အသီးပင်တွေကို မြေထုပ်စည်းပြီး ဘယ်လိုမျိုးပွားကြမလဲ?
. Grafting and Budding
သီးနှံပင်များဖြစ်ကြတဲ့ သရက်၊ မာလကာ၊ ကျွဲကော၊ ရှောက်၊ သံပုရာ၊ လိုက်ချီး၊ ကြက်မောက်၊ လောင်ဂန် ၊ သကြားသီး၊ ဂွေးသီး စတဲ့ အပင်တွေမှာ မြေထုပ်စည်းတဲ့နည်းကိုအသုံးပြုပြီး မျိုးပွားလို့ရပါတယ်။
မြေထုပ်စည်းမျိုးပွားခြင်းဟာ ကုန်ကျစရိတ်လဲ သက်သာတဲ့အပြင် လုပ်ဆောင်ရလွယ်ကူတဲ့နည်းလမ်းတစ်မျိုးဖြစ်တာကြောင့် သစ်သီးခြံတွေမှာ အသုံးများတဲ့နည်းတစ်ခုဆိုရင်လဲမမှားပါဘူး။ မြေထုပ်စည်းမျိုးပွားခြင်းကို အပင်တွင် အစိုဓါတ်ရရှိနေပါက တစ်နှစ်ပတ်လုံးလုပ်ဆောင်နိုင်သော်လည်း အပင်အများစုအတွက် အကောင်းဆုံးရာသီဥတုအချိန်ကတော့ ပတ်ဝန်းကျင်မှာ စိုထိုင်းဆများပြီး အပင်အတွင်းရေဓါတ်များတဲ့ မိုးရာသီ (ဇူလိုင် မှ သြဂုတ်လ) အတွင်းဖြစ်ပါတယ်။ မြေထုပ်စည်းမျိုးပွားခြင်းကိုလုပ်ဆောင်ပြီး တောင်သူများ စိုက်ပျိုးရေးလုပ်ဆောင်ရာမှာ အဆင်ပြေနိုင်စေဖို့ မြေထုပ်စည်းနည်းတွေကို ပုံနဲ့တကွ တင်ပြပေးလိုက်ပါတယ်။









51
8
7398

NewsFeed
Communities
Explore
Inbox
Me
Market Price