cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ကမ္ဘာစားအုန်းဆီ စျေး အမြင့်စျေး တွင် ငြိမ်နေသည့် အတွက် ပြည်တွင်း စျေး သိသိသာသာကျဆင်းသွားခြင်း မရှိ

. Market Price
လက်ရှိ လက်လီလက်ကား စျေးကွက် တွင် စားအုန်း ဆီ တပိဿာလျှင် ၆၅၀၀ကျပ် ပေါက်စျေး အထိ အရောင်အးဝယ် ပြုလုပ်လျက် ရှိ ကာ နေရာဒေသအလိုက် စျေးနှုန်း အနည်းငယ် ကွာဟ ကာ အရောင်းဝယ်ပြုလုပ်နေကြသည်။
  • လက်တလော ကမ္ဘ့ာစားအုန်းဆီ စျေး အမြင့်စျေး တွင်ငြိမ်နေသည့် အတွက် ပြည်တွင်း စျေး သိသိသာသာကျဆင်းသွားခြင်း မရှိကြောင်း စျေးကွက်မှ သိရသည်။


    ယခုအပတ်တွင် ကမ္ဘာ့စားအုန်ဆီစျေး အမြင့်စျေး တွင်ရှိနေပြီးစားအုန်းဆီ အဓိထုတ်လုပ်တင်သွင်း နေသည့် မလေးရှားနိုင်ငံနှင့်အင်ဒိုနီးရှားနိုင်ငံတို့ က ပြည်ပတင်ပို့မှုခွင့်ပြုသည့်ပမာဏကို လျော့ချထားခြင်းကြောင့် ဆီစျေး မှာအမြင့်စျေး တွင်ရှိနေခြင်းဖြစ် ကြောင်း သိရသည်။


    လက်ရှိ လက်လီလက်ကား စျေးကွက် တွင် စားအုန်း ဆီ တပိဿာလျှင် ၆၅၀၀ကျပ် ပေါက်စျေး အထိ အရောင်အးဝယ် ပြုလုပ်လျက် ရှိ ကာ နေရာဒေသအလိုက် စျေးနှုန်း အနည်းငယ် ကွာဟ ကာ အရောင်းဝယ်ပြုလုပ်နေကြသည်။


    “အခုက ကမ္ဘာစျေး မှာ အတက်စျေး နဲ့ ငြိမ်နေတယ်။ ပြည်ပကအဓိက တင်သွင်းနေတဲ့ နိုင်ငံတွေက လဲ သူတို့နိုင်ငံ စားအုန်းဆီဖူလုံမှုရှိ ဖို့ ပြည်ပတင်ပို့မှုခွင့်ပြုသည့်ပမာဏကို လျော့ချထားတယ်။ ဒါကြောင့်ပြည်ပ က ကန့်သတ်နဲ့ တင်သွင်းနေရတော့ ပြည်တွင်း မှာ အရင်ကထက် အဝင်နည်းတယ် ။ဒါကြောင့် လက်လီကားဆိုင်တွေကလဲ လုံလုံလောက်လောက် မရတော့ ၊ စျေးနှုန်းကအတက်စျေးမှာပဲရှိနေတာ သိသိသာသာကျဆင်းသွားတာမရှိဘူး ။ကျလဲ အနည်းငယ်ပဲ။“ ဟု ရန်ကုန်မြို့ မှ ဆီလုပ်ငန်းရှင်တစ်ဦး ကပြောသည်။


    သို့သော် စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ မှ သတ်မှတ်ထား သည့် အခြေခံရည်ညွန်းစျေးမှာ ပြီးခဲ့ သည့် လ ထက် သိသိသာ ကျဆင်း လာလျက်ရှိသည်။


    စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့်အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ် နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ ၊ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်ကာ ပြည် တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းများ အား ထုတ်ပြန်လျက်ရှိရာပြီးခဲ့ သည့် မတ်လ က ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးစားအုန်းဆီ တစ်ပိဿာလျှင်၄၁၆၅ ကျပ် ထိ ရှိခဲ့ပြီး လက်ရှိ ဇွန်လ ၁၉ ရက်နေ့ မှ ဇွန်လ ၂၅ ရက်နေ့ အထိ တစ်ပိဿာလျှင် ၃၈၆၀ ကျပ် သာ သတ်မှတ်ထား ကြောင်းသိရသည်။


    “ ရည်ညွန်းစျေးက ဇွန်လ ပထမပတ်ထဲ က စကျလာတာ ပြီးခဲ့တဲ့ ဒုတိယအပတ်က ရည်ညွှန်းဈေး တစ်ပိဿာ ကို၃၇၅၀ကျပ် ပဲရှိတာ ဒီ အပတ် ၃၈၆၀ဆို တော့ ပြန်တက်လာတာ ပြောရမယ် ။ အဓိက ကမ္ဘာစားအုန်းဆီစျေး ပြန်မာလာပြီး ဒေါ်လာစျေးလဲ ပြန်တက်လာလို့ “ ဟု ဆီ အရောင်းဝယ်လုပ်ကိုင်သူ ကိုမင်းသိန်း ကပြောသည်။


    ကော်မတီအနေ ဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေ းနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင် း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါကအရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း အသိပေး ထုတ်ပြန်ထား ခြင်းလည်းရှိသည်။


    “ အခုအပြင်မှာ စားအုန်ဆီ ၆၅၀၀စျေး နဲ့ ဝယ်ရတယ်။ နည်းနည်းကျသွားတယ်လိုပြောရမှာပေါ့ အရင်က ၇၀၀၀ကျော် တယ်။ နှမ်းဆီ နဲ့ ပဲဆီ က တစ်ဆယ်သာ ၁၀၀၀လောက်ပေးဝယ်ရတယ်။ ရည်ညွန်းစျေး တွေသာ ထုတ်ပြန်နေတာ စားသုံးသူ တွေက တခါမှ အဲစျေး နဲ့ မရဖူးဘူး ။”ဟု သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သူ စားသုံးသူတစ်ဦးကပြောသည်။


    ပြည်တွင်း ၌ စားအုန်းဆီ သုံးစွဲမူ တစ်နှစ် လျှင် တန်ချိန် ၁၀သိန်းကျော် အထိရှိ သောကြောင့် နှစ်စဥ် တန်ချိန် ၆သိန်း မှ၇သိန်ကြား အား မလေးရှားနိုင်ငံ နှင့် အင်ဒိုနီးရှားနိုင်ငံများမှ စားအုန်းဆီများကို အဓိက ထား၍ တင်သွင်းနေရကြောင်းသိရသည်။

    AMIA

    Exclusive Content For Htwet Toe - ထြက္တိုး

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


  • article
likes6comments0
views1653