cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

၁၉.၆.၂၀၂၃ မှ ၂၃.၆.၂၀၂၃ ရက်နေ့ထိ ဈေးကွက်သုံးသပ်ချက်

. Market Price
-မတ်ပဲဈေး အဆမတန်မြင့် တက်နေသည့် အတွက် အဝယ်တန့်ခဲ့ပြီးဈေးတွေ ပြန်ကျဆင်း
-ပဲစင်းငုံနီ လက်ကျန်မရှိ ဈေးတွေ ကျဆင်း
-ပဲတီစိမ်းစျေး အတက်အကျအနည်းငယ်နဲ့ဈေးငြိမ်နေ
-ကြက်သွန်နီ ဈေးကွက်ထဲ အဝင်များတဲ့အတွက် ဈေးအတက်အကျ အနည်းငယ်ဖြင့် အရောင်းအဝယ်ဖြစ်
-ကြက်သွန်ဖြူ(ရှမ်း)စျေးတွေ ဆက်ပြီးမြင့်တက်
  • မတ်ပဲ


    မတ်ပဲကတော့ ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင်ဈေးတွေ ကျဆင်းသွားပါတယ်။ ဈေးကွက်အတွင်း ငွေလဲလှယ် ဈေးနှုန်း အပြောင်းအလဲ ဖြစ်နေသည့် အပြင် ဈေးတွေ အဆမတန်မြင့် တက်နေ သည့် အတွက် အဝယ်တန့်ခဲ့ပြီးဈေးတွေ ပြန်ကျဆင်းလာတာ ဖြစ်တယ်လို့ ပဲကုန်သည်အချို့က ဆိုပါတယ်။


    လှောင်လက်အများစုက ပဲအတက်ဈေးကို စောင့်ပြီး ရောင်းချမှုတွေကြောင့် ဈေးကွက်အတွင်း ပဲလက် ကျန်နည်းနေပြီး ဈေးတွေ မြင့်တက်နေခဲ့တာဖြစ်တဲ့လို့လည်း ကုန်သည်အချို့က ခန့်မှန်းပြောဆို ပါတယ်။


    ပဲဈေးတွေ မြင့်တက်နေတာနဲ့ပတ်သတ်ပြီး ဈေးကစားမှု ရှိမရှိ အိန္ဒိယအစိုးရ က မြန်မာပဲနှမ်းအသင်းကို မေးမြန်းစုံစမ်းမှု တွေ ပြုလုပ်ခဲ့တယ်လို့ ပြည်တွင်း မီဒီယာအချို့မှာ ဖော်ပြထားပါတယ်။အိန္ဒိယကတော့ မြင့်တက်နေတဲ့ပဲဈေးကို ထိန်းချုပ်ရန် အတွက် သိုလှောင်တာတွေနဲ့ပတ်သတ်ပြီး ကြပ်မတ်နေတာတွေ G to G ဝယ်ယူသွားရနအစရှိသဖြင့် အဖက်ဖက်ကနေ လုပ်ဆောင်မှု တွေရှိနေတယ်လို့ အိန္ဒိယသတင်း တွေမှာ ဖော်ပြထားပါတယ်။


    ရန်ကုန်ဈေးကွက်မှာ မတ်ပဲတစ်တန်ကို ၂၃၈၀၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၁၃၀၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။


    မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင် တစ်အိတ်ကို ၂၂၅၀၀၀ ကနေ ၂၂၃၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၃၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။


    အခြားနယ်ကုန်စည်ဒိုင်တွေ ဖြစ်တဲ့ အောင်လံကုန်စည်ဒိုင်၊မုံရွာ၊ပြည်တို့မှာလည်း တစ်တင်းကို ၇၆၀၀၀ ကနေ ၇၈၀၀၀ ကြားပေါက်ဈေးရှိနေပြီး ၂၅၀၀ ကျပ်လောက်ဈေးကျဆင်းသွားပါတယ်။


