cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

စားအုန်းဆီ ရည်ညွှန်းဈေးနှုန်း ထပ်ကျသော်လည်း ဈေးကွက်ထဲ အမြင့်ဈေးအတိုင်းသာရှိနေသေးဟု ဆို

. Market Price
လက်ရှိမှာတော့ ပြီးခဲ့တဲ့ဇွန်လဆန်းပိုင်းလောက်က ဈေးကွက်ထဲမှာ ၆၅၀၀ ကျပ်မှ ၇၀၀၀ ကျပ်အကြားရှိခဲ့တဲ့ စားအုန်းဆီ တစ်ပိဿာဈေးဟာ၊ အခုရက်ပိုင်း ၇၀၀၀ ကျပ် အမြင့်ဈေးနဲ့ တန့်နေတယ်လို့ သိရပါတယ်။
  • စားအုန်းဆီ လက်ကားရည်ညွှန်းဈေးနှုန်း ထပ်ကျလာပေမယ့်လည်း ဈေးကွက်ထဲမှာတော့ အမြင့်ဈေးအတိုင်းသာ ဆက်လက်ရောင်းချနေသေးတယ်လို့ စားသုံးသူတွေဆီက သိရပါတယ်။

    “ဒီမနက် ၇၀၀၀ နဲ့ ဝယ်လာခဲ့ရတယ်၊ အရင်တစ်ပတ်ကတက်ခဲ့တဲ့ ဈေးထက်တောင် ပိုသွားပြီ၊ လဆန်းပိုင်းတုန်းက ၆၅၀၀ ကျော်ပဲရှိတယ်၊ ရည်ညွှန်းဈေးချပေးနေတဲ့ကြားက ဈေးကအမြင့်ဈေးအတိုင်းပဲရှိနေတုန်းပဲ” လို့ ဒီကနေ့မနက် ဈေးဝယ်ထွက်ခဲ့တဲ့ မန္တလေးမြို့က အိမ်ရှင်မတစ်ဦးက ပြောပါတယ်။

    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက၊ စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးကို၊ ဇွန်လ ၁၂ ရက်မှ ၁၈ ရက်အထိအတွက် တစ်ပိဿာကို ၃၇၅၀ ကျပ် သတ်မှတ်ပေးထားပါတယ်။

    ဒါဟာ ပြီးခဲ့တဲ့မေလ ၂၉ ရက်မှ ဇွန်လ ၄ ရက်အထိ သတ်မှတ်ရည်ညွှန်းဈေး (၃၉၆၀ ကျပ်) ထက်၊ ကျပ် ၂၁၀ ခန့် ဈေးကျလာတာဖြစ်ပါတယ်။

    “သတ်မှတ်ဈေးက သတ်မှတ်ဈေးပဲလေ၊ ကျွန်တော်တို့လည်း ပြန်ဝယ်ရောင်းချရတာဆိုတော့၊ ဈေးကွက်ပေါက်ဈေးအရပဲ အရောင်းအဝယ်လုပ်ကြရတာပါ၊ တအားကြီးအမြတ်တင်ရောင်းတယ်ဆိုတာ မရှိပါဘူး” လို့ စားသုံးဆီလက်ကားဈေးအရောင်းဆိုင်ရှင်တစ်ဦးက ပြောပါတယ်။

    လက်ရှိမှာတော့ ပြီးခဲ့တဲ့ဇွန်လဆန်းပိုင်းလောက်က ဈေးကွက်ထဲမှာ ၆၅၀၀ ကျပ်မှ ၇၀၀၀ ကျပ်အကြားရှိခဲ့တဲ့ စားအုန်းဆီ တစ်ပိဿာဈေးဟာ၊ အခုရက်ပိုင်း ၇၀၀၀ ကျပ် အမြင့်ဈေးနဲ့ တန့်နေတယ်လို့ သိရပါတယ်။

    ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားဖို့ ရည်ရွယ်ချက်နဲ့ သိုလှောင်ခြင်း စတဲ့ မသမာတဲ့လုပ်ဆောင်မှုတွေပြုလုပ်တာ တွေ့ရရင်၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေနဲ့ အရေးယူသွားမယ်လို့တော့ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက အသိပေးကြေညာထားပါတယ်။

    ပြည်တွင်းမှာ စားအုန်းဆီသုံးစွဲမှုအခြေအနေဟာ တစ်နှစ်ကို တန်ချိန် ၁၀ သိန်းကျော်အထိရှိပြီး၊ ၆ သိန်းမှ ၇ သိန်းကြားကို၊ ပြည်ပ (မလေးရှားနဲ့ အင်ဒိုနီးရှား) နိုင်ငံကနေ အဓိကတင်သွင်းနေရတာဖြစ်တယ်လို့ သိရပါတယ်။


    ကျော်ကျော်

    ဤဆောင်းပါးကို Opinion Leaders မှကူးယူဖော်ပြပါသည်။

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes4comments0
views1409