cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ရော်ဘာတန်းကြား ကြားသီးနှံစိုက်ပျိုးခြင်း

. Cultivation Methods
ဒီတစ်ပတ်တွင် ရော်ဘာစိုက်တောင်သူ ဦးကြီးများအတွက် ရော်ဘာစိုက်ပျိုး ထိန်းသိမ်းချိန်၌ စီးပွားရေး တွက်ခြေကိုက်မည့် ရော်ဘာပင်တန်းကြား ကြားသီးနှံ (ကွမ်း) စိုက်ပျိုးခြင်းအားဖြင့် ဝင်ငွေတိုးစေပြီး သွင်းအားစု သက်သာစေရန်အတွက် ကြားသီးနှံ စိုက်ပျိုးခြင်းဖြင့်ရရှိမည့် အကျိုးများအား သိသမျှကို ရော်ဘာတောင်သူများအား ပြန်လည်၍ မျှဝေပေးသွားပါမည်။
  • ရော်ဘာစတင်စိုက်ပျိုးပြီး အချိန်မှစ၍ အစေးထုတ်လုပ်ချိန်ကာလ မတိုင်ခင်အထိ ထိန်းသိမ်းချိန် ကာလအတွင်း တောင်သူများ၌ ဝင်ငွေရရှိစေရန်နှင့် ရော်ဘာစိုက်ပျိုး ထိန်းသိမ်းခြင်း ကုန်ကျစရိတ်အား သက်သာစေရန် ကြားသီးနှံ စိုက်ပျိုးကြပါသည်။

    စိုက်ပျိုးသင့်သည့်ကြားသီးနှံ

    နှစ်ချင်းသီးနှံများ

    ယေဘုယျအားဖြင့် ရေမြေဒေသနှင့်သင့်တော်ပြီး အထွက်ကောင်းသောမျိုးကို ရွေးချယ်စိုက်ပျိုးရန်-

    ပထမဦးစားပေးသီးနှံများ - မြေပဲ၊ ဖရဲ

    ဒုတိယဦးစားပေးသီးနှံများ - ဟင်းသီးဟင်းရွက်

    တတိယဦးစားပေးသီးနှံများ - ပန်း၊ ကန်စွန်းဥ၊ ယာစပါး

    ဖော်ပြပါသီးနှံများကို ရော်ဘာပင်၏ ပထမသက်တမ်း ကာလတွင် စိုက်ပျိုးသင့်ပါသည်။

    နှစ်ရှည်သီးနှံများ

    အရေးကြီးသည်မှာလောင်းရိပ်ဒဏ်ခံနိုင်ပြီး အထွက်နှုန်းသင့်တင့်သော မျိုးဖြစ်ရန်လိုပါသည်။

    ပထမဦးစားပေးသီးနှံများ - နာနတ်၊ ကွမ်း

    ဒုတိယဦးစားပေးသီးနှံများ - ငရုတ်ကောင်း၊ ငှက်ပျော

    တတိယဦးသားပေးသီးနှံများ - ကော်ဖီ၊ လက်ဖက်

    ဖော်ပြပါသီးနှံများကို ရော်ဘာပင်၏ပထမသက်တမ်းကာလတွင် စိုက်ပျိုးသင့်ပါသည်။

    ရော်ဘာပင် စိုက်ပျိုးစဉ်ကပင် ရော်ဘာပင်တန်းကြားတွင် ဝင်ငွေရကြားသီးနှံ စိုက်ပျိုးနိုင်ရေးကို ရည်ရွယ်ချက်တစ်ရပ်အဖြစ် ထားရှိသင့်ပါသည်။