    မတ်ပဲဈေးတွေ လက်ရှိမှာ ကျဆင်းနေပေမယ့် အိန္ဒိယနိုင်ငံရဲ့ လိုအပ်ချက်ကြောင့် ရေတို ကျဆင်းခြင်းသာ ဖြစ်ပြီး ဆက်ပြီး တက်နိုင်ဦး မယ်လို့ကုန်သည်တွေက ခန့်မှန်းသုံးသပ်မှုတွေရှိပါတယ်။


    ပဲစင်းငုံနီ


    ပဲစင်းငုံနီကတော့ ပြီးခဲ့တဲ့ အပတ်ကတည်းက ဈေးကျဆင်းနေခဲ့တာဖြစ်ပါတယ်။ ဈေးကွက်အတွင်း ပဲလက်ကျန်မရှိတဲ့အတွက် အရောင်းအဝယ်လည်း မရှိပဲ ဈေးတွေက ကျဆင်းနေတာလို့ ပဲကုန်သည်တွေ က ဆိုပါတယ်။

    ပဲစင်းငုံနီကတော့ အိန္ဒိယရဲ့လိုအပ်ကြောင့် ဈေးမြင့်တက်နေခဲ့တာဖြစ်ပြီး အိန္ဒိယအစိုးရကလည်း ပဲစင်းငုံနီ ကို မြန်မာနိုင်ငံအပြင် အခြား ပြည်ပနိုင်ငံတွေကပါ တင်သွင်းဖို့အတွက် ကြိုးစားဆောင်ရွက်ကာ မကြာခင် တင်သွင်းမယ်ဆိုတဲ့ သတင်းတွေ ဖော်ပြပြီး ပဲဈေးမြင့်တက်မှုကို ထိန်းချုပ်နေတာ ကိုတွေ့ရပါတယ်။


    လက်ရှိမှာတော့ ပဲစင်းငုံနီက ပြည်တွင်းဈေးကွက်မှာကျဆင်းနေပေမယ့် အရောင်းအဝယ်နည်းတယ်လို့ ပဲကုန်စည်ဒိုင်တွေကနေတဆင့် သိရပါတယ်။ပြည်တွင်းငွေလဲလှယ်နှုန်းမတည်ငြိမ်မှုနဲ့အတူ ကုန်သည် တွေက စောင့် ကြည့်မှု တွေရှိနေတယ်လို့လည်း သိရပါတယ်။


    ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီ က တစ်တန်ကို ၃၀၅၀၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့နှိုင်းယှဉ်ရင် တစ်တန်ကို ၂၂၀၀၀၀ ကျပ် လောက်ဈေးကျဆင်းသွားပါတယ်။


    မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၂၉၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀၀ကျပ်ဈေးကျ ဆင်းသွားပါတယ်။


    အခြား နယ်ကုန်စည်ဒိုင်တွေ ဖြစ်တဲ့ ပခုက္ကူဈေးကွက်၊အောင်လံဈေးကွက်၊မုံရွာ ဈေးနဲ့ ပြည်ဈေးကွက်တို့ မှာ ပဲစင်းငုံနီ တစ်တင်းကို ၉၇၀၀၀ ကနေ ၉၉၀၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်တင်းကို ၅၀၀၀ နီးပါးဈေးကျဆင်းသွားပါတယ်။


    ပဲတီစိမ်း


    ပဲတီစိမ်းကတော့ အတက်အကျအနည်းငယ်နဲ့ဈေးငြိမ်နေတဲ့အခြေအနေဖြစ်နေပါတယ်။အသစ်တွေ ဈေးကွက်ထဲ အဝင်သွက်နေပြီး အဝယ်ကတော့ ပုံမှန်ရှိနေတယ်လို့သိရပါတယ်။ တရုတ်နိုင်ငံကို အဓိက ထားတင်ပို့နေတယ်လို့ဆိုပါတယ်။


