှသိရသည်။


    သို့သော်ယခုနှစ်တွင် သွင်းအားစုများ အနည်းငယ် စျေးကျဆင်းသွားပြီး ငရုတ်စိုက်ချိန် ရာသီဥတု ကောင်းခဲ့ခြင်းကြောင့် အထွက်နှုန်းအနည်းငယ်ကောင်းခဲ့သည့် အတွက် ပြီးခဲ့ သည့်နှစ်ဖြင့် ယှဉ်ပါက အနည်းငယ်သာ စျေးကျဆင်းခြင်း ဖြစ်ကြောင်း သိရသည်။


    “ ငရုတ်သီးက အခြေခံစားသောက်ကုန်ထဲမှာ ပါတော့ မဖြစ်မနေ ဝယ်ရတဲ့သူတွေ ရှိ ကြတာပေါ့။ ငရုတ်သီးခြောက်စျေးက တက်နေတယ်။ ဒီနှစ် က တောင်သူကော ရောင်းတဲ့သူကော အဆင်ပြေ တယ်

    လို့ ကြားရတယ်။ စိုက်ပျိုးတဲ့ သူလဲ နည်းခဲ့တာဆိုတော့ စျေးကအမြင့်စျေး မှာပါ။“ ဟု နေပြည်တော် နယ်ဝေး မြို့နယ် မှ ငရုတ်သီး ကုန်သည်တစ်ဦးက ပြောသည်။


    လက်ရှိ ပြည်ပသို့ တင်ပို့ရန် လာရောက် ဝယ်ယူသည့် ဝယ်လိုအား မှာ လျော့ ကျနေကြောင်း ပြည်ပ တင်ပို့နေသည့် သူများကို ရောင်းချ နေသည့် တောင်သူများ ထံမှ သိရသည်။


    ပြည်ပ တင်ပို့ ရာ တွင် ဒေါ်လာ လဲ လှယ်မူ အပါအဝင် တခြားမူဝါဒ အကန့်အသတ် များ ရှိ နေခြင်း တင်ပို့ရန် အခက်ခဲရှိနေသလို ပြည်တွင်း ၌လည်း ပစ္စည်းလက်ကျန်နည်းနေသည့် အတွက် ငရုတ်တင်ပို့မူ မှာ လည်း ၅၀ရာခိုင်းနှုန်းအထိ ကျဆင်းနေကြောင်းကုန်သည်များထံ မှ သိရသည်။


    “ အခုတော့ ပြည်ပ က စျေးအများကြီးမလိုက်ဘူး။ ပထမ မိုးထောင်သီးတုန်း က လှိုင်သွားတယ်။နောက်ပိုင်းနည်းနည်းကျသွားတယ်။ပြည်တွင်း ငရုတ်သီးက ပြည်တွင်းစားသုံးသူနဲ့ ကွက်တိကျတယ်။ ပြည်တွင်းမှာပဲ စျေးရတယ်။ ပြည်ပ ကပြည်တွင်း လောက်တောင် မပေးနိုင်တာတွေရှိတယ်။အဲ့တော့ တော်ယုံတန်ယုံ မတင်ပို့နိုင်ကြဘူး။” ဟု ငရုတ်သီးပြည်ပတင်ပို့နေသူတစ်ဉီးကပြောသည်။


    မြန်မာနိုင်ငံရှိ ငရုတ်သီး အား ပြည်ပနိုင်ငံများ ဖြစ်သည့် ထိုင်း ၊ ဗီယမ်နမ်၊ လာအို ၊ မလေးရှား စသည်နိုင်ငံများ သို့ တင်ပို့နေေကြောင်း သိရသည်။


    ဖိုးချဲ (AMIA)

    Exclusive Content For Htwet Toe - ထြက္တိုး

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes10comments0
views2319