    ရော်ဘာပင် စတင်စိုက်ပျိုးသည့်နှစ်မှစ၍ တစ်နှစ်လျှင် မြေသြဇာအနည်းဆုံး(၂)ကြိမ်၊ မိုးဦးတစ်ကြိမ်၊ မိုးနှောင်းတစ်ကြိမ် မဖြစ်မနေ ကျွေးပေးရပါသည်။ ရော်ဘာပင်ကြား ကြားသီးနှံ စိုက်ပျိုးပါက ၎င်းကြားသီးနှံအတွက် မြေသြဇာကျွေးခြင်း၊ ရေပေးသွင်းခြင်း စသည့်လုပ်ငန်းစဉ်များအား စိုက်ပျိုးသည့် သီးနှံပင် အမျိုးအစားကိုလိုက်၍ ရာသီအချိန်မှီ ကျွေးခြင်းများအား ပြုလုပ်ပေးခြင်းဖြင့် ရော်ဘာပင်အတွက် လိုအပ်သည့် မြေသြဇာနှင့် သွင်းရေများကို တစ်ချိန်တည်း ရရှိစေသောကြောင့် ရော်ဘာပင်အတွက် အကျိုးများစွာ ဖြစ်ထွန်းစေပါသည်။

    ရော်ဘာကြား ကြားသီးနှံ စိုက်ပျိုးခြင်းဖြင့် စီးပွားရေး အကျိုးအမြတ် ရရှိစေပြီး အစေးခြစ်ရာသီ၌ အချိန်မှီ အစေးထုတ်လုပ်နိုင်ရန်အတွက် ရော်ဘာမျိုးရွေးချယ် စိုက်ပျိုးမှု မှန်ကန်စေရန်နှင့် ပင်ကြားတန်းကြား အကွာအဝေး မှန်ကန်စေမှုမှာ အရေးကြီးပါသည်။

    စိုက်ပျိုးသင့်သည့်မျိုး - BPM 24, PB 260, PB 235

    ပင်ကြားတန်းကြားအကွာအဝေး - ၂၄’ x ၉’ (သို့မဟုတ်) ၂၅’ x ၁၀’

    သို့မှသာကြားသီးနှံစိုက်ပျိုးရန်သင့်တော်သည့် အပြင် ရော်ဘာပင်အတွက်ပါ ထိခိုက်မှုမရှိပဲ အပင်ကြီးထွားမှုအတွက်ပါ အကျိုးဖြစ်ထွန်းနိုင်ပါမည်။

    ရော်ဘာပင်တန်းကြား ကွမ်းသီးနှံ စိုက်ပျိုးရာတွင် ၂၅’ x ၁၀’ တန်းကြား၌ ကွမ်းတိုင်ကိုပင်ကြားတန်းကြား ၃’ x ၃’ ပတ်လည်စိုက်ပျိုးပေးရပါမည်။ ထိုကဲ့သို့ စိုက်ပျိုးပါက ရော်ဘာတစ်ဧကတွင် ကွမ်းပင် (၄၈၄၀) ပင် ဝင်ဆံ့ပါသည်။

    လာမဲ့အပတ်တွင် အဆင့်မြင့် ရော်ဘာပြား ထုတ်လုပ်ပုံအဆင့်ဆင့်အား ထပ်မံ၍ မျှဝေသွားမည်ဖြစ်ပါသည်။ ယခုရေးသားထားသော အကြောင်းအရာများမှာ ရော်ဘာစိုက်ပျိုးထုတ်လုပ်ခြင်း ‘ဆရာလက်စွဲ’ စာအုပ်မှ ရေးသားမှုများအား ကိုးကား၍ ပြန်လည် ဖော်ပြခြင်းသာဖြစ်ပါသည်။

    ဒေါ်သဲမာ

    Dip-Agri (1997)

    ရော်ဘာပညာလေ့လာသူ

    ထွက်တိုးစိုက်မွေး ဖုန်းဆော့ဝဲ ဒေါင်းလုတ်ရယူရန်-

    http://download.htwettoe.com/

    အထွက်တိုးရော်ဘာစိုက်ပျိုးကြသူများအဖွဲ့(Facebook)သို့ဝင်ရန်-https://www.facebook.com/groups/2432746880363676/

    ရာဘာစိုက်ပျိုးကြသူများအဖွဲ့(Application)သို့ဝင်ရန်-

    https://htwettoe.com/article-details/news/21861605

    ဖြေဆိုနည်း အသေးစိတ်အောက်တွင်ကြည့်ရှုနိုင်ပါသည်။

     


  • article
  • article
  • article
  • article
likes
12
comments
0
views
5532