    ရန်ကုန်ဈေးကွက်မှာတော့ ပဲတီစိမ်း (ခရမ်းရွှေဝါ)ကပဲတီစိမ်း(ပဲခူးရွှေဝါ ) ၊ပဲတီစိမ်း(ဝါးခယ်မ)က တို့က ဈေးအပြောင်းအလဲ မရှိပဲ ငြိမ်နေပါတယ်။


    မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း ထိပ်စတွေက ဈေးကွက်မရှိပဲ ပဲတီစိမ်းအညာတွေက တော့တစ်အိတ်ကို ၁၅၀၀၀၀ ကနေ ၁၇၅၀၀၀ပေါက်ဈေးရှိပြီး နေ့စဉ် အဝင် နဲ့ အဝယ်ပေါ်မူတည်ပြီး အတက်အကျ အနည်းငယ်သာရှိနေပါတယ်။


    ပခုက္ကူဈေးကွက်မှာတော့ တစ်တင်းကို ၄၇၀၀၀ ကနေ ၅၅၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၃၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။


    မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၄၃၀၀၀ ကနေ ၅၅၀ ၀၀ပေါက်ဈေးရှိပြီး တစ်တင်းကို ၂၅၀၀ကျပ်ဈေးကျဆင်းသွားပါတယ်။


    ကြက်သွန်နီ


    ကြက်သွန်နီကတော့ ဈေးကွက်ထဲ အဝင်များတဲ့အတွက် ဈေးအတက်အကျ အနည်းငယ်ဖြင့် အရောင်း အဝယ်ဖြစ်နေပါတယ်။နေ့စဉ်ဈေးကွက်ထဲကို ပိဿာချိန် ၁သိန်းအထက်အဝင်ရှိနေတယ်လို့ဆိုပါတယ်။


    ရန်ကုန်ဈေးကွက်မှာတော့ကြက်သွန်နီ(ဆိပ်ဖြူ၊မုံရွာ)က တစ်ပိဿာကို ၁၈၀၀ ကနေ ၂၁၂၅ပေါက်ဈေးရှိနေပါတယ်။


    ပခုက္ကူဈေးကွက်မှာတော့ တစ်ပိဿာကို ၁၇၀၀ ကနေ ၂၀၂၅ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၅ ကျပ်ဈေး တက်လာပါတယ်။



    ကြက်သွန်ဖြူ


    ကြက်သွန်ဖြူ(ရှမ်း)ကတော့ ပြီးခဲ့တဲ့အပတ်ကတည်းက ဈေးမြင့်တက်နေတာ ဖြစ်ပြီး ဒီတစ်ပတ်မှာ လည်း ဆက်ပြီးဈေးမြင့်တက်လာပါတယ်။ဈေးကွက်ထဲကို ပိဿာချိန် ၉၀၀၀ခန့်သာ အဝင်ရှိနေတယ်လို့သိရပါတယ်။


    ရန်ကုန်ဈေးကွက်မှာ ရှမ်းကြက်သွန်ဖြူ တစ်ပိဿာကို ၇၀၀၀ ကနေ ၈၅ ၀၀ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၅၀၀ ကျပ်ဈေးတက်လာပါတယ်။နှစ်ပတ်အတွင်း တစ်ပိဿာကို ၂၅၀၀ ကျပ်ဈေးမြင့်တက်လာခဲ့ပါတယ်။


    မော်လမြိုင်ဈေးကွက်မှာလည်း တစ်ပိဿာကို ၈၅၀၀ ကနေ ၉၅၀၀ ‌ေ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၇၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။


    AMIA

    Exclusive Content For Htwet Toe - ထြက္တိုး

    ----------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးစျေးကွက်သုံးသပ်ချက်သတင်းနှင့် နေ့စဥ်သီးနှံစျေးနှုန်းများကို အချိန်မှီ သိရှိနိုင်ရန် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/




  • article
likes10comments0
views2534